နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတ နဲ႔ ကိုယ္စားလွယ္မ်ား ေနျပည္ေတာ္သမၼတအိမ္ေတာ္သို႔ ပထမအႀကိမ္လာေရာက္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၇-၂၀၁၉
ကိုထြန္း(VOM)

ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ကို ဒီကေန႔မနက္ပိုင္းက နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတ RT.Hon.H,E.Mrs.Bidya Devi Bhandari နဲ႔ ကိုယ္စားလွယ္မ်ားက ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ႏိုင္ငံေတာ္အႀကီးအကဲမ်ားကို လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။

နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတအေနနဲ႔ ျမန္မာႏိုင္ငံကို ပထမအႀကိမ္လာေရာက္တာျဖစ္ၿပီး ဒီ‌ကေန႔ေတြ႕ဆုံမႈမွာ (၂)ႏိုင္ငံ နားလည္လည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးခဲ့ကာ ယင္းစာခြၽန္လႊာတြင္ အခ်က္(၁၃)ခ်က္ပါ အခ်က္အလက္မ်ားကို ႏွစ္ႏိုင္ငံအႀကီးအကဲေတြေရွ႕မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတ RT.Hon.H,E.Mrs.Bidya Devi တို႔ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတ RT.Hon.H,E.Mrs.Bidya Devi နဲ႔ ကိုယ္စားလွယ္အဖြဲ႕ဟာ ေအာက္တိုဘာ ၁၆ရက္ေန႔က ညေနပိုင္းက ေနျပည္ေတာ္ကို‌ ေရာက္ရွိတာျဖစ္ၿပီး ေအာက္တိုဘာ၁၈ရက္ေန႔ မနက္ပိုင္းမွာ ေနျပည္ေတာ္ကေန နီေပါႏိုင္ငံကို ျပန္လည္ထြက္ခြာသြားမွာ ျဖစ္တယ္ယ္လို႔ သိရပါတယ္။

#voiceofmyanmar#ေနျပည္ေတာ္#နီေပါသမၼတလာေရာက္#

Unicode

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ နဲ့ ကိုယ်စားလှယ်များ နေပြည်တော်သမ္မတအိမ်တော်သို့ ပထမအကြိမ်လာရောက်

နေပြည်တော်၊ အောက်တိုဘာ ၁၇-၂၀၁၉
ကိုထွန်း(VOM)

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ကို ဒီကနေ့မနက်ပိုင်းက နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ RT.Hon.H,E.Mrs.Bidya Devi Bhandari နဲ့ ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်အကြီးအကဲများကို လာရောက်တွေ့ဆုံခဲ့ပါတယ်။

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအနေနဲ့ မြန်မာနိုင်ငံကို ပထမအကြိမ်လာရောက်တာဖြစ်ပြီး ဒီ‌ကနေ့တွေ့ဆုံမှုမှာ (၂)နိုင်ငံ နားလည်လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ယင်းစာချွန်လွှာတွင် အချက်(၁၃)ချက်ပါ အချက်အလက်များကို နှစ်နိုင်ငံအကြီးအကဲတွေရှေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ RT.Hon.H,E.Mrs.Bidya Devi တို့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ RT.Hon.H,E.Mrs.Bidya Devi နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၆ရက်နေ့က ညနေပိုင်းက နေပြည်တော်ကို‌ ရောက်ရှိတာဖြစ်ပြီး အောက်တိုဘာ၁၈ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ကနေ နီပေါနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာ ဖြစ်တယ်ယ်လို့ သိရပါတယ်။

#voiceofmyanmar#နေပြည်တော်#နီပေါသမ္မတလာရောက်#

Related posts

Leave a Comment

VOM News

FREE
VIEW