တရုတ္နုိင္ငံကို ဘယ္လိုအင္အားစုမ်ိဳးကမွ မကိုင္လႈပ္နိုင္ဘူးလို႔ သမၼတရိွီက်င္းပင္ေျပာ

ေပက်င္း၊ ေအာက္တိုဘာ-၁-၂၀၁၉

မ်ိဳးဆက္ (VOM)

တရုတ္ျပည္သူ႔သမၼတနိုင္ငံတည္ေထာင္တဲ႔ နွစ္ ၇၀ ျပည္႔အထိမ္းအမွတ္အခမ္းအနားကို တရုတ္နုိင္ငံမွာ အၾကီးအက်ယ္က်င္းပေနၿပီး တရုတ္နိုင္ငံကို ဘယ္လိုအင္အားစုမ်ိဳးကမွ မကိုင္လႈပ္နိုင္ဘူးလို႔ တီယန္မင္ရင္ျပင္မွာ ျပဳလုပ္တဲ႔ စစ္ေရးျပပြဲမွာ သမၼတရိွီက်င္းပင္က ေျပာပါတယ္။

ကြန္ျမဴနစ္တပ္ဖြဲ႔ဝင္ေတြက ေသြးထြက္သံယို ျပည္တြင္းစစ္ကို အနိုင္ရရိွျပီးေနာက္ တရုတ္ျပည္သူ႔ သမၼတနိုင္ငံကို တည္ေထာင္ေၾကာင္း ၁၉၄၉ ခုနွစ္ ေအာက္တိုဘာ ၁ ရက္မွာ ကြန္ျမဴနစ္ပါတီ ဥကၠဌ ေမာ္စီတုန္းက ေၾကညာခဲ႔တာျဖစ္ပါတယ္။ ေခတ္သစ္တရုတ္နိုင္ငံဟာ ထူးကဲတဲ႔ အရိွန္အဟုန္နဲ႔ ဖြံ႔ျဖိဳးတိုးတက္ခ႔ဲျပီးျဖစ္ပါတယ္။ဒါေပမယ္႔လည္း ကမၻာ႔အတင္းၾကပ္ဆံုးနိုင္ငံေတြထဲက တစ္နုိင္ငံအျဖစ္ရိွေနဆဲျဖစ္ပါတယ္။ အေရွ႕ကိုဆက္လက္ခ်ီတက္ေနတဲ႔ တရုတ္ျပည္သူေတြနဲ႔ တရုတ္နုိင္ငံကို ဘယ္လိုအင္အားစုမ်ိဳးကမွ ရပ္တန္႔နိုင္မွာမဟုတ္ဘူးလို႔လည္း မိ္န္႔ခြန္းေျပာၾကားရာမွာ တရုတ္သမၼတက ဆိုပါတယ္။

စစ္ေရးျပပဲြမွာ တပ္ဖြဲ႔၀င္ ၁၅၀၀၀ ၊ စစ္လက္နက္ပစၥည္း ၅၈၀နဲ႔ စစ္ေလယာဥ္ ၁၆၀ ပါဝင္တယ္လို႔ တရုတ္ ကာကြယ္ေရးဝန္ၾကီးဌာနက ထုတ္ျပန္ထားကာ စစ္ေရးျပပြဲမွာ တရုတ္နုိင္ငံရဲ့ စစ္ဘက္နည္းပညာအသစ္ေတြကို အျပည္႔အ၀ျပသခဲ႔ျပီး စစ္ဘက္သံုးတင္႔ကားေတြ ၊ ရဟတ္ယာဥ္ေတြနဲ႔ တရုတ္နိုင္ငံ၏ တိုက္ခ်င္းပစ္ဒံုးပ်ံသစ္ ဒီအက္ဖ္-၄၁ ကိုလည္း ျပသခဲ႔ပါတယ္။

Ref : BBC Photo :AFP

#voiceofmyanmar#ေပက်င္း# တရုတ္နုိင္ငံကိုဘယ္လိုအင္အားစုမ်ိဳးကမွမကိုင္လႈပ္နိုင္ဘူးလို႔#သမၼတရိွီက်င္းပင္ေျပာ#

 

Unicode

တရုတ်နိုင်ငံကို ဘယ်လိုအင်အားစုမျိုးကမှ မကိုင်လှုပ်နိုင်ဘူးလို့ သမ္မတရှီကျင်းပင်ပြော

ပေကျင်း၊ အောက်တိုဘာ-၁-၂၀၁၉
မျိုးဆက် (VOM)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံမှာ အကြီးအကျယ်ကျင်းပနေပြီး တရုတ်နိုင်ငံကို ဘယ်လိုအင်အားစုမျိုးကမှ မကိုင်လှုပ်နိုင်ဘူးလို့ တီယန်မင်ရင်ပြင်မှာ ပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ သမ္မတရှီကျင်းပင်က ပြောပါတယ်။

ကွန်မြူနစ်တပ်ဖွဲ့ဝင်တွေက သွေးထွက်သံယို ပြည်တွင်းစစ်ကို အနိုင်ရရှိပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ကြောင်း ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ကွန်မြူနစ်ပါတီ ဥက္ကဌ မော်စီတုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။ ခေတ်သစ်တရုတ်နိုင်ငံဟာ ထူးကဲတဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်လည်း ကမ္ဘာ့အတင်းကြပ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ အရှေ့ကိုဆက်လက်ချီတက်နေတဲ့ တရုတ်ပြည်သူတွေနဲ့ တရုတ်နိုင်ငံကို ဘယ်လိုအင်အားစုမျိုးကမှ ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့လည်း မိန့်ခွန်းပြောကြားရာမှာ တရုတ်သမ္မတက ဆိုပါတယ်။

စစ်ရေးပြပွဲမှာ တပ်ဖွဲ့ဝင် ၁၅၀၀၀ ၊ စစ်လက်နက်ပစ္စည်း ၅၈၀နဲ့ စစ်လေယာဉ် ၁၆၀ ပါဝင်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကာ စစ်ရေးပြပွဲမှာ တရုတ်နိုင်ငံရဲ့ စစ်ဘက်နည်းပညာအသစ်တွေကို အပြည့်အဝပြသခဲ့ပြီး စစ်ဘက်သုံးတင့်ကားတွေ ၊ ရဟတ်ယာဉ်တွေနဲ့ တရုတ်နိုင်ငံ၏ တိုက်ချင်းပစ်ဒုံးပျံသစ် ဒီအက်ဖ်-၄၁ ကိုလည်း ပြသခဲ့ပါတယ်။

Ref : BBC Photo :AFP
#voiceofmyanmar#ပေကျင်း# တရုတ်နိုင်ငံကိုဘယ်လိုအင်အားစုမျိုးကမှမကိုင်လှုပ်နိုင်ဘူးလို့#သမ္မတရှီကျင်းပင်ပြော#

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW