ရန္ပံုေငြမလံုေလာက္မႈေၾကာင္႔ ကုလသမဂၢ၀န္ထမ္းေတြကို လစာေပးဖို႔အခက္အခဲၾကံဳေန

ကုလသမဂၢ၊ ေအာက္တိုဘာ-၉-၂၀၁၉
မ်ိဳးဆက္ (VOM)

 

အဖြဲ႔၀င္နိုင္ငံေတြအေနန႔ဲ သတ္မွတ္နႈန္းထားအတိုင္း ထည္႔၀င္ရမယ္႔ ရန္ပံုေငြေတြကို မထည္႔၀င္ဘူးဆိုရင္ ကုလသမဂၢမွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ ၀န္ထမ္းေတြအတြက္ နို၀င္ဘာလအတြက္ လစာကိုေပးေခ်ဖို႔ ေငြေၾကးမလံုေလာက္ဘူးလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ေအာက္တိုဘာ ၈ ရက္မွာ သတိေပးေျပာဆိုလိုက္ပါတယ္။

 

ဇန္န၀ါရီလကတည္းက အသံုးစရိတ္ျဖတ္ေတာက္မႈေတြကို မလုပ္ခဲ႔ဘူးဆိုရင္ ေထာက္ပံ႕မႈေတြလုပ္ဖို႔ ေငြထြက္လာမွာမဟုတ္ေၾကာင္း ျပီးခဲ႔တဲ႔လ ကမၻာ႔ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုရာမွာ ေျပာၾကားခဲ႔တယ္လို႔ အဖြဲ႔၀င္ ၁၉၃ နိုင္ငံပါ၀င္တဲ႔ ဘက္ဂ်က္ေကာ္မတီအစည္းအေ၀းမွာ ဂူတာရက္စ္က ေျပာပါတယ္။

 

ေအာက္တိုဘာလဟာ ဆယ္စုနွစ္အတြင္း အဆုိးရြားဆံုး လိုေငြျပမႈျဖစ္ေပၚေနျပီး ေနာက္လာမွာေတာ႔ ၀န္ထမ္းေတြကို လုပ္ခလစာမ်ားေပးေခ်ဖို႔ ရန္ပံုေငြရိွမွာမဟုတ္ေၾကာင္းနဲ႔ ကုလသမဂၢရဲ႔ လုပ္ငန္းေဆာင္ေတာေတြနဲ႔ ေထာက္ပံ႕ေရးလုပ္ငန္းေတြအတြက္ အႏၱရယ္ရိွေနျပီးလို႔ သူက သတိေပးေျပာဆိုပါတယ္။

 

ကုလသမဂၢရဲ႕ နိုင္ငံေရး၊ လူသားခ်င္းစာနာေထာက္ထားမႈ၊ လက္နက္ဖ်က္သိမ္းေရး၊ စီးပြားေရး၊ လူမႈေရးနဲ႔ ဆက္သြယ္ေရးဆိုင္ရာ ကိစၥရပ္ေတြအတြက္ ၂၀၁၉ ခုနွစ္ပံုမွန္ ရန္ပံုေငြရဲ႕ ၂၂ ရာခိုင္နႈန္းကို အေမရိကန္က အမ်ားဆံုးထည္႔၀င္ထားတာျဖစ္ပါတယ္။

 

ဒါေပမယ္႔ အေမရိကန္ဟာ ကုလသမဂရဲ႕ ၂၀၁၉ ခုနွစ္ပုံမွန္ဘက္ဂ်က္အတြက္ အေရးေပၚရန္ပံုေငြ ေဒၚလာ ၃၈၁ သန္းနဲ႔ ႔ ပံုမွန္ရန္ပံုေငြ ေဒၚလာ ၆၇၄ သန္း ထည္႔၀င္ဖို႔ က်န္ရိွေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ျပီး ကုလသမဂၢဆုိင္ရာ အေမရိကန္ကိုယ္စားလွယ္အဖြဲ႔က အတည္ျပဳထားပါတယ္။ ထည္႔၀င္ဖို႔ က်န္ရိွေနတဲ႔ ရန္ပံုေငြေတြကိုေတာ႔ ဘယ္အခ်ိန္မွာ ထည္႔၀င္သြားမယ္ဆိုတာကို ေျပာဆိုတာမ်ိဳးမရိွပါဘူး။

ကုလသမဂၢရန္ပံုေငြအတြက္ လက္ရိွအခ်ိန္ထိ နိုင္ငံေပါင္း ၁၂၉ နိုင္ငံက ၇၀ ရာခိုင္ႏႈန္းသာ ရန္ပံုေငြထည္႔၀င္ထားျပီး ေငြပမာဏမွာ ေဒၚလာ ၂ ဘီလီယံနီးပါးရိွတယ္လို႔ ကုလေျပာေရးဆိုခြင္႔ရိွသူ စတီဖန္ဒူဂ်ာရစ္က ထုတ္ေဖာ္ေျပာဆို ပါတယ္။

ဒီလို အသံုးစရိတ္ ရန္ပံုေငြမလံုေလာက္မႈကို ေျဖရွင္းဖို႔အတြက္ ကုလသမဂၢမွာလစ္လပ္ရာထူးမ်ားကို ထပ္ျပီးမခန္႔တာမ်ိဳး၊ မျဖစ္မေနမွသာ ခရီးသြားလာျခင္းကို ခြင္႔ျပဳတာမ်ိဳးနဲ႔ အခ်ိဳ႔ေသာ ေဆြးေႏြးပြဲေတြကို ဖ်က္သိမ္းတာ သို႔မဟုတ္ ေရႊ႕ဆိုင္းတာမ်ိဳးေတြကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ဂူတာရက္စ္က ျပီးခဲ႔တဲ႔လမွာ လုပ္ေဆာင္ခဲ႔ပါတယ္။

Ref : Reuters
Photo : AFP

#voiceofmyanmar #UN #ကုုလသမဂၢ

 

Unicode

ရန်ပုံငွေမလုံလောက်မှုကြောင့် ကုလသမဂ္ဂဝန်ထမ်းတွေကို လစာပေးဖို့အခက်အခဲကြုံနေ

ကုလသမဂ္ဂ၊ အောက်တိုဘာ-၉-၂၀၁၉
မျိုးဆက် (VOM)

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သတ်မှတ်နှုန်းထားအတိုင်း ထည့်ဝင်ရမယ့် ရန်ပုံငွေတွေကို မထည့်ဝင်ဘူးဆိုရင် ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် နိုဝင်ဘာလအတွက် လစာကိုပေးချေဖို့ ငွေကြေးမလုံလောက်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၈ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလကတည်းက အသုံးစရိတ်ဖြတ်တောက်မှုတွေကို မလုပ်ခဲ့ဘူးဆိုရင် ထောက်ပံ့မှုတွေလုပ်ဖို့ ငွေထွက်လာမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့လ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ဘက်ဂျက်ကော်မတီအစည်းအဝေးမှာ ဂူတာရက်စ်က ပြောပါတယ်။

အောက်တိုဘာလဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး လိုငွေပြမှုဖြစ်ပေါ်နေပြီး နောက်လာမှာတော့ ဝန်ထမ်းတွေကို လုပ်ခလစာများပေးချေဖို့ ရန်ပုံငွေရှိမှာမဟုတ်ကြောင်းနဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တောတွေနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေအတွက် အန္တရယ်ရှိနေပြီးလို့ သူက သတိပေးပြောဆိုပါတယ်။

ကုလသမဂ္ဂရဲ့ နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လက်နက်ဖျက်သိမ်းရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ၂၀၁၉ ခုနှစ်ပုံမှန် ရန်ပုံငွေရဲ့ ၂၂ ရာခိုင်နှုန်းကို အမေရိကန်က အများဆုံးထည့်ဝင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ဟာ ကုလသမဂရဲ့ ၂၀၁၉ ခုနှစ်ပုံမှန်ဘက်ဂျက်အတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၃၈၁ သန်းနဲ့ ပုံမှန်ရန်ပုံငွေ ဒေါ်လာ ၆၇၄ သန်း ထည့်ဝင်ဖို့ ကျန်ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အတည်ပြုထားပါတယ်။ ထည့်ဝင်ဖို့ ကျန်ရှိနေတဲ့ ရန်ပုံငွေတွေကိုတော့ ဘယ်အချိန်မှာ ထည့်ဝင်သွားမယ်ဆိုတာကို ပြောဆိုတာမျိုးမရှိပါဘူး။

ကုလသမဂ္ဂရန်ပုံငွေအတွက် လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၂၉ နိုင်ငံက ၇၀ ရာခိုင်နှုန်းသာ ရန်ပုံငွေထည့်ဝင်ထားပြီး ငွေပမာဏမှာ ဒေါ်လာ ၂ ဘီလီယံနီးပါးရှိတယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ထုတ်ဖော်ပြောဆို ပါတယ်။

ဒီလို အသုံးစရိတ် ရန်ပုံငွေမလုံလောက်မှုကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂမှာလစ်လပ်ရာထူးများကို ထပ်ပြီးမခန့်တာမျိုး၊ မဖြစ်မနေမှသာ ခရီးသွားလာခြင်းကို ခွင့်ပြုတာမျိုးနဲ့ အချို့သော ဆွေးနွေးပွဲတွေကို ဖျက်သိမ်းတာ သို့မဟုတ် ရွှေ့ဆိုင်းတာမျိုးတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြီးခဲ့တဲ့လမှာ လုပ်ဆောင်ခဲ့ပါတယ်။

Ref : Reuters
Photo : AFP

#voiceofmyanmar #UN #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW