ဌာနဆိုင္ရာမ်ား သတင္းစာရွင္းလင္းပြဲ‌လုပ္ရင္ တိုင္းအစိုးရအဖြဲ႕ထံသို႔ တင္ျပခြင့္ျပဳခ်က္ေတာင္းရန္ မႏၱေလးတိုင္းအစိုးရအဖြဲ႔ၫြန္ၾကား

မႏၲေလး၊ေအာက္တိုဘာ ၁၀-၂၀၁၉
Voice Of Myanmar

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕လက္‌ေအာက္မွာရိွတဲ့ တိုင္းေဒသႀကီး၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာေတြ အေနနဲ႔ မီဒီယာမ်ားအား ေတြ႔ဆံုရွင္းလင္းပြဲလုပ္မယ္ဆိုရင္ တိုင္းအစိုးရအဖြဲ႕ထံကို တင္ျပခြင့္ျပဳခ်က္ ရယူဖို႔ တရား၀င္ၫြန္ၾကားစာထုတ္ျပန္ခဲ့ပါတယ္။

စက္တင္ဘာ ၂၈ရက္ေန႔က မႏၲေလးၿမိဳ႕လူငယ္သင္တန္းေက်ာင္းမွာ ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်း႐ြာက ‌၉တန္းေက်ာင္းသား ေမာင္တူးေဝယံဟာ လူငယ္သင္တန္းေက်ာင္းမွာႏွိပ္စက္ခံရတယ္လို႔ သတင္းေတြထြက္ေပၚခဲ့တဲ့အေပၚ လူငယ္သင္တန္းေက်ာင္းတာ၀န္ရွိသူေတြက မီဒီယာေတြနဲ႔ေတြ႕ဆုံရွင္းလင္းပြဲျပဳလုပ္ခဲ့တာကို တိုင္းအစိုးရထံ အေၾကာင္းၾကားျခင္းမရွိတဲ့အတြက္ ခုလိုၫြန္ၾကားစာ ထုတ္ျပန္ရျခင္းျဖစ္တယ္လို႔ အဲ့ဒီထုတ္ျပန္တဲ့ၫြန္ၾကားစာမွာ ေဖာ္ျပထားပါတယ္။

အခုလိုၫြန္ၾကားစာထုတ္ျပန္ထားတဲ့အတြက္ မႏၲေလးလူငယ္သင္တန္းေက်ာင္းက တာ၀န္ရွိသူတစ္ဦးကို ေမးျမန္းဆက္သြယ္ၾကည့္ရာ ” လူငယ္သင္တန္းေက်ာင္းကို ေမာင္တူးေဝယံနဲ႔ ပက္သက္ၿပီး တိုင္းအစိုးရအေနနဲ႔ေရာ ေနျပည္ေတာ္ကေရာ ဘာမွ ၫြန္ၾကားခ်က္မ၀င္ထားေသးပါဘူး၊ တူးေဝယံကိုလည္း ‌အရင္တစ္ေန႔က ေဆးစစ္ရင္းနဲ႔ ေမြးရာပါ ႏွလုံးအေပါက္‌ပါတယ္ဆိုလို႔ ေဆးကုသေပးေနပါတယ္”လို႔ ေျပာပါတယ္။

အမည္မေဖာ္လိုတဲ့ ဌာနဆိုင္ရာအရာရိွၾကီးတစ္ဦးကေတာ့ “၂၀၁၅ ေရွ႕ပိုုင္းကိုုေတာ့မေျပာခ်င္ေပမယ့္ ၂၀၁၅ ေရြးေကာက္ပြဲနဲ႕တက္လာတဲ႕ ဒီမိုုကေရစီအစိုုးရလက္ထက္မွာ ခုုလိုုကန္႕သတ္လာတာဟာ မျဖစ္သင့္ပါဘူး၊ တခ်ိဳ႕ကိစၥေတြက အျမန္ေျဖရွင္းမွ ေျပလည္သြားတာမ်ိဳးရွိပါတယ္။ အထက္အဆင့္ဆင့္ကိုုတင္ျပျပန္ေတာ့လည္း ျပန္က်လာတဲ႕စာက ဥပေဒအတုုိင္းေဆာင္ရြက္ပါဆိုုေတာ့ က်ေနာ္တုုိ႕ လုုပ္ရကိုုင္ရ က်ပ္သြားေစမယ့္ ညြန္ၾကားစာလုုိ႕ ” ဆိုုပါတယ္။

တိုင္းအစိုးရအဖြဲ႕ရဲ႕ ၫြန္ၾကားစာမွာလည္း မႏၲေလးလူငယ္သင္တန္းေက်ာင္းက ကိစၥရပ္လိုမ်ိဳး မျဖစ္ပြားေစရန္ နဲ႔ ၫြန္ၾကားစာကိုလည္း သိရွိ လိုက္နာေဆာင္႐ြက္သြားရန္ ၫြန္ၾကားခဲ့ျခင္းျဖစ္တယ္လို႔ ပါရိွပါတယ္။

#voiceofmyanmar#မႏၱေလးတိုင္းအစိုးရ#ဌာနဆိုင္ရာမ်ား#သတင္းစာရွင္းလင္းပြဲ‌#မီဒီယာ#

Unicode

ဌာနဆိုင်ရာများ သတင်းစာရှင်းလင်းပွဲ‌လုပ်ရင် တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက်တောင်းရန် မန္တလေးတိုင်းအစိုးရအဖွဲ့ညွန်ကြား

မန္တလေး၊အောက်တိုဘာ ၁၀-၂၀၁၉
Voice Of Myanmar

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လက်‌အောက်မှာရှိတဲ့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ အနေနဲ့ မီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲလုပ်မယ်ဆိုရင် တိုင်းအစိုးရအဖွဲ့ထံကို တင်ပြခွင့်ပြုချက် ရယူဖို့ တရားဝင်ညွန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၈ရက်နေ့က မန္တလေးမြို့လူငယ်သင်တန်းကျောင်းမှာ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ‌၉တန်းကျောင်းသား မောင်တူးဝေယံဟာ လူငယ်သင်တန်းကျောင်းမှာနှိပ်စက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အပေါ် လူငယ်သင်တန်းကျောင်းတာဝန်ရှိသူတွေက မီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့တာကို တိုင်းအစိုးရထံ အကြောင်းကြားခြင်းမရှိတဲ့အတွက် ခုလိုညွန်ကြားစာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်တဲ့ညွန်ကြားစာမှာ ဖော်ပြထားပါတယ်။

အခုလိုညွန်ကြားစာထုတ်ပြန်ထားတဲ့အတွက် မန္တလေးလူငယ်သင်တန်းကျောင်းက တာဝန်ရှိသူတစ်ဦးကို မေးမြန်းဆက်သွယ်ကြည့်ရာ ” လူငယ်သင်တန်းကျောင်းကို မောင်တူးဝေယံနဲ့ ပက်သက်ပြီး တိုင်းအစိုးရအနေနဲ့ရော နေပြည်တော်ကရော ဘာမှ ညွန်ကြားချက်မဝင်ထားသေးပါဘူး၊ တူးဝေယံကိုလည်း ‌အရင်တစ်နေ့က ဆေးစစ်ရင်းနဲ့ မွေးရာပါ နှလုံးအပေါက်‌ပါတယ်ဆိုလို့ ဆေးကုသပေးနေပါတယ်”လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာအရာရှိကြီးတစ်ဦးကတော့ “၂၀၁၅ ရှေ့ပိုင်းကိုတော့မပြောချင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ခုလိုကန့်သတ်လာတာဟာ မဖြစ်သင့်ပါဘူး၊ တချို့ကိစ္စတွေက အမြန်ဖြေရှင်းမှ ပြေလည်သွားတာမျိုးရှိပါတယ်။ အထက်အဆင့်ဆင့်ကိုတင်ပြပြန်တော့လည်း ပြန်ကျလာတဲ့စာက ဥပဒေအတိုင်းဆောင်ရွက်ပါဆိုတော့ ကျနော်တို့ လုပ်ရကိုင်ရ ကျပ်သွားစေမယ့် ညွန်ကြားစာလို့ ” ဆိုပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ ညွန်ကြားစာမှာလည်း မန္တလေးလူငယ်သင်တန်းကျောင်းက ကိစ္စရပ်လိုမျိုး မဖြစ်ပွားစေရန် နဲ့ ညွန်ကြားစာကိုလည်း သိရှိ လိုက်နာဆောင်ရွက်သွားရန် ညွန်ကြားခဲ့ခြင်းဖြစ်တယ်လို့ ပါရှိပါတယ်။

#voiceofmyanmar#မန္တလေးတိုင်းအစိုးရ#ဌာနဆိုင်ရာများ#သတင်းစာရှင်းလင်းပွဲ‌#မီဒီယာ#

Related posts

Leave a Comment

VOM News

FREE
VIEW