အိမ္အကူအလုပ္သမားေတြကို အကာအကြယ္ေပးႏိုင္တဲ့ ဥပေဒတစ္ရပ္ေပၚေပါက္ဖို႔လိုအပ္

မႏၲေလး ေအာက္တိုဘာ ၁၈-၂၀၁၉
ျဖဴျဖဴ(VOM)

ျမန္မာႏိုင္ငံရဲ႕ အလုပ္သမားဥပေဒေတြထဲမွာ အိမ္အကူအလုပ္သမားေတြအတြက္ ေဖာ္ျပထားေပမယ့္ အိမ္အကူေတြရဲ႕အခြင့္အေရးကို အျပည့္အဝကာကြယ္မေပးႏိုင္ဘူး လို႔ အိမ္အကူအလုပ္သမားေတြနဲ႔ ပက္သက္ၿပီး လာပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းေတြကေန သိရပါတယ္။

ဒါ့အျပင္ အိမ္အကူအလုပ္သမားေတြဟာ ဆိုးဆိုး႐ြား႐ြားႏွိပ္စက္ခံရၿပီးမွ တိုင္တန္းမႈေတြရွိလာေလ့ျဖစ္လာသလို လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြကလည္း ဆက္ရွိေနေသးတာေၾကာင့္ အိမ္အကူအလုပ္သမားေတြကို အကာအကြယ္ေပးႏိုင္တဲ့ ဥပေဒတစ္ရပ္ေပၚေပါက္ဖို႔လိုအပ္တယ္လို႔ ဒီေန႔ မနက္ပိုင္းက မႏၲေလးၿမိဳ႕ Hotel Sakura Princessမွာ ျမန္မာႏိုင္ငံရဲ႕ ဥပေဒေတြနဲ႔ ပတ္သက္ၿပီး ဆန္းစစ္ေလ့လာသုံးသပ္ခ်က္ေတြကို မိတ္ဆက္ျခင္းအခမ္းအနားျပဳလုပ္တဲ့ပြဲမွာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက ထည့္သြင္း ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

အိမ္အကူအလုပ္သမားမ်ားအတြက္ ဥပေဒကာကြယ္ေစာင့္ေရွာက္မႈဆိုင္ရာ လုပ္ငန္းအဖြဲ႕ကို ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္ (CTCM) ၊ အနာဂါတ္အလင္းတန္းဆုံမွတ္ (FLC)၊ က်ား/မတန္းတူညီမွ်ေရး ကြန္ရက္ (GEN) ၊ ကရင္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC)၊ ဥပေဒေရးရာကုစားေရးအဖြဲ႕ (ျမန္မာ) (LCM) ၊ အမ်ိဳးသမီးမ်ားအဖြဲ႕ကြန္ရက္ (WON) ၊ ပၪၥမမဏၭိဳင္ အဖြဲ႕ (TFP) စတဲ့အဖြဲ႕ ၇ ဖြဲ႕တို႔ပူးေပါင္းၿပီး ၂၀၁၈ ခုႏွစ္မွာ အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာအဖြဲ႕ ILO ရဲ႕ပံ့ပိုးမႈနဲ႔ စတင္ဖြဲ႕စည္းခဲ့ကာ အိမ္အကူလုပ္သားမ်ားဆိုင္ရာ ျမန္မာႏိုင္ငံရဲ႕ ဥပေဒမ်ားကို ဆန္းစစ္ေလ့လာသုံးသပ္ခ်က္ကို ေရးသားျပဳစုခဲ့ၾကတာ ျဖစ္ပါတယ္။

#voiceofmyanmar#အိမ္အကူအလုပ္သမားေတြကို#အကာအကြယ္ေပးႏိုင္တဲ့#ဥပေဒတစ္ရပ္ေပၚေပါက္ဖို႔လိုအပ္#

Unicode

အိမ်အကူအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့လိုအပ်

မန္တလေး အောက်တိုဘာ ၁၈-၂၀၁၉
ဖြူဖြူ(VOM)

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေထဲမှာ အိမ်အကူအလုပ်သမားတွေအတွက် ဖော်ပြထားပေမယ့် အိမ်အကူတွေရဲ့အခွင့်အရေးကို အပြည့်အဝကာကွယ်မပေးနိုင်ဘူး လို့ အိမ်အကူအလုပ်သမားတွေနဲ့ ပက်သက်ပြီး လာပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကနေ သိရပါတယ်။

ဒါ့အပြင် အိမ်အကူအလုပ်သမားတွေဟာ ဆိုးဆိုးရွားရွားနှိပ်စက်ခံရပြီးမှ တိုင်တန်းမှုတွေရှိလာလေ့ဖြစ်လာသလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း ဆက်ရှိနေသေးတာကြောင့် အိမ်အကူအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့လိုအပ်တယ်လို့ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ Hotel Sakura Princessမှာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာသုံးသပ်ချက်တွေကို မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်တဲ့ပွဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထည့်သွင်း ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

အိမ်အကူအလုပ်သမားများအတွက် ဥပဒေကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTCM) ၊ အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)၊ ကျား/မတန်းတူညီမျှရေး ကွန်ရက် (GEN) ၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) (LCM) ၊ အမျိုးသမီးများအဖွဲ့ကွန်ရက် (WON) ၊ ပဉ္စမမဏ္ဌိုင် အဖွဲ့ (TFP) စတဲ့အဖွဲ့ ၇ ဖွဲ့တို့ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ပံ့ပိုးမှုနဲ့ စတင်ဖွဲ့စည်းခဲ့ကာ အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံရဲ့ ဥပဒေများကို ဆန်းစစ်လေ့လာသုံးသပ်ချက်ကို ရေးသားပြုစုခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar#အိမ်အကူအလုပ်သမားတွေကို#အကာအကွယ်ပေးနိုင်တဲ့#ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့လိုအပ်#

Related posts

Leave a Comment

VOM News

FREE
VIEW