အိႏိၵယမွာ လက္ထပ္ျပီးစ သတို႔သမီးနဲ႔ မိသားစု၀င္သံုးဦး ဆက္ဖ္ဖီဓါတ္ပံုရိုက္ရင္း ေသဆံုး

Zawgyi

ေဒလီ၊ ေအာက္တိုဘာ-၈-၂၀၁၉
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံေတာင္ပိုင္း တမီးလ္နာဒူျပည္နယ္မွာ လက္ထပ္ျပီးစသတို႔သမီးတစ္ဦးနဲ႔ သူမရဲ႕ မိသားစု၀င္သံုးဦးဟာ ေရကာတာတစ္ခုေပၚမွာ ဆက္ဖ္ဖီဓါတ္ပံုရိုက္ကူးဖို႔ ၾကိဳးစားရင္းျပဳတ္က် ေသဆံုးသြားတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

 

လူေျခာက္ဦးပါတဲ႔ သူတို႔အဖြဲ႔ဟာ ေရကာတာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ခ်င္းတြဲျပီး ဓါတ္ပံုရိုက္ဖို႔ ၾကိဳးစားၾကတာျဖစ္ျပီး တစ္ဦးျပဳတ္က်ျပီးေနာက္ တစ္ျခားသူေတြကိုလည္း ဆြဲခ်သလိုျဖစ္ျပီး ေရနစ္ေသဆံုးခဲ႔တာျဖစ္ပါတယ္။

 

သတို႔သမီးရဲ႕ အမ်ိဳးသားကေတာ႔ သူ႔ရဲ႕ ညီမျဖစ္သူကို ကယ္တင္နုိင္ခဲ႔ေပမယ္႔ အျခားသူကေတာ႔ ေရနစ္ေသဆံုးခဲ႔ပါတယ္။ ကမၻာေပၚမွာ အိႏိၵယနုိင္ငံဟာ ဆက္ဖ္ဖီဓါတ္ပုံရိုက္ရင္း ေသဆံုးမႈအျမင္႔ဆံုး နုိင္ငံတစ္နုိင္ငံျဖစ္ပါတယ္။

 

အိႏိၵယနုိင္ငံမွာ ၂၀၁၁ ခုနွစ္နဲ႔ ၂၀၁၇ ခုနွစ္အၾကား မေတာ္တဆေသဆံုးမႈ ၂၅၉ ခုရဲ႔ တစ္၀က္က ဆက္ဖ္္ဖီဓါတ္ပံုရိုက္ရင္း ေသဆံုးခဲ႔တယ္လို႔ အေမရိကန္အမ်ိဳးသားစာၾကည္႔တိုက္ ေဆးပညာဌာနရဲ႕ ေလ႔လာမႈတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ အိႏိၵယနိုင္ငံျပီးရင္ ရုရွား၊ အေမရိကန္နဲ႔ ပါကစၥတန္နုိင္ငံတိုဟာ ဆက္ဖ္ဖီဓါတ္ပံုရိုက္ရင္း ေသဆံုးမႈအမ်ားဆံုးနိုင္ငံေတြျဖစ္ၾကပါတယ္။

 

၂၀၁၇ ခုနွစ္ကလည္း ေက်ာင္းသားေလးဦး ဆက္ဖ္ဖီရိုက္ရင္းေသဆံုးျပီးေနာက္ ဆက္ဖ္ဖီဓါတ္ပံုရိုက္ျခင္းဟာ အသက္ေသေစနုိင္ေၾကာင္း ျပည္သူေတြကို သတိေပးတဲ႔ လႈပ္ရွားမႈကို အိႏိၵယနုိင္ငံ ကာနာတာကာျပည္နယ္မွာ ျပဳလုပ္ခဲ႔ပါတယ္။

Ref : BBC
Photo : Getty Images

#voiceofmyanmar #ဆက္ဖီ #အိႏိၵယ

Unicode

အိန္ဒိယမှာ လက်ထပ်ပြီးစ သတို့သမီးနဲ့ မိသားစုဝင်သုံးဦး ဆက်ဖ်ဖီဓါတ်ပုံရိုက်ရင်း သေဆုံး

ဒေလီ၊ အောက်တိုဘာ-၈-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်မှာ လက်ထပ်ပြီးစသတို့သမီးတစ်ဦးနဲ့ သူမရဲ့ မိသားစုဝင်သုံးဦးဟာ ရေကာတာတစ်ခုပေါ်မှာ ဆက်ဖ်ဖီဓါတ်ပုံရိုက်ကူးဖို့ ကြိုးစားရင်းပြုတ်ကျ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူခြောက်ဦးပါတဲ့ သူတို့အဖွဲ့ဟာ ရေကာတာမှာ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းတွဲပြီး ဓါတ်ပုံရိုက်ဖို့ ကြိုးစားကြတာဖြစ်ပြီး တစ်ဦးပြုတ်ကျပြီးနောက် တစ်ခြားသူတွေကိုလည်း ဆွဲချသလိုဖြစ်ပြီး ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

သတို့သမီးရဲ့ အမျိုးသားကတော့ သူ့ရဲ့ ညီမဖြစ်သူကို ကယ်တင်နိုင်ခဲ့ပေမယ့် အခြားသူကတော့ ရေနစ်သေဆုံးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အိန္ဒိယနိုင်ငံဟာ ဆက်ဖ်ဖီဓါတ်ပုံရိုက်ရင်း သေဆုံးမှုအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား မတော်တဆသေဆုံးမှု ၂၅၉ ခုရဲ့ တစ်ဝက်က ဆက်ဖ်ဖီဓါတ်ပုံရိုက်ရင်း သေဆုံးခဲ့တယ်လို့ အမေရိကန်အမျိုးသားစာကြည့်တိုက် ဆေးပညာဌာနရဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံပြီးရင် ရုရှား၊ အမေရိကန်နဲ့ ပါကစ္စတန်နိုင်ငံတိုဟာ ဆက်ဖ်ဖီဓါတ်ပုံရိုက်ရင်း သေဆုံးမှုအများဆုံးနိုင်ငံတွေဖြစ်ကြပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ကျောင်းသားလေးဦး ဆက်ဖ်ဖီရိုက်ရင်းသေဆုံးပြီးနောက် ဆက်ဖ်ဖီဓါတ်ပုံရိုက်ခြင်းဟာ အသက်သေစေနိုင်ကြောင်း ပြည်သူတွေကို သတိပေးတဲ့ လှုပ်ရှားမှုကို အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

Ref : BBC
Photo : Getty Images

#voiceofmyanmar #ဆက်ဖီ #အိန္ဒိယ

Related posts

Leave a Comment

VOM News

FREE
VIEW