မိဘမဲ့မိန္းကေလးငယ္တစ္ဦး ကာမအႀကိမ္ႀကိမ္ျပဳက်င့္ခံရမႈအေပၚ အမႈဖြင့္ဖို႔ၾကန႔္ၾကာေန

ရန္ကုန္ ၊ ေအာက္တိုဘာ ၁၁-၂၀၁၉
သူရိန္(VOM)

ရွမ္းျပည္နယ္( ေတာင္ပိုင္း ) ၊ နမ့္စန္ၿမိဳ႕ ၊ တိန္းေခ်ာင္း သဘာဝရိပ္သာက မိဘမဲ့မိန္းကေလး တတိယတန္းေက်ာင္းသူကို စက္တင္ဘာ(၇)ရက္ေန႔က ကာမအႀကိမ္ႀကိမ္ျပဳက်င့္ခံရေပမယ့္ နန႔္စန္ၿမိဳ႕မရဲစခန္းကအမႈဖြင့္ေပးဖို႔ ၾကန႔္ၾကာေနတယ္လို႔ နန႔္စန္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ ၊ အုပ္ခ်ဳပ္ေရးမႉးရံုးကေန သိရပါတယ္။

နန႔္စန္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ ၊ ဗႏၶဳလလမ္းသြယ္ေနထိုင္သူ ေဒၚစိုးမိုး(သားသတ္လုပ္ငန္း လုပ္ကိုင္သူ)ေနအိမ္သို႔ ကေလးမေလးကို ေဒၚမိုးမိုးဆိုသူက လာေရာက္ေပးပို႔ၿပီး ယင္းေနအိမ္ကအလုပ္သမားျဖစ္သူ ကိုဝတုတ္ဆိုသူနဲ႔ အတူေနဖို႔ ေဒၚမိုးမိုးဆိုသူ အပါအဝင္သုံးဦးကစီစဥ္ေပးတာနဲ႔ စက္တင္ဘာ ၉ ရက္ေန႔ ဒုတပ္ၾကပ္အဆင့္ရိွသူ တစ္ဦးနဲ႔ ၂ ေယာက္လိုက္ပါသြားဖို႔ ထည့္ေပးမႈ‌ေတြရွိခဲ့တဲ့အတြက္ ဒီျဖစ္စဥ္‌ေတြနဲ႔ပက္သက္ၿပီးအမႈဖြင့္လွစ္ထားေပမယ့္ ရဲစခန္းက ယေန႔အခ်ိန္ထိ အမႈဖြင့္လွစ္ေပးဖို႔ၾကန႔္ၾကာေနတာျဖစ္ပါတယ္။

“ ေရွ႕လ ၉ ရက္ေလာက္က ကြၽန္ေတာ္ဆီကို မိဘမဲ့ေက်ာင္းကမိန္းကေလးတစ္ဦး သားသတ္လုပ္ငန္းလုပ္တဲ့ အိမ္မွာေရာက္ေနတယ္ အေၾကာင္းၾကားလို႔သြားၾကည့္တယ္။ အဲဒီမွာ မိန္းကေလးကို ေတြ႕လို႔ေမးေတာ့ သူ႔ကိုလာပို႔တဲ့ခမ္းလီ ေရသန႔္လုပ္ငန္းပိုင္ရွင္ ေဒၚမိုးမိုးက အိမ္ေထာင္သည္ေယာက္်ားေတာင္နားမေထာင္သင့္ တဲ့ဆဲနည္းေပါင္းစုံနဲ႔ဆဲဆိုခဲ့တယ္။ ေနာက္ရက္ကေလးမေလးကို သူ႔ေ႐ႊဆိုင္ဆီေခၚသြားတယ္လို႔ေျပာတယ္။ အဲဒီကေလးမေလးကို သားသတ္လုပ္ငန္းလုပ္ေနတဲ့ အလုပ္သမားနဲ႔ ႏွစ္နာရီေလာက္ၾကာေအာင္ အခန္းထဲထည့္ထားတယ္။ အိမ္ယာကအစ ေဒၚမိုးမိုး အပါအဝင္သုံးေယာက္က ျပင္ဆင္ေပးထားတယ္လို႔သိရတယ္။ ဒီကေလးမေလးရဲ႕ျဖစ္စဥ္ေတြက သူတေယာက္ထဲမဟုတ္ဘူး ။ ဒါကိုတစ္ၿမိဳ႕လုံးလဲသိတယ္။ ရဲစခန္းမွာလည္းအမႈဖြင့္ထားတာ တလျပည့္ေတာ့မယ္ အခုခ်ိန္ထိစခန္းက အေရးယူေဆာင္႐ြက္တာမရွိေသးဘူး “ လို႔ နန႔္စန္ၿမိဳ႕၊ အမွတ္ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးေအာင္တင္ဦး က ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပက္သက္ၿပီး နန႔္စန္ၿမိဳ႕မရဲစခန္းကစခန္းမႉးကို ဆက္သြယ္ေမးျမန္းရာ “ ကြၽန္ေတာ္တို႔အမႈနဲ႔ပက္သက္ၿပီးေျပာလို႔ေတာ့မရေသးဘူး။ဆက္လုပ္ဖို႔ကေဆးစာေစာင့္ေနတာပါ။ေဆးစာ ကဆရာဝန္ႀကီးက်န္းမာေရးမေကာင္းလို႔ မရေသးဘူး။ေဆးစာရရင္ ဥပေဒအႀကံေပးတင္ၿပီး ဆက္လုပ္မွာပါ။ေကာင္မေလးရဲ႕ ျဖစ္စဥ္မွာေတာ့ ေယာက္်ားတေယာက္နဲ႔ဘဲျဖစ္တာပါ။ျဖစ္စဥ္အရ ေတာ့စစ္တပ္ကတေယာက္ဘဲ စစ္ေဆးေပၚေပါက္ခ်က္အရ စစ္တပ္ကတေယာက္နဲ႔ဘဲ လိင္ဆက္ဆံမႈျဖစ္တာေပါ့။က်န္တာေတာ့ ၃၅၄ လိုဟာမ်ိဳးေတာ့ရွိတာေပါ့။ လက္ရွိဒီအမႈက ဟိုဟာနဲနဲျဖစ္ေတာ့ ေဆးစာယူေနတာ။ ဆရာဝန္ကမရွိတဲ့အတြက္ မရေသးဘူး။ ေဆးစာရရင္ဥပေဒျပန္တင္ၿပီး ဥပေဒအႀကံျပဳခ်က္ အတိုင္းဆက္လုပ္မွာပါ “ လို႔ေျပာပါတယ္။

ဒီျဖစ္စဥ္ျဖစ္ပြားမႈနဲ႔ပက္သက္လို႔ လူကုန္ကူးမႈတားဆီးေရးအဖြဲ႕ကတာဝန္ရွိသူ‌ေတြ၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝနႀကီးဌာနက တာဝန္ရွိသူမ်ားလာေရာက္ စစ္ေဆးမႈ‌ေတြလည္းရွိသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္( နန႔္စန္ ) ကိုလည္းတိုင္စာေပးပို႔ထားတာ ျဖစ္ပါတယ္။

#voiceofmyanmar#နမ့္စန္#မိဘမဲ့မိန္းကေလးငယ္တစ္ဦး#ကာမအႀကိမ္ႀကိမ္ျပဳက်င့္ခံရမႈအေပၚ အမႈဖြင့္ဖို႔ၾကန႔္ၾကာေန#

Unicode

မိဘမဲ့မိန်းကလေးငယ်တစ်ဦး ကာမအကြိမ်ကြိမ်ပြုကျင့်ခံရမှုအပေါ် အမှုဖွင့်ဖို့ကြန့်ကြာနေ

ရန်ကုန် ၊ အောက်တိုဘာ ၁၁-၂၀၁၉
သူရိန်(VOM)

ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ နမ့်စန်မြို့ ၊ တိန်းချောင်း သဘာဝရိပ်သာက မိဘမဲ့မိန်းကလေး တတိယတန်းကျောင်းသူကို စက်တင်ဘာ(၇)ရက်နေ့က ကာမအကြိမ်ကြိမ်ပြုကျင့်ခံရပေမယ့် နန့်စန်မြို့မရဲစခန်းကအမှုဖွင့်ပေးဖို့ ကြန့်ကြာနေတယ်လို့ နန့်စန်မြို့၊ အမှတ်(၁)ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

နန့်စန်မြို့၊ အမှတ်(၁)ရပ်ကွက် ၊ ဗန္ဓုလလမ်းသွယ်နေထိုင်သူ ဒေါ်စိုးမိုး(သားသတ်လုပ်ငန်း လုပ်ကိုင်သူ)နေအိမ်သို့ ကလေးမလေးကို ဒေါ်မိုးမိုးဆိုသူက လာရောက်ပေးပို့ပြီး ယင်းနေအိမ်ကအလုပ်သမားဖြစ်သူ ကိုဝတုတ်ဆိုသူနဲ့ အတူနေဖို့ ဒေါ်မိုးမိုးဆိုသူ အပါအဝင်သုံးဦးကစီစဉ်ပေးတာနဲ့ စက်တင်ဘာ ၉ ရက်နေ့ ဒုတပ်ကြပ်အဆင့်ရှိသူ တစ်ဦးနဲ့ ၂ ယောက်လိုက်ပါသွားဖို့ ထည့်ပေးမှု‌တွေရှိခဲ့တဲ့အတွက် ဒီဖြစ်စဉ်‌တွေနဲ့ပက်သက်ပြီးအမှုဖွင့်လှစ်ထားပေမယ့် ရဲစခန်းက ယနေ့အချိန်ထိ အမှုဖွင့်လှစ်ပေးဖို့ကြန့်ကြာနေတာဖြစ်ပါတယ်။

“ ရှေ့လ ၉ ရက်လောက်က ကျွန်တော်ဆီကို မိဘမဲ့ကျောင်းကမိန်းကလေးတစ်ဦး သားသတ်လုပ်ငန်းလုပ်တဲ့ အိမ်မှာရောက်နေတယ် အကြောင်းကြားလို့သွားကြည့်တယ်။ အဲဒီမှာ မိန်းကလေးကို တွေ့လို့မေးတော့ သူ့ကိုလာပို့တဲ့ခမ်းလီ ရေသန့်လုပ်ငန်းပိုင်ရှင် ဒေါ်မိုးမိုးက အိမ်ထောင်သည်ယောက်ျားတောင်နားမထောင်သင့် တဲ့ဆဲနည်းပေါင်းစုံနဲ့ဆဲဆိုခဲ့တယ်။ နောက်ရက်ကလေးမလေးကို သူ့ရွှေဆိုင်ဆီခေါ်သွားတယ်လို့ပြောတယ်။ အဲဒီကလေးမလေးကို သားသတ်လုပ်ငန်းလုပ်နေတဲ့ အလုပ်သမားနဲ့ နှစ်နာရီလောက်ကြာအောင် အခန်းထဲထည့်ထားတယ်။ အိမ်ယာကအစ ဒေါ်မိုးမိုး အပါအဝင်သုံးယောက်က ပြင်ဆင်ပေးထားတယ်လို့သိရတယ်။ ဒီကလေးမလေးရဲ့ဖြစ်စဉ်တွေက သူတယောက်ထဲမဟုတ်ဘူး ။ ဒါကိုတစ်မြို့လုံးလဲသိတယ်။ ရဲစခန်းမှာလည်းအမှုဖွင့်ထားတာ တလပြည့်တော့မယ် အခုချိန်ထိစခန်းက အရေးယူဆောင်ရွက်တာမရှိသေးဘူး “ လို့ နန့်စန်မြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်တင်ဦး က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး နန့်စန်မြို့မရဲစခန်းကစခန်းမှူးကို ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်တို့အမှုနဲ့ပက်သက်ပြီးပြောလို့တော့မရသေးဘူး။ဆက်လုပ်ဖို့ကဆေးစာစောင့်နေတာပါ။ဆေးစာ ကဆရာဝန်ကြီးကျန်းမာရေးမကောင်းလို့ မရသေးဘူး။ဆေးစာရရင် ဥပဒေအကြံပေးတင်ပြီး ဆက်လုပ်မှာပါ။ကောင်မလေးရဲ့ ဖြစ်စဉ်မှာတော့ ယောက်ျားတယောက်နဲ့ဘဲဖြစ်တာပါ။ဖြစ်စဉ်အရ တော့စစ်တပ်ကတယောက်ဘဲ စစ်ဆေးပေါ်ပေါက်ချက်အရ စစ်တပ်ကတယောက်နဲ့ဘဲ လိင်ဆက်ဆံမှုဖြစ်တာပေါ့။ကျန်တာတော့ ၃၅၄ လိုဟာမျိုးတော့ရှိတာပေါ့။ လက်ရှိဒီအမှုက ဟိုဟာနဲနဲဖြစ်တော့ ဆေးစာယူနေတာ။ ဆရာဝန်ကမရှိတဲ့အတွက် မရသေးဘူး။ ဆေးစာရရင်ဥပဒေပြန်တင်ပြီး ဥပဒေအကြံပြုချက် အတိုင်းဆက်လုပ်မှာပါ “ လို့ပြောပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားမှုနဲ့ပက်သက်လို့ လူကုန်ကူးမှုတားဆီးရေးအဖွဲ့ကတာဝန်ရှိသူ‌တွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝနကြီးဌာနက တာဝန်ရှိသူများလာရောက် စစ်ဆေးမှု‌တွေလည်းရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( နန့်စန် ) ကိုလည်းတိုင်စာပေးပို့ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar#နမ့်စန်#မိဘမဲ့မိန်းကလေးငယ်တစ်ဦး#ကာမအကြိမ်ကြိမ်ပြုကျင့်ခံရမှုအပေါ် အမှုဖွင့်ဖို့ကြန့်ကြာနေ#

Related posts

Leave a Comment

VOM News

FREE
VIEW