ေက်ာက္တန္းေက်းရြာမွာတုိက္ပြဲျပင္းထန္ ေသဆံုုးရြာသားႏွစ္ဦးေသဆံုး သၿဂၤဳလ္ဖုိ႔အခက္အခဲရွိေန

ရေသ့ေတာင္၊ ေအာက္တုိဘာ ၁၀-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ယခုရက္ပိုင္းအတြင္း တိုက္ပြဲေတြျပင္းျပင္းထန္ထန္ျဖစ္ပြားေနၾကၿပီး မေန႔ကတိုက္ပြဲအတြင္းမွာ ေက်ာက္တန္းေက်းရြာက အဖြားႀကီးတစ္ဦးနဲ႔ ကေလးတစ္ဦး ထိခိုက္ေသဆံုးခဲ့ရပါတယ္။

ေသဆံုးသြားခဲ့သူေတြထဲဲမွာ အသက္ ၇၀ ေက်ာ္အရြယ္ ေက်ာက္တန္းေက်းရြာက ေဒၚစံဝင္းျဖဴနဲ႔ အသက္ ၁၇ ႏွစ္အရြယ္ ေမာင္ေအာင္ႏုိင္တုိ႔ျဖစ္ၾကၿပီး ေဒၚစံဝင္းျဖဳမွာ လက္နက္ႀကီးပစ္ခတ္မႈေတြေၾကာင့္ ထိတ္လန္႔ေသဆံုးခဲ့ရတာျဖစ္ေၾကာင္းနဲ႔ ေမာင္ေအာင္ႏုိင္မွာ လက္နက္ႀကီးက်ည္စထိၿပီး ေသဆံုးသြားခဲ့တာျဖစ္တယ္လို႔ ေက်းရြာသားေတြကေျပာပါတယ္။

“မေန႔ကတိုက္ပြဲမွာ ရြာမွာ တပ္ကပစ္ခတ္ေနတဲ့အတြက္ လက္နက္ႀကီးသံေတြေၾကာင့္ အဘြာႀကီးတစ္ေယာက္ လန္႔ၿပီးေတာ့ေသဆံုးသြားတယ္။ ေနာက္ၿပီးေတာ့ အသက္ ၁၇ ႏွစ္အရြယ္ ေနမေကာင္းျဖစ္ေနတဲ့ ကေလးတစ္ေယာက္လည္း က်ည္ထိၿပီး ေသဆံုးသြားတယ္။”လို႔ ေက်ာက္တန္းေက်းရြာ အမ်ိဳးသမီးတစ္ဦးကေျပာပါတယ္။

လပ္ရွိမွာေတာ့ ေက်ာက္တန္းေက်းရြာသားေတြဟာ ေက်းရြာအတြင္းကို တပ္မေတာ္ေရာက္ရွိလာခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ ၄ ရက္ေန႔ကေန အနီးဝန္းက်င္ေက်းရြာေတြကို ထြက္ေျပးခိုလံုေနၾကတာျဖစ္ၿပီး အသက္ႀကီးပိုင္းေတြနဲ႔ ေနမေကာင္းျဖစ္ေနသူေတြပဲ ရြာမွာက်န္ေနခဲ့ၾကတာျဖစ္တယ္လို႔ ရြာသားတစ္ဦးကေျပာပါတယ္။

အဲ့ဒီေသဆံုးခဲ့ရသူေတြဟာ ေက်းရြာအတြင္းတပ္မေတာ္က တပ္စြဲထားတာေၾကာင့္ လက္နက္ႀကီးပစ္ခတ္မႈေတြရွိေနၿပီးေတာ့ မေန႔ကတစ္ညလံုးတိုက္ပြဲေတြျဖစ္ပြားခဲ့ၾကတဲ့အခ်ိန္မွာ ေသဆံုးခဲ့ရတာျဖစ္တယ္လို႔ဆိုပါတယ္။

“ကၽြန္ေတာ္တုိ႔ တပ္္မေတာ္က အဲ့ဒီေက်ာက္တန္းရြာမွာ မရွိဘူး။ အဲ့ဒီေနရာမွာ တိုက္ပြဲျဖစ္တာလည္းမရွိဘူး။ ေအေအက ပစ္ခတ္ခဲ့တာျဖစ္တယ္။”လို႔ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကေျပာပါတယ္။

လက္ရွိမွာ အဲ့ဒီေက်းရြာနဲ႔ စာသင္ေက်ာင္းေဆာင္ေတြမွာ တပ္မေတာ္ကတပ္စြဲထားတာေၾကာင့္ မိသားစုေတြနဲ႔ ရြာသားေတြဟာ ေက်ာက္တန္းရြာကိုမသြားရဲၾကတဲ့အတြက္ ေသဆံုးသူေတြရဲ႕အေလာင္းေတြကို သၿဂိဳလ္ဖုိ႔ အခက္အခဲရွိေနတာျဖစ္ပါတယ္။

“အေမဆံုးတယ္ဆိုတာကို ရြာမွာက်န္ခဲ့သူေတြက အေၾကာင္းၾကားလို႔သိရတာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔က မသြားရဲဘူး။ စစ္တပ္ကရွိေနေတာ့ ဖမ္းမွာဆီးမွာကိုလည္းေၾကာက္တယ္။ တစ္ရြာလံုးထြက္ေျပးေနၾကတာပါ။”လို႔ ေဒၚစံဝင္းျဖဴရဲ႕သား ဦးစံလိႈင္ကေျပာပါတယ္။

ဒါ့အျပင္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ အခုရက္ပုိင္းအတြင္း တိုက္ပြဲျဖစ္ပြားမႈေတြရွိေနၿပီး ေက်းရြာသားေတြထြက္ေျပးေနၾကရသလို တခ်ိဳ႕ထြက္ေျပးသြားခဲ့ၾကတဲ့ ေက်းရြာေတြမွာ မီးေလာင္မႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

#voiceofmyanmar #ေက်ာက္တန္း #ရေသ႕ေတာင္ #ရခိုုင္တုုိက္ပြဲ

Unicode

ကျောက်တန်းကျေးရွာမှာတိုက်ပွဲပြင်းထန် သေဆုံးရွာသားနှစ်ဦးသေဆုံး သြင်္ဂုလ်ဖို့အခက်အခဲရှိနေ

ရသေ့တောင်၊ အောက်တိုဘာ ၁၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြပြီး မနေ့ကတိုက်ပွဲအတွင်းမှာ ကျောက်တန်းကျေးရွာက အဖွားကြီးတစ်ဦးနဲ့ ကလေးတစ်ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

သေဆုံးသွားခဲ့သူတွေထဲမှာ အသက် ၇၀ ကျော်အရွယ် ကျောက်တန်းကျေးရွာက ဒေါ်စံဝင်းဖြူနဲ့ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်တို့ဖြစ်ကြပြီး ဒေါ်စံဝင်းဖြုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိတ်လန့်သေဆုံးခဲ့ရတာဖြစ်ကြောင်းနဲ့ မောင်အောင်နိုင်မှာ လက်နက်ကြီးကျည်စထိပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

“မနေ့ကတိုက်ပွဲမှာ ရွာမှာ တပ်ကပစ်ခတ်နေတဲ့အတွက် လက်နက်ကြီးသံတွေကြောင့် အဘွာကြီးတစ်ယောက် လန့်ပြီးတော့သေဆုံးသွားတယ်။ နောက်ပြီးတော့ အသက် ၁၇ နှစ်အရွယ် နေမကောင်းဖြစ်နေတဲ့ ကလေးတစ်ယောက်လည်း ကျည်ထိပြီး သေဆုံးသွားတယ်။”လို့ ကျောက်တန်းကျေးရွာ အမျိုးသမီးတစ်ဦးကပြောပါတယ်။

လပ်ရှိမှာတော့ ကျောက်တန်းကျေးရွာသားတွေဟာ ကျေးရွာအတွင်းကို တပ်မတော်ရောက်ရှိလာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၄ ရက်နေ့ကနေ အနီးဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးခိုလုံနေကြတာဖြစ်ပြီး အသက်ကြီးပိုင်းတွေနဲ့ နေမကောင်းဖြစ်နေသူတွေပဲ ရွာမှာကျန်နေခဲ့ကြတာဖြစ်တယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီသေဆုံးခဲ့ရသူတွေဟာ ကျေးရွာအတွင်းတပ်မတော်က တပ်စွဲထားတာကြောင့် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီးတော့ မနေ့ကတစ်ညလုံးတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတဲ့အချိန်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ တပ်မတော်က အဲ့ဒီကျောက်တန်းရွာမှာ မရှိဘူး။ အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အေအေက ပစ်ခတ်ခဲ့တာဖြစ်တယ်။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

လက်ရှိမှာ အဲ့ဒီကျေးရွာနဲ့ စာသင်ကျောင်းဆောင်တွေမှာ တပ်မတော်ကတပ်စွဲထားတာကြောင့် မိသားစုတွေနဲ့ ရွာသားတွေဟာ ကျောက်တန်းရွာကိုမသွားရဲကြတဲ့အတွက် သေဆုံးသူတွေရဲ့အလောင်းတွေကို သဂြိုလ်ဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။

“အမေဆုံးတယ်ဆိုတာကို ရွာမှာကျန်ခဲ့သူတွေက အကြောင်းကြားလို့သိရတာပါ။ ဒါပေမယ့် ကျွန်တော်တို့က မသွားရဲဘူး။ စစ်တပ်ကရှိနေတော့ ဖမ်းမှာဆီးမှာကိုလည်းကြောက်တယ်။ တစ်ရွာလုံးထွက်ပြေးနေကြတာပါ။”လို့ ဒေါ်စံဝင်းဖြူရဲ့သား ဦးစံလှိုင်ကပြောပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး ကျေးရွာသားတွေထွက်ပြေးနေကြရသလို တချို့ထွက်ပြေးသွားခဲ့ကြတဲ့ ကျေးရွာတွေမှာ မီးလောင်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #ကျောက်တန်း #ရသေ့တောင် #ရခိုင်တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW