စစ္ကိုင္းၿမိဳ႕မွာ အခြန္မေဆာင္တဲ့ ေရႊဆိုင္ ေၾကာ္ျငာဆိုင္းဘုတ္ေတြ လိုက္လံျဖဳတ္သိမ္း

စစ္ကုိင္း ေအာက္တိုဘာ ၂၂-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ႕မွာ အခြန္ေဆာင္ထားျခင္းမရွိတဲ့ ေရႊဆုိင္ ေၾကာ္ျငာဆိုင္းဘုတ္ေတြကုိ ေအာက္တိုဘာ၂၁ရက္ေန႔ နံနက္ပိုင္းက စစ္ကိုင္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက လုိက္လံၿဖဳတ္သိမ္းခဲ့တာ ျပဳလုပ္ခဲ့ပါတယ္။

စစ္ကုိင္းၿမဳိ႕၊ မႏၲေလး-မုံရြာ ကားလမ္း၊ ေက်ာ္ထက္ေကြ႕လမ္းဆုံကေန သီရိမဂၤလာဂုံးေက်ာ္တံတားအထိ စစ္ကိုင္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီကုိ အခြန္ေပးေဆာင္ျခင္းမရွိဘဲ လာခ်ိတ္ထားတဲ့ ေမာင္ကိန္း ေရႊဆိုင္ေၾကာ္ျငာဆိုင္းဘုတ္(၁၈)ခုကုိ စည္ပင္ဝန္ထမ္းေတြက ျဖဳတ္ခ်သိမ္းဆည္းခဲ့တာ ျဖစ္ပါတယ္။

” တကယ္ေတာ့ သူ႕တုိ႕က ေၾကာ္ျငာခ်င္တဲ့ ေနရာကုိ လာေရာက္ေလၽွာက္ထားၿပီမွ ေၾကာ္ျငာရမွာ၊ ခုဟာက ကုိ႔ယ္ဟာကုိ လာစုိက္တယ္၊ လာကပ္တယ္၊ စည္ပင္ဥပေဒနဲ႔မညီဘူးေပါ့၊ တင္ျပၿပီးမွ ခြင့္ျပဳမိန္႔လည္း ယူတာမဟုတ္တဲ့အတြက္ လုိက္လံသိမ္ဆည္းတာပါ၊ အေရးယူတဲ့အပုိင္ေတာ့မရွိပါဘူး “လို႔ စစ္ကုိင္းၿမဳိ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးဝင္းႏုိင္က ေၿပာပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္စည္ပင္သာယာနယ္နိမိတ္အတြင္း ေၾကာ္ျငာဆိုင္းဘုတ္မ်ား လာေရာက္တပ္ဆင္ခ်ိတ္ဆြဲပါက စစ္ကိုင္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၊အခြန္ဌာနကို လာေရာက္စာရင္းေပး အခြန္ေဆာင္မွသာ ခြင့္ျပဳသြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

Photo -သာထူးေအာင္
#voiceofmyanmar #စစ္ကိုင္းၿမိဳ႕ #အခြန္မေဆာင္တဲ့ေရႊဆိုင္ေၾကာ္ျငာဆိုင္းဘုတ္ေတြ #လိုက္လံျဖဳတ္သိမ္း

 

Unicode

စစ်ကိုင်းမြို့မှာ အခွန်မဆောင်တဲ့ ရွှေဆိုင် ကြော်ငြာဆိုင်းဘုတ်တွေ လိုက်လံဖြုတ်သိမ်း

စစ်ကိုင်း အောက်တိုဘာ ၂၂-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းမြို့မှာ အခွန်ဆောင်ထားခြင်းမရှိတဲ့ ရွှေဆိုင် ကြော်ငြာဆိုင်းဘုတ်တွေကို အောက်တိုဘာ၂၁ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီက လိုက်လံဖြုတ်သိမ်းခဲ့တာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းမြို့၊ မန္တလေး-မုံရွာ ကားလမ်း၊ ကျော်ထက်ကွေ့လမ်းဆုံကနေ သီရိမင်္ဂလာဂုံးကျော်တံတားအထိ စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီကို အခွန်ပေးဆောင်ခြင်းမရှိဘဲ လာချိတ်ထားတဲ့ မောင်ကိန်း ရွှေဆိုင်ကြော်ငြာဆိုင်းဘုတ်(၁၈)ခုကို စည်ပင်ဝန်ထမ်းတွေက ဖြုတ်ချသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

” တကယ်တော့ သူ့တို့က ကြော်ငြာချင်တဲ့ နေရာကို လာရောက်လျှောက်ထားပြီမှ ကြော်ငြာရမှာ၊ ခုဟာက ကို့ယ်ဟာကို လာစိုက်တယ်၊ လာကပ်တယ်၊ စည်ပင်ဥပဒေနဲ့မညီဘူးပေါ့၊ တင်ပြပြီးမှ ခွင့်ပြုမိန့်လည်း ယူတာမဟုတ်တဲ့အတွက် လိုက်လံသိမ်ဆည်းတာပါ၊ အရေးယူတဲ့အပိုင်တော့မရှိပါဘူး “လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။

စစ်ကိုင်းမြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်များ လာရောက်တပ်ဆင်ချိတ်ဆွဲပါက စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနကို လာရောက်စာရင်းပေး အခွန်ဆောင်မှသာ ခွင့်ပြုသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Photo -သာထူးအောင်
#voiceofmyanmar #စစ်ကိုင်းမြို့ #အခွန်မဆောင်တဲ့ရွှေဆိုင်ကြော်ငြာဆိုင်းဘုတ်တွေ #လိုက်လံဖြုတ်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW