ဘဂၤလားေဒ႔ရွ္မွာ အစိုးရေ၀ဖန္သူတစ္ဦးအသတ္ခံရလို႔ ေက်ာင္းသားေတြ ဆႏၵျပ

ဒါကာ၊ ေအာက္တိုဘာ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နိုင္ငံရဲ႕ အျမင္႔ဆံုးတကၠသိုလ္ေတြထဲက တစ္ခုမွာ ဘြဲ႔ၾကိဳေက်ာင္းသားတစ္ဦးအသတ္ခံရျပီးေနာက္ နုိင္ငံတစ္၀န္းက ေက်ာင္းသားေတြ ဆႏၵျပေနၾကပါတယ္။

အသတ္ခံခဲ႔ရတဲ႔ အသက္ ၂၁ နွစ္အရြယ္ အာဘာရာဖာဟဒ္ဟာ လူမႈကြန္ရက္မွာ အစိုးရကို ေ၀ဖန္တဲ႔ မွတ္ခ်က္ျပဳေျပာဆိုတာေတြ တင္ျပီးေနာက္ရက္အနည္းငယ္အၾကာမွာ အေဆာင္တစ္ခုအတြင္း သူ႔ရဲ႕အေလာင္းကို ေတြ႔ရိွခ႔ဲတာျဖစ္ပါတယ္။

အာဘာရာဖာဟဒ္ ေသဆံုးမႈနဲ႔ ပတ္သက္ျပီး အာဏာရ အ၀ါမီအဖြဲ႔ခ်ဳပ္ကို ေထာက္ခံတဲ႔ ေက်ာင္းသားအခ်ိဳ႕ကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ အဲဒီ လူသတ္မႈျဖစ္စဥ္ဟာ ဘဂၤလားေဒ႔ရွ္နုိင္ငံမွာ အထိတ္တလန္႕ျဖစ္ေစခဲ႔ျပီး အမ်ားျပည္သူ တကၠသိုလ္ေတြမွာ အၾကမ္းဖက္လုပ္ရပ္မ်ားရိွေနတယ္ဆိုတာကို မီးေမာင္းထိုးျပခဲ႔ တာျဖစ္ပါတယ္။

အ၀ါမီလစ္အဖြဲ႔ခ်ဳပ္ကို ေထာက္ခံတဲ႔ ဘီစီအယ္လ္အဖြဲ႔မွ ေက်ာင္းသားေတြဟာ အျခား ေက်ာင္းသားေတြအေပၚ နွိပ္စက္ညွင္းပန္းတာမ်ိုး၊ ေငြညွစ္တာမ်ိဳးေတြ လုပ္ေဆာင္ခဲ႔တယ္ဆိုတဲ႔ စြပ္စြဲခ်က္ေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနပါတယ္။

အာဘာရာဖာဟဒ္ အသတ္ခံရျခင္းနဲ႔ ပတ္သက္ျပီး တရားမွ်တမႈရိွဖို႔ လုပ္ေဆာင္မယ္လို႔ ဘဂၤလားေဒ႔ရွ္အစိုးရက ကတိျပဳထားပါတယ္။ ေသဆံုးသူရဲ႕ အေလာင္းကို ျမိဳ႕ေတာ္ဒါကာရိွ အင္ဂ်င္နီယာနဲ႔ နည္းပညာတကၠသိုလ္မွာ ေအာက္တိုဘာ ၆ ရက္က ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

Ref : BBC
Photo : AFP

#voiceofmyanmar #ဘဂၤလားေဒရွ္ #အစိုုးရေဝဖန္တဲ႕တကၠသိုုလ္ေက်ာင္းသားသတ္ခံရ

Unicode

ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဝေဖန်သူတစ်ဦးအသတ်ခံရလို့ ကျောင်းသားတွေ ဆန္ဒပြ

ဒါကာ၊ အောက်တိုဘာ-၉-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမြင့်ဆုံးတက္ကသိုလ်တွေထဲက တစ်ခုမှာ ဘွဲ့ကြိုကျောင်းသားတစ်ဦးအသတ်ခံရပြီးနောက် နိုင်ငံတစ်ဝန်းက ကျောင်းသားတွေ ဆန္ဒပြနေကြပါတယ်။

အသတ်ခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် အာဘာရာဖာဟဒ်ဟာ လူမှုကွန်ရက်မှာ အစိုးရကို ဝေဖန်တဲ့ မှတ်ချက်ပြုပြောဆိုတာတွေ တင်ပြီးနောက်ရက်အနည်းငယ်အကြာမှာ အဆောင်တစ်ခုအတွင်း သူ့ရဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အာဘာရာဖာဟဒ် သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဏာရ အဝါမီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ ကျောင်းသားအချို့ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒီ လူသတ်မှုဖြစ်စဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထိတ်တလန့်ဖြစ်စေခဲ့ပြီး အများပြည်သူ တက္ကသိုလ်တွေမှာ အကြမ်းဖက်လုပ်ရပ်များရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ တာဖြစ်ပါတယ်။

အဝါမီလစ်အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ဘီစီအယ်လ်အဖွဲ့မှ ကျောင်းသားတွေဟာ အခြား ကျောင်းသားတွေအပေါ် နှိပ်စက်ညှင်းပန်းတာမျိုး၊ ငွေညှစ်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

အာဘာရာဖာဟဒ် အသတ်ခံရခြင်းနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိဖို့ လုပ်ဆောင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကတိပြုထားပါတယ်။ သေဆုံးသူရဲ့ အလောင်းကို မြို့တော်ဒါကာရှိ အင်ဂျင်နီယာနဲ့ နည်းပညာတက္ကသိုလ်မှာ အောက်တိုဘာ ၆ ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo : AFP

#voiceofmyanmar #ဘင်္ဂလားဒေရှ် #အစိုးရဝေဖန်တဲ့တက္ကသိုလ်ကျောင်းသားသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW