အင္ဒိုနီးရွားလံုျခံဳေရးဝန္ၾကီး ဓါးနဲ႔တိုက္ခိုက္ခံရလို႔ ေဆးရံုတင္ထား

ဂ်ကာတာ၊ ေအာက္တိုဘာ-၁၀-၂၀၁၉

မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားလံုျခံဳေရးဝန္ၾကီး ဝီရန္တိုဟာ ဂ်ာဗားကြ်န္းရိွျမိဳ႕တစ္ျမိဳ႕ကို ေအာက္တိုဘာ ၁၀ ရက္ေန႔ကသြားေရာက္တဲ႔ ခရီးစဥ္အတြင္း ဓါးကိုင္ထားတဲ႔ အမ်ိဳးသားတစ္ဦးရဲ႕တိုက္ခိုက္တာကိုခံလိုက္ရပါတယ္။

ဝန္ၾကီး ဝီရန္တိုဟာ ဘန္တန္ျပည္နယ္ရိွ ပန္ဒီဂလန္မွာ ကားေပၚမွဆင္းျပီးေနာက္ ဓါးနဲ႔ တိုက္ခိုက္ခံရျပီး လဲက်သြားတယ္လို႔ အဲဒီမေတာ္တဆမႈနဲ႔ပတ္သက္ျပီး အမ်ိဳးသားရဲတပ္ဖြဲ႔ေျပာေရးဆိုခြင္႔ရိွသူ ဒက္ဒီအတည္ျပဳေျပာၾကားပါတယ္။ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးထားျပီး ရဲတပ္ဖြဲ႔ဝင္တစ္ဦးလည္း ဒါဏ္ရာရရိွတယ္လို႔ ဆိုပါတယ္။ တိုက္ခိုက္ခံရတဲ႔ ဝန္ၾကီးနဲ႔ ဗုိလ္ခ်ဳပ္ေဟာင္းတစ္ဦးကို အနီးနားကေဆးရံုကို သယ္ေဆာင္သြားၾကျပီး လက္ရိွမွာေတာ႔ အေျခအေနတည္ျငိမ္သြားျပီျဖစ္ေၾကာင္းနဲ႔ ဂ်ကာတာကေဆးရံုကို ေျပာင္းေရႊ႕ထားတယ္လို႔ ေျပာပါတယ္။

အသက္ ၇၂ နွစ္အရြယ္ ဝီရန္တိုဟာ ၂၀၁၆ ခုနွစ္ကတည္းက လံုျခံဳေရးဝန္ၾကီးအျဖစ္ သမၼတ ဂ်ိဳကိုဝီဒိုဒိုရဲ႕ အစိုးရအဖြဲ႔မွာ တာ၀န္ထမ္းေဆာင္ခဲ႔တာျဖစ္ပါတယ္။ အေရွ႕တီေမာမွာျဖစ္ပြားခဲ႔ ေသြးထြက္သံယိုဆူပူအံုၾကြမႈျဖစ္စဥ္မွာ တပ္မေတာ္အၾကီးအကဲအျဖစ္ သူ႔ရဲ႕ပါ၀င္ပတ္သက္ ကိုင္တြယ္ခဲ႔တာေတြေၾကာင္႔ သူ႔ကိုလံုျခံဳေရး၀န္ၾကီးရာထူးေပးတဲ႔အေပၚ လူ႔အခြင္႔အေရးအဖြဲ႔ေတြက ေ၀ဖန္ခဲ႔ၾကပါတယ္။

လူ ၁၀၀၀ ေသဆံုးခဲ႔တဲ႔ အေရွ႕တီေမာရဲ႕ ၁၉၉၉ ခုနွစ္လြတ္လပ္ေရး မဲေပးမႈမွာျဖစ္ပြားခဲ႔တဲ႔ ေသြးထြက္သံယုိကိစၥေတြအတြက္ ဝီရန္တိုဟာ ကုလသမဂၢမွာ စြဲခ်က္တင္ခံခဲ႔ရပါတယ္။ အေရွ႕တီေမာကိစၥမွာ ဘာအမွားအယြင္းမွာ မလုပ္ခဲ႔ဘူးလို႔ ဝီရန္တိုက ျငင္းဆိုခဲ႔႔ပါတယ္။

Ref & Photo : Reuters

#voiceofmyanmar#အင္ဒိုနီးရွားလံုျခံဳေရးဝန္ၾကီးဓါးနဲ႔တိုက္ခိုက္ခံရ#

Unicode

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဓါးနဲ့တိုက်ခိုက်ခံရလို့ ဆေးရုံတင်ထား

ဂျကာတာ၊ အောက်တိုဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဝီရန်တိုဟာ ဂျာဗားကျွန်းရှိမြို့တစ်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့ကသွားရောက်တဲ့ ခရီးစဉ်အတွင်း ဓါးကိုင်ထားတဲ့ အမျိုးသားတစ်ဦးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။

ဝန်ကြီး ဝီရန်တိုဟာ ဘန်တန်ပြည်နယ်ရှိ ပန်ဒီဂလန်မှာ ကားပေါ်မှဆင်းပြီးနောက် ဓါးနဲ့ တိုက်ခိုက်ခံရပြီး လဲကျသွားတယ်လို့ အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒက်ဒီအတည်ပြုပြောကြားပါတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒါဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ ဝန်ကြီးနဲ့ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အနီးနားကဆေးရုံကို သယ်ဆောင်သွားကြပြီး လက်ရှိမှာတော့ အခြေအနေတည်ငြိမ်သွားပြီဖြစ်ကြောင်းနဲ့ ဂျကာတာကဆေးရုံကို ပြောင်းရွှေ့ထားတယ်လို့ ပြောပါတယ်။
အသက် ၇၂ နှစ်အရွယ် ဝီရန်တိုဟာ ၂၀၁၆ ခုနှစ်ကတည်းက လုံခြုံရေးဝန်ကြီးအဖြစ် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အရှေ့တီမောမှာဖြစ်ပွားခဲ့ သွေးထွက်သံယိုဆူပူအုံကြွမှုဖြစ်စဉ်မှာ တပ်မတော်အကြီးအကဲအဖြစ် သူ့ရဲ့ပါဝင်ပတ်သက် ကိုင်တွယ်ခဲ့တာတွေကြောင့် သူ့ကိုလုံခြုံရေးဝန်ကြီးရာထူးပေးတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

လူ ၁၀၀၀ သေဆုံးခဲ့တဲ့ အရှေ့တီမောရဲ့ ၁၉၉၉ ခုနှစ်လွတ်လပ်ရေး မဲပေးမှုမှာဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုကိစ္စတွေအတွက် ဝီရန်တိုဟာ ကုလသမဂ္ဂမှာ စွဲချက်တင်ခံခဲ့ရပါတယ်။ အရှေ့တီမောကိစ္စမှာ ဘာအမှားအယွင်းမှာ မလုပ်ခဲ့ဘူးလို့ ဝီရန်တိုက ငြင်းဆိုခဲ့ပါတယ်။

Ref & Photo : Reuters
#voiceofmyanmar#အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးဓါးနဲ့တိုက်ခိုက်ခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW