မင္းျပားၿမိဳ႕နယ္မွာ တပ္မေတာ္ကားတန္းမိုင္းဆြဲခံရ သားမိႏွစ္ေယာက္ လက္နက္ႀကီးထိမွန္

မင္းျပား၊ ေအာက္တုိဘာ ၂၁-၂၀၁၉
ခိုင္လင္းစံ(VOM)

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသက တိုက္ပြဲျဖစ္ပြားေနတဲ့ မင္းျပားၿမိဳ႕နယ္အတြင္းမွာ ဒီကေန႔မနက္ပိုင္းက တပ္မေတာ္ကားတန္းေတြ မိုင္းဆြဲတိုက္ခိုက္ခံလိုက္ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီတိုက္ခိုက္မႈဟာ မင္းျပားၿမိဳ႕ရဲ႕ ေျမာက္ဘက္ သံုးမိုင္ခန္႔အကြာ ရာေမာင္တံတားလမ္းဆံုဘက္ကိုအထြက္ ေခါင္းေလာင္းရြာေဟာင္းနဲ႔ နရမ္းေက်းရြာတုိ႔အနီးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ရာေမာင္လမ္းဆံုဘက္လာတဲ့ ကားတန္းနဲ႔ မင္ျပားၿမိဳ႕ထဲဘက္က လာတဲ့ကားတစ္စီးကို တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

“မိုင္းက ႏွစ္လံုးေပါက္တယ္။ မနက္ ၈ နာရီေလာက္မွာ ေပါက္တာ။ ထိခိုက္ဒဏ္ရာရတာေတြေတာ့မသိရဘူး။ နရမ္းရြာနဲ႔ ေခါင္းေလာင္းရြာအၾကားေပါ့ အဲ့ဒီေနရာမွာေပါက္တာပါ။ ေပါက္ၿပီးတာနဲ႔ လက္နက္ႀကီးက်ည္က်လို႔ ရြာထဲက သားမိႏွစ္ေယာက္ေတာ့ ဒဏ္ရာေတြရခဲ့ၾကတယ္။”လို႔ ေက်းရြာသားတစ္ဦးကေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးပစ္ခတ္တဲ့အသံေတြထြက္ေပၚလာခဲ့ေၾကာင္းနဲ႔ ေခါင္းေလာင္းေက်းရြာအတြင္းကို လက္နက္ႀကီးက်ည္တစ္လံုး က်ေရာက္ခဲ့ရာမွာ ေက်းရြာအတြင္းက အသက္ ၂၀ အရြယ္ ေဒၚခင္ဝင္းႏြယ္နဲ႔ သူ႔ရဲ႕ ၃ ႏွစ္အရြယ္သမီးေလး မ ႏြယ္ဦးခင္ တုိ႔ကို က်ည္စေတြရႈပ္ထိသြားတာေၾကာင့္ လက္ေမာင္းဒဏ္ရာေတြ ရရွိသြားခဲ့တာျဖစ္ပါတယ္။

“ေပါက္ကြဲမႈျဖစ္ၿပီးတာနဲ႔ ဘယ္ကမွန္းမသိတဲ့ လက္နက္ႀကီး ပစ္ခတ္တာေတြရွိခဲ့တယ္။ အဲ့ဒီမွာ ေခါင္းေလာင္းရြာက သားမိိႏွစ္ေယာက္ ဒဏ္ရာရတယ္ေပါ့။ အခုေတာ့ သူတုိ႔ကို မင္းျပားေဆးရံုမွာ ေဆးကုသမႈလုပ္ေနပါတယ္။ ဒဏ္ရာေတာ့ ႀကီးႀကီးမားမားမဟုတ္ဘူး။ လက္ေမာင္းမွာ ရႈပ္ထိသြားတာပါ။”လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ အေနာက္ပို္င္းတုိင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ ေလာေလာဆယ္ မအားေသးေၾကာင္းနဲ႔ ညေနပိုင္းေလာက္မွ ျပန္လည္ဆက္သြယ္ဖုိ႔ ေျပာဆိုခဲ့ပါတယ္။

 

#voiceofmyanmar #မင္းျပားၿမိဳ႕နယ္ #တပ္မေတာ္ကားတန္းမိုင္းဆြဲခံရ

Unicode

မင်းပြားမြို့နယ်မှာ တပ်မတော်ကားတန်းမိုင်းဆွဲခံရ သားမိနှစ်ယောက် လက်နက်ကြီးထိမှန်

မင်းပြား၊ အောက်တိုဘာ ၂၁-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်အတွင်းမှာ ဒီကနေ့မနက်ပိုင်းက တပ်မတော်ကားတန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ မင်းပြားမြို့ရဲ့ မြောက်ဘက် သုံးမိုင်ခန့်အကွာ ရာမောင်တံတားလမ်းဆုံဘက်ကိုအထွက် ခေါင်းလောင်းရွာဟောင်းနဲ့ နရမ်းကျေးရွာတို့အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရာမောင်လမ်းဆုံဘက်လာတဲ့ ကားတန်းနဲ့ မင်ပြားမြို့ထဲဘက်က လာတဲ့ကားတစ်စီးကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“မိုင်းက နှစ်လုံးပေါက်တယ်။ မနက် ၈ နာရီလောက်မှာ ပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတွေတော့မသိရဘူး။ နရမ်းရွာနဲ့ ခေါင်းလောင်းရွာအကြားပေါ့ အဲ့ဒီနေရာမှာပေါက်တာပါ။ ပေါက်ပြီးတာနဲ့ လက်နက်ကြီးကျည်ကျလို့ ရွာထဲက သားမိနှစ်ယောက်တော့ ဒဏ်ရာတွေရခဲ့ကြတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်တဲ့အသံတွေထွက်ပေါ်လာခဲ့ကြောင်းနဲ့ ခေါင်းလောင်းကျေးရွာအတွင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ရာမှာ ကျေးရွာအတွင်းက အသက် ၂၀ အရွယ် ဒေါ်ခင်ဝင်းနွယ်နဲ့ သူ့ရဲ့ ၃ နှစ်အရွယ်သမီးလေး မ နွယ်ဦးခင် တို့ကို ကျည်စတွေရှုပ်ထိသွားတာကြောင့် လက်မောင်းဒဏ်ရာတွေ ရရှိသွားခဲ့တာဖြစ်ပါတယ်။

“ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ ဘယ်ကမှန်းမသိတဲ့ လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့တယ်။ အဲ့ဒီမှာ ခေါင်းလောင်းရွာက သားမိနှစ်ယောက် ဒဏ်ရာရတယ်ပေါ့။ အခုတော့ သူတို့ကို မင်းပြားဆေးရုံမှာ ဆေးကုသမှုလုပ်နေပါတယ်။ ဒဏ်ရာတော့ ကြီးကြီးမားမားမဟုတ်ဘူး။ လက်မောင်းမှာ ရှုပ်ထိသွားတာပါ။”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ လောလောဆယ် မအားသေးကြောင်းနဲ့ ညနေပိုင်းလောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar #မင်းပြားမြို့နယ် #တပ်မတော်ကားတန်းမိုင်းဆွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW