ဝက္ေမြးျမဴေရးၿခံေတြကထြက္တဲ့ အနံ႔ဆိုးေတြေၾကာင့္ ေဒသခံျပည္သူမ်ား က်န္းမာေရးထိခိုက္မႈ ႀကဳံေတြ႕ေနရတာကို ရွင္းလင္းေပးေစလို

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ ကံမၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြမွာ ဝက္ေမြးျမဴေရးၿခံမ်ားကထြက္တဲ့ အညစ္အေၾကး၊ အနံ႔ဆိုးေတြေၾကာင့္ ေဒသခံျပည္သူမ်ား က်န္းမာေရးထိခိုက္မႈနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ ေဒသခံေတြက သက္ဆိုင္ရာသိေစဖို႔ VOMကေနတဆင့္ ဆက္သြယ္ေျပာၾကားလာပါတယ္။

က်န္းမာေရးထိခိုက္မႈနဲ႔ ႀကဳံေတြ႕ေနရတဲ့ ေက်း႐ြာေတြမွာ အသားတိုးဝက္မ်ားကို ေနအိမ္အမ်ားစုက ေမြးျမဴထားၾကၿပီး သန႔္ရွင္းစြာေမြးျမဴျခင္းမရွိဘဲ စည္းကမ္းမဲ့ ေမြးျမဴေနတာေတြေၾကာင့္ ေက်း႐ြာမ်ားအတြင္းကို ဝင္ေရာက္လာၾကတဲ့သူမ်ားမွာ အနံ႔ဆိုးမ်ားကို စတင္ရႉရႈိက္ေနရတယ္လို႔ ေဒသခံျပည္သူမ်ားကေျပာပါတယ္။

“ေက်း႐ြာမွာ ေနထိုင္ၾကတဲ့ သက္ႀကီး႐ြယ္အိုေတြ ကေလးသူငယ္ေတြ က်န္းမာေရးမေကာင္းသူေတြဟာ အဲဒီအနံ႔အသက္ဆိုးေတြကို ရႉရႈိက္ေနရတာေၾကာင့္ အသက္ရႉလမ္းေၾကာင္းေတြမွာ ျဖစ္ပြားေနတဲ့ေရာဂါေတြ ခံစားေနၾကရတယ္”လို႔ ကံမၿမိဳ႕နယ္ ေဇြးမိေက်း႐ြာတြင္ေနထိုင္သူ ကိုေအာင္ေက်ာ္သူက ဆိုပါတယ္။

အနံ႔ဆိုးမ်ားထြက္ေနရျခင္းမွာ ဝက္မ်ားကို စနစ္တက်ေမြးျမဴမႈမရွိျခင္း၊ ဝက္ၿခံအညစ္အေၾကးမ်ားကို သန႔္ရွင္းေရးမျပဳလုပ္ျခင္း၊ ထြက္လာတဲ့ အညစ္အေၾကးမ်ားဟာ ပတ္ဝန္းက်င္ ေနအိမ္မ်ားကို စီးဆင္းပ်ံ႕ႏွံ႔ေနျခင္း၊ လူေနအိမ္မ်ား နဲ႔ နီးကပ္စြာတည္ရွိေနျခင္း စတဲ့အေၾကာင္းအရာေတြေၾကာင့္ ေဒသခံျပည္သူေတြ ခုလိုခံစားေနရတာျဖစ္ပါတယ္။

“ဝက္ၿခံေတြက အိမ္နဲ႔နီးေနၿပီး ဝက္ၿခံေတြကထြက္တဲ့ အနံ႔ဆိုးေတြက ပတ္ဝန္းက်င္ ေလထုထဲသို႔ ပ်ံ႕လြင့္ၿပီး ေန႔စဥ္ရႉရႈိက္ေနရတာေၾကာင့္ ကေလးသူငယ္ေတြ သက္ႀကီး႐ြယ္အိုေတြ လူနာေတြမွာ ေနစရာေနရာမရွိျဖစ္ေနၾကၿပီး အဲဒီဆိုး႐ြားေသာ အနံ႔အသက္ေတြဟာ ႐ြာဦးေက်ာင္းမ်ားမွာ ေက်ာင္းထိုင္ေနၾကတဲ့ ဆရာေတာ္သံဃာေတာ္မ်ားအထိပ်ံ႕လြင့္ေနတယ္” လို႔ ေျခာက္ပင္ေခတ္သစ္ေက်ာင္း ဆရာေတာ္ဘဒၵႏၲဝိလာသ ကလည္း မိန႔္ၾကားပါတယ္။

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈေကာ္မတီဥကၠဌ ဦးေဇာ္ဝင္းက ဒီကိစၥကို ကြင္းဆင္းေဆာင္႐ြက္ကာ ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားနဲ႔ ေပါင္းစပ္ ညႇိႏႈိင္းေဆာင္႐ြက္ေပးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း သက္ဆိုင္ရာဌာန အဖြဲ႕အစည္းအဆင့္ဆင့္က ပညာေပးေဟာေျပာျခင္း၊ အေရးယူေဆာင္႐ြက္ေပးျခင္းမ်ားကို ထိေရာက္စြာ လုပ္ေဆာင္ေပးျခင္းမရွိေသးဘူးလို႔ ေဒသခံေတြက ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္ကို ေဒသခံေတြက Voice Of Myanmar သတင္းေထာက္ ဂ်န္ကိုးလ္ကို ေပးပို႔ထားတာျဖစ္ၿပီး အလားတူကိစၥရပ္မ်ိဳး ေဒသခံမ်ားကၾကံဳေတြ႔လာရင္ အခ်က္အလက္ စံုလင္စြာနဲ႔ ေပးပို႔နိုင္ပါတယ္။

#voiceofmyanmar #လူထုအသံ

Unicode

ဝက်မွေးမြူရေးခြံတွေကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်မှု ကြုံတွေ့နေရတာကို ရှင်းလင်းပေးစေလို

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဝက်မွေးမြူရေးခြံများကထွက်တဲ့ အညစ်အကြေး၊ အနံ့ဆိုးတွေကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သက်ဆိုင်ရာသိစေဖို့ VOMကနေတဆင့် ဆက်သွယ်ပြောကြားလာပါတယ်။

ကျန်းမာရေးထိခိုက်မှုနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေမှာ အသားတိုးဝက်များကို နေအိမ်အများစုက မွေးမြူထားကြပြီး သန့်ရှင်းစွာမွေးမြူခြင်းမရှိဘဲ စည်းကမ်းမဲ့ မွေးမြူနေတာတွေကြောင့် ကျေးရွာများအတွင်းကို ဝင်ရောက်လာကြတဲ့သူများမှာ အနံ့ဆိုးများကို စတင်ရှူရှိုက်နေရတယ်လို့ ဒေသခံပြည်သူများကပြောပါတယ်။

“ကျေးရွာမှာ နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ ကျန်းမာရေးမကောင်းသူတွေဟာ အဲဒီအနံ့အသက်ဆိုးတွေကို ရှူရှိုက်နေရတာကြောင့် အသက်ရှူလမ်းကြောင်းတွေမှာ ဖြစ်ပွားနေတဲ့ရောဂါတွေ ခံစားနေကြရတယ်”လို့ ကံမမြို့နယ် ဇွေးမိကျေးရွာတွင်နေထိုင်သူ ကိုအောင်ကျော်သူက ဆိုပါတယ်။

အနံ့ဆိုးများထွက်နေရခြင်းမှာ ဝက်များကို စနစ်တကျမွေးမြူမှုမရှိခြင်း၊ ဝက်ခြံအညစ်အကြေးများကို သန့်ရှင်းရေးမပြုလုပ်ခြင်း၊ ထွက်လာတဲ့ အညစ်အကြေးများဟာ ပတ်ဝန်းကျင် နေအိမ်များကို စီးဆင်းပျံ့နှံ့နေခြင်း၊ လူနေအိမ်များ နဲ့ နီးကပ်စွာတည်ရှိနေခြင်း စတဲ့အကြောင်းအရာတွေကြောင့် ဒေသခံပြည်သူတွေ ခုလိုခံစားနေရတာဖြစ်ပါတယ်။

“ဝက်ခြံတွေက အိမ်နဲ့နီးနေပြီး ဝက်ခြံတွေကထွက်တဲ့ အနံ့ဆိုးတွေက ပတ်ဝန်းကျင် လေထုထဲသို့ ပျံ့လွင့်ပြီး နေ့စဉ်ရှူရှိုက်နေရတာကြောင့် ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ လူနာတွေမှာ နေစရာနေရာမရှိဖြစ်နေကြပြီး အဲဒီဆိုးရွားသော အနံ့အသက်တွေဟာ ရွာဦးကျောင်းများမှာ ကျောင်းထိုင်နေကြတဲ့ ဆရာတော်သံဃာတော်များအထိပျံ့လွင့်နေတယ်” လို့ ခြောက်ပင်ခေတ်သစ်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိလာသ ကလည်း မိန့်ကြားပါတယ်။

မကွေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဌ ဦးဇော်ဝင်းက ဒီကိစ္စကို ကွင်းဆင်းဆောင်ရွက်ကာ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းအဆင့်ဆင့်က ပညာပေးဟောပြောခြင်း၊ အရေးယူဆောင်ရွက်ပေးခြင်းများကို ထိရောက်စွာ လုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို ဒေသခံတွေက Voice Of Myanmar သတင်းထောက် ဂျန်ကိုးလ်ကို ပေးပို့ထားတာဖြစ်ပြီး အလားတူကိစ္စရပ်မျိုး ဒေသခံများကကြုံတွေ့လာရင် အချက်အလက် စုံလင်စွာနဲ့ ပေးပို့နိုင်ပါတယ်။

#voiceofmyanmar #လူထုအသံ

Related posts

Leave a Comment

VOM News

FREE
VIEW