ရေသ့ေတာင္မွာစာသင္ေက်ာင္းအနီးလက္နက္ႀကီးက်ေရာက္လိုု႕ ေက်ာင္းပိတ္ထားရ

ရေသ့ေတာင္၊ေအာက္တုိဘာ၂၃-၂၀၁၉

ခိုင္လင္းစံ(VOM)

 

ရခိုင္ျပည္နယ္၊ေျမာက္ပိုင္းေဒသကရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ဆင္ခုန္တုိင္စာသင္ေက်ာင္းအနီးေအာက္တိုုဘာ ၂၂ရက္ မေန႔မနက္ပိုင္းကလက္နက္ႀကီးက်ည္တစ္လံုးက်ေရာက္ေပါက္ကြဲခဲ့ပါတယ္။

 

အဲ့ဒီလက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ေက်ာင္းသားေတြကိုမိဘေတြကလာေရာက္ေခၚယူသြားတဲ့အတြက္ေက်ာင္းကိုလည္းပိတ္ထားလိုက္ရတယ္လို႔အမည္မေဖာ္လိုတဲ့ပညာေရးဝန္ထမ္းတစ္ဦးကေျပာပါတယ္။

 

“လက္နက္ႀကီးက်ည္ကေက်ာင္းနဲ႔ကိုက္၅၀ေလာက္ပဲေဝးတဲ့ေနရာမွာေပါက္ကြဲတာပါ။ၿခံစည္းရိုးအျပင္ကေပါ့။ကေလးေတြစာသင္ေနတဲ့အခ်ိ္န္မွာက်တာပါ။ကေလးေတြကလည္းေၾကာက္ၿပီးထြက္ေျပးၾကေတာ့ေက်ာင္းကိုပါပိတ္ထားလိုက္ရတယ္။ထိခိုက္မႈေတာ့မရွိခဲ့ဘူး။”လို႔သူကေျပာပါတယ္။

 

လက္နက္ႀကီးက်ည္ဟာေက်ာင္းၿခံစည္းရိုးအနီးက်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္စာသင္ေနၾကတဲ့ဆရာဆရာမေတြနဲ႔ကေလးေတြဟာစိုးရိမ္ေၾကာက္လန္႔ခဲ့ၾကၿပီးမိဘေတြလည္းလာေရာက္ေခၚယူသြားခဲ့ၾကတာျဖစ္ပါတယ္။

 

ဆင္ခုန္တုိင္ေက်းရြာအနီးမွာတုိက္ပြဲျဖစ္ပြားတာမရွိဘဲဘယ္ကပစ္လိုက္တဲ့က်ည္မွန္းမသိက်ေရာက္လာခဲ့တာျဖစ္တယ္လို႔ေဒသခံေတြကေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာဒီေန႔မနက္ပို္င္းကတုိက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိေၾကာင္းနဲ႔အခုလိုမ်ိဳးေက်ာင္းအနီးမွာလက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲတာကိုလည္းမသိဘူးလို႔အေနာက္ပို္င္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းဦးစီးဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကေျပာပါတယ္။

 

“ကၽြန္ေတာ္တုိ႔ကအသံၾကားေတာ့ေက်ာင္းရွိတဲ့ကၾကတယ္။ေက်ာင္းကိုက်တာလားဆိုၿပီးကေလးေတြကိုစိုးရိမ္စိတ္နဲ႔လာၾကည့္ေတာ့ကေလးေတြကေၾကာက္ၿပီးထြက္ေျပးေနၾကတယ္။ငိုသူငိုလို႔ေပါ့။ေတာ္ေတာ္စိုးရိမ္သြားတယ္။ေက်ာင္းမွာစာသင္ခိုင္းမွာေတာင္စိတ္မခ်ႏုိင္ေတာ့ဘူး။”လို႔ေက်ာင္းသားမိဘတစ္ဦးကေျပာပါတယ္။

 

ဆင္ခုန္တုိင္ေက်ာင္းဟာမူလတန္းလြန္အစိုးရပညာေရးေက်ာင္းတစ္ေက်ာင္းျဖစ္ၿပီးအဲ့ဒီေက်ာင္းမွာစစ္ေဘးေရွာင္ကေလးငယ္ေတြအပါအဝင္ေက်ာင္းသာဦးေရ၆၀ခန္႔ပညာသင္ၾကားေနၾကတာျဖစ္တယ္လို႔ပညာေရးဝန္ထမ္းေတြကေျပာပါတယ္။

 

#voiceofmyanmar #ရေသ႕ေတာင္ #ဆင္ခုုန္တိုုင္မူလတန္းေက်ာင္း #လက္နက္ၾကီးက

Unicode

 

ရသေ့တောင်မှာ စာသင်ကျောင်းအနီးလက်နက်ကြီးကျရောက်လို့ ကျောင်းပိတ်ထားရ

ရသေ့တောင်၊ အောက်တိုဘာ ၂၃-၂၀၁၉
ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်အတွင်းမှာရှိတဲ့ ဆင်ခုန်တိုင်စာသင်ကျောင်းအနီး အောက်တိုဘာ ၂၂ရက် မနေ့မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

 

အဲ့ဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသားတွေကို မိဘတွေက လာရောက်ခေါ်ယူသွားတဲ့အတွက် ကျောင်းကိုလည်းပိတ်ထားလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

 

“လက်နက်ကြီးကျည်က ကျောင်းနဲ့ ကိုက် ၅၀ လောက်ပဲဝေးတဲ့နေရာမှာ ပေါက်ကွဲတာပါ။ ခြံစည်းရိုးအပြင်ကပေါ့။ ကလေးတွေစာသင်နေတဲ့အချိန်မှာ ကျတာပါ။ ကလေးတွေကလည်းကြောက်ပြီး ထွက်ပြေးကြတော့ ကျောင်းကိုပါပိတ်ထားလိုက်ရတယ်။ ထိခိုက်မှုတော့ မရှိခဲ့ဘူး။”လို့ သူကပြောပါတယ်။

 

လက်နက်ကြီးကျည်ဟာ ကျောင်းခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စာသင်နေကြတဲ့ ဆရာဆရာမတွေနဲ့ ကလေးတွေဟာ စိုးရိမ်ကြောက်လန့်ခဲ့ကြပြီး မိဘတွေလည်း လာရောက်ခေါ်ယူသွားခဲ့ကြတာဖြစ်ပါတယ်။

 

ဆင်ခုန်တိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘယ်ကပစ်လိုက်တဲ့ကျည်မှန်းမသိ ကျရောက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနဲ့ အခုလိုမျိုး ကျောင်းအနီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကိုလည်းမသိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

 

“ကျွန်တော်တို့က အသံကြားတော့ ကျောင်းရှိတဲ့ကကြတယ်။ ကျောင်းကိုကျတာလားဆိုပြီး ကလေးတွေကိုစိုးရိမ်စိတ်နဲ့ လာကြည့်တော့ ကလေးတွေက ကြောက်ပြီး ထွက်ပြေးနေကြတယ်။ ငိုသူငိုလို့ပေါ့။ တော်တော်စိုးရိမ်သွားတယ်။ ကျောင်းမှာ စာသင်ခိုင်းမှာတောင် စိတ်မချနိုင်တော့ဘူး။”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

 

ဆင်ခုန်တိုင်ကျောင်းဟာ မူလတန်းလွန်အစိုးရပညာရေးကျောင်းတစ်ကျောင်းဖြစ်ပြီး အဲ့ဒီကျောင်းမှာ စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ကျောင်းသာဦးရေ ၆၀ ခန့် ပညာသင်ကြားနေကြတာဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပါတယ်။

#voiceofmyanmar #ရသေ့တောင် #ဆင်ခုန်တိုင်မူလတန်းကျောင်း #လက်နက်ကြီးက

Related posts

Leave a Comment

VOM News

FREE
VIEW