
Zawgyi

မိုးယံ(VOM)

 


 

‛ကျနော်တို့ စည်ပင်ဝန်ထမ်းတွေနို့တစ်စာတွေ လိုက်ပို့ပေးထားပါတယ်။

 


 


 


 


Unicode

ရွှေပြည်သာမြို့နယ်မှာ ကျူးကျော်ဆိုင်တွေနဲ့ ပန်းအိုးတွေ ၇ရက်အတွင်းဖယ်ရှားဖို့ စည်ပင်က သတိပေး

ရွှေပြည်သာ အောက်တိုဘာ ၂၃-၂၀၁၉
မိုးယံ(VOM)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံမှာ အောက်တိုဘာ ၂၂ရက် မနေ့ညနေ၅နာရီခန့်က ကျူးကျော်ဆိုင်ခန်းတွေ အဖီအဆွယ်တွေနဲ့ သစ်ပင်ပန်းအိုးတွေကို ၇ရက်အတွင်းဖယ်ရှားပေးဖို့ စည်ပင်ဝန်ထမ်းတွေက သတိပေးစာတွေ ပို့ပေးနေပါတယ်။

‛ကျနော်တို့ စည်ပင်ဝန်ထမ်းတေ ွနို့တစ်စာတွေ လိုက်ပို့ပေးထားပါတယ်။
ထန်းခြောက်ပင်လမ်းဆုံကနေ ဘုရင့်နောင်လမ်းတစ်လျှောက် ချစ်ကောင်း၊ ရွှေယ၊ုံ ရွှေအင်းဝ ၊ 124ကားဂိတ်၊ စက်မှုလမ်းဆုံရာအထိ လမ်းဘေးဝဲယာ ဆိုင်ကျူးအဖီဆွယ်ကျူးတွေ အကုန်ပါမယ်
ပန်းအိုးတွေသစ်ပင်စိုက်တာတွေအကုန်ပါမယ် ။ နို့တစ်စာမှာ ၇ရက်အတွင်း ဖျက်သိမ်းပေးဖို့နဲ့မလိုက်နာရင် စည်ပင်ဥပဒေအတိုင်း အရေးယူသွားမယ်လို့ဖော်ပြထားပါတယ် အဓိက ကတော့ ကျနော်တို့မြို့သာယာလှပဖို့လုပ်တာပါလို့’ရွှေပြည်သာမြို့နယ် စည်/ကော်ဥက္ကဋ္ဌဦးသိန်းဇံကပြောပါတယ်။

နို့တစ်စာ ပို့ခံရတာနဲ့ပတ်သက်ပြီး ဘုရင့်နောင်လမ်းဘေးမှာရှိတဲ့ နိုနို ကလေးကစားစရာနှင့်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင် ဆိုင်ရှင်ဒေါ်စန်းစန်းနွယ်က အခုလိုပြောပါတယ်။

“ ကျမတို့ဆိုင်က ကျူးထားတာမှန်ပါတယ် မြို့နယ်သာယာလှပရေးအတွက် လုပ်တာဆိုတော့ လိုက်နာရမှာပါဘဲ ဥပဒေအတိုင်း အများလုပ်ရင်တော့ ကိုယ်တွေလည်း လိုက်လုပ်ရမှာပေါ့ တစ်ဦးတစ်ယောက်တည်း ခိုင်းတာဆိုရင်တော့ မလုပ်ပေးဘူးလို့’ဆိုပါတယ်။

အခုလိုဖယ်ရှားခိုင်းတာတွေကို ပထမအဆင့် ဒုတိယ အဆင့် တတိယအဆင့် အနေနဲ့ တစ်မြို့နယ်လုံး ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #ရွှေပြည်သာ #စည်ပင်သာယာ #ဆိုင်ကျူး #ပန်းအိုးကျူး

Related posts

Leave a Comment

VOM News

FREE
VIEW