ဘူးသီးေတာင္မွာ စစ္ပြဲေတြျပင္းထန္လို႔ စစ္ေဘးေရွာင္ေတြတုိးလာ

ေအာက္တိုဘာ ၁၀-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပုိင္းေဒသ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ အခုရက္ပိုင္းအတြင္း တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တုိက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနၾကတာျဖစ္ပါတယ္။

အဲ့ဒီေဒသေတြမွာ တပ္မေတာ္စစ္ေၾကာင္းေတြက ေက်းရြာေတြအနီးမွာ သြားလာတာေတြ၊ စခန္းခ်တာေတြအျပင္ တိုက္ပြဲ ျဖစ္ပြားမႈေတြလည္းရွိေနတဲ့အတြက္ ေဒသခံေတြဟာ မိမိတို႔ေက်းရြာေတြမွာ ဆက္မေနရဲၾကတဲ့အတြက္ ေနရပ္စြန္႔ခြာထြက္ေျပးမႈေတြလည္း ရွိေနၾကတာေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ စစ္ေဘးဒုကၡသည္အေရးအတြက္ ပိုမိုမ်ားျပားလာေနတာျဖစ္ပါတယ္။

“ဒီရက္ပိုင္းအတြင္းမွာက စစ္ေဘးေရွာင္ေတြပိုၿပီးေတာ့ ေရာက္လာေနတယ္။ လမ္းမဘုန္းေတာ္ႀကီးေက်ာင္းမွာ လူဦးေရ ၇၂၅ ဦးပါတယ္။ ၿမိဳ႕ေပၚမွာေတာ့ စခန္းႏွစ္ခုရွိတယ္။ တစ္ၿမိဳ႕နယ္လံုးမွာဆိုရင္ေတာ့ လူဦးေရ ၃၀၀၀ ေက်ာ္ရွိေနပါတယ္။”လို႔ လမ္းမဘုန္းေတာ္ႀကီးေက်ာင္း ကယ္ဆယ္ေရးစခန္းက တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးေဇာ္ဝင္းကေျပာပါတယ္။

စစ္ေဘးေရွာင္ေက်းရြာသားေတြဟာ ဘူးသီးေတာင္ၿမိဳ႕ေပၚက ကယ္ဆယ္ေရးစခန္းေတြကို လာေရာက္ခိုလံွဳသူမ်ားျပားလာေနၿပီး လမ္းမဘုန္းေတာ္ႀကီးေက်ာင္း၊ ရန္ေအာင္ေျမဘုန္းေတာ္ႀကီးေက်ာင္း၊ ေစတီေတာင္ရြာ၊ ေသကန္ခြဆံုရြာ စတဲ့ေနရာေတြမွာ စခန္းေတြြဖြင့္လွစ္ ေပးထားရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီဒုကၡသည္ေတြ စားေရးေသာက္ေရးအတြက္ လူကယ္ျပန္ဌာနကေန လူတစ္ဦးလ်င္ တစ္နပ္ကို ဆန္တစ္ဗူးႏႈန္းန႔ဲ ေထာက္ပံ့ေပးထားေပမယ့္ တျခားလိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ အခက္အခဲေတြနဲ႔ ႀကံဳေနၾကရတယ္လို႔ သိရပါတယ္။

“သူတုိ႔စားေရးေသာက္ေရးကေတာ့ ေလာေလာဆယ္မွာ လူကယ္ျပန္ကေန ေထာက္ပံ့ေပးထားတာရွိပါတယ္။ တစ္ေယာက္ကို တစ္ရက္ဆန္ႏွစ္ဗူးႏႈန္းေပးတယ္။ ဒါေပမယ့္ တျခားအခက္အခဲေတြေတာ့ အမ်ားႀကီးရွိေနတာေပါ့။”လို႔ ဦးေဇာ္ဝင္းက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီစခန္းေတြဟာ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ဖြင့္လွစ္ေပးထားတာျဖစ္တဲ့အတြက္ ဓမၼာရံုေတြမွာ စုၿပံဳၿပီးေနထုိင္ေနၾကရတာေၾကာင့္ ေနေရးထိုင္ေရးအဆင္မေျပမႈေတြျဖစ္ေနၿပီး ယာယီေနအိမ္ေတြေဆာက္လုပ္ေပးေနရတယ္လို႔ စခန္းတာဝန္ရွိသူေတြကဆိုပါတယ္။

စစ္ေဘးေရွာင္ေတြဟာ စခန္းေတြကိုေရာက္ရွိေနထိုင္သူေတြအျပင္ နီးစပ္ရာေက်းရြာေတြနဲ႔ မိသားစုေဆြမ်ိဳးေတြရဲ႕ ေနအိမ္ေတြမွာ ခိုလံုေနၾကသူေတြလည္း အမ်ားအျပားရွိေနကာ ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲျဖစ္ပြားေနတာဟာ တစ္ႏွစ္နီးပါးရွိေနၿပီးျဖစ္ၿပီး ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေဘးေရွာင္ဦးေရ ၇ ေသာင္းနီးပါးအထိရိွလာေနၿပီလို႔ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

#voiceofmyanmar#ဘူးသီးေတာင္#စစ္ပြဲေတြျပင္းထန္#စစ္ေဘးေရွာင္ေတြတုိး#

Unicode

ဘူးသီးတောင်မှာ စစ်ပွဲတွေပြင်းထန်လို့ စစ်ဘေးရှောင်တွေတိုးလာ

အောက်တိုဘာ ၁၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။

အဲ့ဒီဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေအနီးမှာ သွားလာတာတွေ၊ စခန်းချတာတွေအပြင် တိုက်ပွဲ ဖြစ်ပွားမှုတွေလည်းရှိနေတဲ့အတွက် ဒေသခံတွေဟာ မိမိတို့ကျေးရွာတွေမှာ ဆက်မနေရဲကြတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးမှုတွေလည်း ရှိနေကြတာကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်အရေးအတွက် ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာက စစ်ဘေးရှောင်တွေပိုပြီးတော့ ရောက်လာနေတယ်။ လမ်းမဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ ၇၂၅ ဦးပါတယ်။ မြို့ပေါ်မှာတော့ စခန်းနှစ်ခုရှိတယ်။ တစ်မြို့နယ်လုံးမှာဆိုရင်တော့ လူဦးရေ ၃၀၀၀ ကျော်ရှိနေပါတယ်။”လို့ လမ်းမဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းကပြောပါတယ်။

စစ်ဘေးရှောင်ကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေကို လာရောက်ခိုလံှုသူများပြားလာနေပြီး လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ စေတီတောင်ရွာ၊ သေကန်ခွဆုံရွာ စတဲ့နေရာတွေမှာ စခန်းတွေဖွင့်လှစ် ပေးထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီဒုက္ခသည်တွေ စားရေးသောက်ရေးအတွက် လူကယ်ပြန်ဌာနကနေ လူတစ်ဦးလျင် တစ်နပ်ကို ဆန်တစ်ဗူးနှုန်းနဲ့ ထောက်ပံ့ပေးထားပေမယ့် တခြားလိုအပ်ချက်တွေရှိနေတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

“သူတို့စားရေးသောက်ရေးကတော့ လောလောဆယ်မှာ လူကယ်ပြန်ကနေ ထောက်ပံ့ပေးထားတာရှိပါတယ်။ တစ်ယောက်ကို တစ်ရက်ဆန်နှစ်ဗူးနှုန်းပေးတယ်။ ဒါပေမယ့် တခြားအခက်အခဲတွေတော့ အများကြီးရှိနေတာပေါ့။”လို့ ဦးဇော်ဝင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲ့ဒီစခန်းတွေဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ်ပေးထားတာဖြစ်တဲ့အတွက် ဓမ္မာရုံတွေမှာ စုပြုံပြီးနေထိုင်နေကြရတာကြောင့် နေရေးထိုင်ရေးအဆင်မပြေမှုတွေဖြစ်နေပြီး ယာယီနေအိမ်တွေဆောက်လုပ်ပေးနေရတယ်လို့ စခန်းတာဝန်ရှိသူတွေကဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ စခန်းတွေကိုရောက်ရှိနေထိုင်သူတွေအပြင် နီးစပ်ရာကျေးရွာတွေနဲ့ မိသားစုဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ခိုလုံနေကြသူတွေလည်း အများအပြားရှိနေကာ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာဟာ တစ်နှစ်နီးပါးရှိနေပြီးဖြစ်ပြီး မြို့နယ် ရှစ်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၇ သောင်းနီးပါးအထိရှိလာနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

#voiceofmyanmar#ဘူးသီးတောင်#စစ်ပွဲတွေပြင်းထန်#စစ်ဘေးရှောင်တွေတိုး#

Related posts

Leave a Comment

VOM News

FREE
VIEW