ဘူးသီးတောင်မြို့နယ် စေတီတောင်စခန်းမှာ ကျည်ကျပြီး မိန်းကလေးတစ်ဦးဒဏ်ရာရ

Unicode

ရသေ့တောင်၊ အောက်တိုဘာ ၄-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ကျည်တွေကျရောက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသူမိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒဏ်ရာရရှိခဲ့သူ မမြသဇင်မှာ ဒုက္ခသည်စခန်းကနေပြီး စေတီတောင်အထကမှ ကျောင်းတက်နေတဲ့ ရှစ်တန်းကျောင်းသူ လေးတစ်ဦး ဖြစ်ပြီးတော့ ၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကျေးရွာအနီးပစ်ခတ်မှုဖြစ်ပွားရာကနေ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

 

“အဲ့ဒီနေ့က သမီးလေးဟာ စာဖတ်ဖို့အတွက် စာအုပ်တွေယူနေတဲ့အချိန် ပစ်သံတွေကြားရပြီးတာနဲ့ အိမ်ခေါင်မိုးတွေမှာ ကျည်တွေကျသံကြားရတယ်။ အောက်ကိုဆင်းပြေးတယ်။ သမီးလေးဝမ်းဗိုက်ကို ကျည်ထိသွားတယ်။”လို့ သူ့အမေ ဒေါ်လှသိန်းခင်ကပြောပါတယ်။

 

အဲ့ဒီပစ်ခတ်မှုဟာ စေတီတောင်ကျေးရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ နွားရုံတောင် ကျေးရွာဘက်က ပစ်ခတ်လိုက်တာဖြစ်ပြီးတော့ အဲ့ဒီမှာ တပ်မတော်တပ်စခန်းတွေရှိနေတာ ကြာပြီဖြစ်ကြောင်းနဲ့ အခုလိုမျိုး မကြာခဏပစ်ခတ်မှုတွေကိုလည်း ကြားနေရတယ်လို့ဆိုပါတယ်။

 

“စေတီတောင်ရွာမှာက ကျွန်တော်တို့ ကျေးရွာ အများအပြားက ရွာသားတွေနေကြတာပါ။ ကလေးတွေလည်း ကျောင်း တက်တာအဲ့ဒီရွာမှာပဲ တက်ကြရတယ်။ ပစ်ခတ်မှုတွေကလည်း နေ့တိုင်းလိုလို ဖြစ်နေတော့ ကျောင်းသွားတက်ရမှာ ကိုလည်းကြောက်ရတယ်။ ပညာသင်ရတာလည်း တော်တော်လေးကို စိုရိမ်တကြီးနဲ့သင်နေကြရတာပါ။”လို့ မမြသဇင်ရဲ့ အစ်ကိုဖြစ်သူ ကိုစိုးလင်းအောင်ကပြောပါတယ်။

 

စေတီတောင်ကျေးရွာမှာ အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ကျေးရွာပေါင်း ၁၀ ကျော်က ကျေးရွာသားတွေ ထွက်ပြေးခိုလှုံနေကြ တာဖြစ်ပါတယ်။ ဒဏ်ရာရရှိခဲ့သူ မမြသဇင် အောက်တိုဘာ ၂ ရက်နေ့ညနေပိုင်းက စေတီတောင် တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေဆေးရုံကို ထပ်မံပို့ဆောင်လိုက်တာဖြစ်ပါတယ်။

 

#voiceofmyanmar #ဘူးသီးတောင် #စေတီတောင် #ကျောင်းသူကျည်ဆံထိ

 

ZAWGYI

ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီေတာင္စခန္းမွာ က်ည္က်ၿပီး မိန္းကေလးတစ္ဦးဒဏ္ရာရ

ရေသ့ေတာင္၊ ေအာက္တုိဘာ ၄-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီေတာင္ေက်းရြာမွာရွိတဲ့ ဒုကၡသည္စခန္းကို ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂ ရက္ေန႔ ညေနပိုင္းက က်ည္ေတြက်ေရာက္ခဲ့ၿပီး အသက္ ၁၄ ႏွစ္အရြယ္ ေက်ာင္းသူမိန္းကေလးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ဒဏ္ရာရရွိခဲ့သူ မျမသဇင္မွာ ဒုကၡသည္စခန္းကေနၿပီး ေစတီေတာင္အထကမွ ေက်ာင္းတက္ေနတဲ့ ရွစ္တန္းေက်ာင္းသူ ေလးတစ္ဦး ျဖစ္ၿပီးေတာ့ ၂ ရက္ေန႔ ညေန ၅ နာရီေလာက္မွာ ေက်းရြာအနီးပစ္ခတ္မႈျဖစ္ပြားရာကေန ဝမ္းဗိုက္ကို က်ည္ထိမွန္ခဲ့တာ ျဖစ္ပါတယ္။

“အဲ့ဒီေန႔က သမီးေလးဟာ စာဖတ္ဖုိ႔အတြက္ စာအုပ္ေတြယူေနတဲ့အခ်ိန္ ပစ္သံေတြၾကားရၿပီးတာနဲ႔ အိမ္ေခါင္မိုးေတြမွာ က်ည္ေတြက်သံၾကားရတယ္။ ေအာက္ကိုဆင္းေျပးတယ္။ သမီးေလးဝမ္းဗိုက္ကို က်ည္ထိသြားတယ္။”လို႔ သူ႔အေမ ေဒၚလွသိန္းခင္္ကေျပာပါတယ္။

အဲ့ဒီပစ္ခတ္မႈဟာ ေစတီေတာင္ေက်းရြာနဲ႔ မုိင္ဝက္ေလာက္ပဲေဝးတဲ့ ေခ်ာင္းတစ္ဖက္ကမ္းမွာရွိတဲ့ ႏြားရံုေတာင္ ေက်းရြာဘက္က ပစ္ခတ္လိုက္တာျဖစ္ၿပီးေတာ့ အဲ့ဒီမွာ တပ္မေတာ္တပ္စခန္းေတြရွိေနတာ ၾကာၿပီျဖစ္ေၾကာင္းနဲ႔ အခုလိုမ်ိဳး မၾကာခဏပစ္ခတ္မႈေတြကိုလည္း ၾကားေနရတယ္လို႔ဆိုပါတယ္။

“ေစတီေတာင္ရြာမွာက ကၽြန္ေတာ္တုိ႔ ေက်းရြာ အမ်ားအျပားက ရြာသားေတြေနၾကတာပါ။ ကေလးေတြလည္း ေက်ာင္း တက္တာအဲ့ဒီရြာမွာပဲ တက္ၾကရတယ္။ ပစ္ခတ္မႈေတြကလည္း ေန႔တုိင္းလိုလို ျဖစ္ေနေတာ့ ေက်ာင္းသြားတက္ရမွာ ကိုလည္းေၾကာက္ရတယ္။ ပညာသင္ရတာလည္း ေတာ္ေတာ္ေလးကို စိုရိမ္တႀကီးနဲ႔သင္ေနၾကရတာပါ။”လို႔ မျမသဇင္ရဲ႕ အစ္ကိုျဖစ္သူ ကိုစိုးလင္းေအာင္ကေျပာပါတယ္။

ေစတီေတာင္ေက်းရြာမွာ အဲ့ဒီအနီးဝန္းက်င္မွာရွိတဲ့ေက်းရြာေပါင္း ၁၀ ေက်ာ္က ေက်းရြာသားေတြ ထြက္ေျပးခိုလႈံေနၾက တာျဖစ္ပါတယ္။ ဒဏ္ရာရရွိခဲ့သူ မျမသဇင္ ေအာက္တုိဘာ ၂ ရက္ေန႔ညေနပို္င္းက ေစတီေတာင္ တိုက္နယ္ေဆးရံုကို ပို႔ေဆာင္ေပးခဲ့ၿပီး ၃ ရက္ေန႔ မနက္ပိုင္းမွာ စစ္ေတြေဆးရံုကို ထပ္မံပို႔ေဆာင္လိုက္တာျဖစ္ပါတယ္။

#voiceofmyanmar #ဘူးသီးေတာင္ #ေစတီေတာင္ #ေက်ာင္းသူက်ည္ဆံထိ

Related posts

Leave a Comment

VOM News

FREE
VIEW