မႏၲေလး-ျပင္ဦးလြင္လမ္းမွာ ယာဥ္တိုက္မွဳေၾကာင့္ ယာဥ္ေမာင္းအပါအဝင္(၃)ဦးေသ

အုန္းေခ်ာ ေအာက္တုိဘာ ၂၁-၂၀၁၉
ရိွဳင္းေအာင္(VOM)

မႏၲေလး-ျပင္ဦးလြင္လမ္းမႀကီး၊ ေငြေတာင္ေက်းရြာနားက မိုင္တိုင္၁၀/၁ မွာ ရပ္ထားတဲ့ ေက်ာက္တင္ေထာ္လာဂ်ီယာဥ္တစ္စီးကုိ ခရီးသည္တင္ ဟိုင္းလတ္ေမာ္ေတာ္ယာဥ္လိုင္းကားတစ္စီးက ေနာက္ကေနဝင္တုိက္တဲ့ျဖစ္စဥ္ ဒီကေန႔မနက္ပိုင္းက ျဖစ္ပြားခဲ့ပါတယ္။

 

ယာဥ္တိုက္မွဳေၾကာင့္ ခရီးသည္တင္ ဟိုင္းလတ္ေမာ္ေတာ္ယာဥ္လိုင္းကားေပၚလိုက္လာတဲ့ ခရီးသည္ ၁၃-ဦးထဲက ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ၿပီး က်န္တဲ့လူေတြလည္း ဒဏ္ရာအသီးသီး ရရွိခဲ့တာျဖစ္ပါတယ္။

 

ျဖစ္စဥ္ကုိ သြားေရာက္ကူညီခဲ့တဲ့ အုန္းေခ်ာ ေစတနာမြန္လူမႈကူညီေရးအသင္းက ကုိေအာင္သူ ေျပာျပတာက “ လမ္းေဘးမွာ ရပ္ထားတဲ့ ေက်ာက္တင္ေထာ္လာဂ်ီကုိ ခရီးသည္တင္ယာဥ္ဟုိင္းလပ္တစ္စီးက ေနာက္ကေနဝင္တုိက္တယ္လို႔ေျပာတယ္။ ယာဥ္ေမာင္းက အိပ္ငုိက္လုိ႔လား တုိက္ေလာ့ျပဳတ္တာလားဆုိတာေတာ့ ကြၽန္ေတာ္တုိ႔ မသိရေသးပါဘူး ဘရိတ္အုပ္ထားတဲ့ အရာလဲမေတြ႔ဘူး။ ကြၽန္ေတာ္တုိ႔ ေစတနာမြန္လူမႈကူညီေရးအသင္းက လူနာတင္ယာဥ္ သုံးစီးအပါအဝင္ တျခား လူမႈကူညီေရးအသင္းေတြနဲ႔ဆုိရင္ စုစုေပါင္း ၇ စီး ေလာက္နဲ႔ ေဆး႐ုံကုိ ပုိ႔ေဆာင္ခဲ့ပါတယ္။ ယာဥ္ေမာင္းကေတာ့ ေဆး႐ုံေရာက္မွ ေသဆုံးသြားတာပါ၊ က်န္တဲ့ႏွစ္ေယာက္ကလည္း စိုးရိမ္ရပါတယ္ ” လုိ႔ ေျပာပါတယ္။

 

ျဖစ္စဥ္နဲ႔ပက္သက္ၿပီး အုန္းေခ်ာနယ္ေျမရဲစခန္းကို ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါ “ေလာေလာဆယ္ ယာဥ္ထိန္းမလာေသးဘူး၊ ယာဥ္ထိန္းကအမွဳဖြင့္မွ အမွဳကစခန္းေရာက္မွာပါ၊ ယာဥ္အမႈစစ္က လာေရာက္ တုိင္ၾကားျခင္းမ႐ွိေသးဘူး ” လို႔ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

 

Photo-ေစတနာမြန္ လူမွဳကူညီေရးအသင္း

#voiceofmyanmar #အုန္းေခ်ာ #ယာဥ္တိုက္မွဳ

 

Unicode

မန္တလေး-ပြင်ဦးလွင်လမ်းမှာ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအပါအဝင်(၃)ဦးသေ

အုန်းချော အောက်တိုဘာ ၂၁-၂၀၁၉
ရှိုင်းအောင်(VOM)

မန္တလေး-ပြင်ဦးလွင်လမ်းမကြီး၊ ငွေတောင်ကျေးရွာနားက မိုင်တိုင်၁၀/၁ မှာ ရပ်ထားတဲ့ ကျောက်တင်ထော်လာဂျီယာဉ်တစ်စီးကို ခရီးသည်တင် ဟိုင်းလတ်မော်တော်ယာဉ်လိုင်းကားတစ်စီးက နောက်ကနေဝင်တိုက်တဲ့ဖြစ်စဉ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

 

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ဟိုင်းလတ်မော်တော်ယာဉ်လိုင်းကားပေါ်လိုက်လာတဲ့ ခရီးသည် ၁၃-ဦးထဲက ယာဉ်မောင်းအပါအဝင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကျန်တဲ့လူတွေလည်း ဒဏ်ရာအသီးသီး ရရှိခဲ့တာဖြစ်ပါတယ်။

 

ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ အုန်းချော စေတနာမွန်လူမှုကူညီရေးအသင်းက ကိုအောင်သူ ပြောပြတာက “ လမ်းဘေးမှာ ရပ်ထားတဲ့ ကျောက်တင်ထော်လာဂျီကို ခရီးသည်တင်ယာဉ်ဟိုင်းလပ်တစ်စီးက နောက်ကနေဝင်တိုက်တယ်လို့ပြောတယ်။ ယာဉ်မောင်းက အိပ်ငိုက်လို့လား တိုက်လော့ပြုတ်တာလားဆိုတာတော့ ကျွန်တော်တို့ မသိရသေးပါဘူး ဘရိတ်အုပ်ထားတဲ့ အရာလဲမတွေ့ဘူး။ ကျွန်တော်တို့ စေတနာမွန်လူမှုကူညီရေးအသင်းက လူနာတင်ယာဉ် သုံးစီးအပါအဝင် တခြား လူမှုကူညီရေးအသင်းတွေနဲ့ဆိုရင် စုစုပေါင်း ၇ စီး လောက်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ယာဉ်မောင်းကတော့ ဆေးရုံရောက်မှ သေဆုံးသွားတာပါ၊ ကျန်တဲ့နှစ်ယောက်ကလည်း စိုးရိမ်ရပါတယ် ” လို့ ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပက်သက်ပြီး အုန်းချောနယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ “လောလောဆယ် ယာဉ်ထိန်းမလာသေးဘူး၊ ယာဉ်ထိန်းကအမှုဖွင့်မှ အမှုကစခန်းရောက်မှာပါ၊ ယာဉ်အမှုစစ်က လာရောက် တိုင်ကြားခြင်းမရှိသေးဘူး ” လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

Photo-စေတနာမွန် လူမှုကူညီရေးအသင်း

#voiceofmyanmar #အုန်းချော #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW