ကယ်လီဖိုးနီးယားမှာ တောမီးအကြီးအကျယ်လောင်ကျွမ်း၊ အဝေးပြေးလမ်းနဲ့ စာသင်ကျောင်းတွေပိတ်ထားရ

လော့အိန်ဂျလိစ်၊ အောက်တိုဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းနေတာကြောင့် နေအ်ိမ်တွေမီးလောင်ကျွမ်းနေသလို ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရပါတယ်။ ပြည်နယ် တောင်ပိုင်းဒေသတစ်ခုတည်းမှာပင် မီးသတ်သမား တစ်ထောင်လောက်နဲ့ မီးငြိမ်းသတ်ရေး လုပ်ဆောင်နေရပါတယ်။

လော့အိန်ဂျလိစ်မြောက်ပိုင်း ဆန်တာကလာရီတာအနီးနေထိုင်တဲ့ သောင်းချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး တောမီးဟာဧကလေးထောင်ကျော်အထိ လောင်ကျွမ်းနေပါတယ်။

တောမီးကြောင့် အဲဒီဒေသက အဓိကအဝေးပြေးလမ်းမကြီးအပါအ၀င် စာသင်ကျောင်းအားလုံး ပိတ်ထားလိုက်ရပြီး ခရီးဝေးသွားပြီး အလုပ်လုပ်ကိုင်ရသူတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။

လေတိုက်နှုန်းဟာလည်း တစ်နာရီကို ၁၀၅ ကီလိုမီတာနှုန်းတိုက်ခတ်နေတာကြောင့် မီးဟာ အလျင်အမြန် လောင်ကျွမ်းနေပြီး အောက်တိုဘာ ၂၅ ရက်နေ့ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

လူနေဒေသတွေကို ဦးတည်နေပြီး အဆောက်အအုံ ၁၀၀၀ ကျော်ကို လောင်ကျွမ်းလာနိုင်တဲ့ တောမီးကို မီးသတ်ရဟတ်ယာဉ်တွေရဲ့ အကူအညီနဲ့ မီးသတ်သမား ၁၃၂၅ ဦးက ငြိမ်းသတ်လျက်ရှိပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်ကလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်နယ်အတွင်း အပူချိန်မြင့်မားတာတွေနဲ့လေပြင်းတိုက်ခိုက်တာတွေကြောင့် တောမီးလောင်ကျွမ်းလေ့ရှိပါတယ်။

Ref: CNA
Photo: AFP

 

(Zawgyi)

ကယ္လီဖိုးနီးယားမွာ ေတာမီးအႀကီးအက်ယ္ေလာင္ကြၽမ္း၊ အေဝးေျပးလမ္းနဲ႔ စာသင္ေက်ာင္းေတြပိတ္ထားရ

ေလာ့အိန္ဂ်လိစ္၊ ေအာက္တိုဘာ-၂၆-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေတာမီးအႀကီးအက်ယ္ေလာင္ကြၽမ္းေနတာေၾကာင့္ ေနအ္ိမ္ေတြမီးေလာင္ကြၽမ္းေနသလို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းမႈေတြ လုပ္ေဆာင္ေနရပါတယ္။ ျပည္နယ္ ေတာင္ပိုင္းေဒသတစ္ခုတည္းမွာပင္ မီးသတ္သမား တစ္ေထာင္ေလာက္နဲ႔ မီးၿငိမ္းသတ္ေရး လုပ္ေဆာင္ေနရပါတယ္။

ေလာ့အိန္ဂ်လိစ္ေျမာက္ပိုင္း ဆန္တာကလာရီတာအနီးေနထိုင္တဲ့ ေသာင္းခ်ီတဲ့ ေဒသခံေတြဟာ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေနရၿပီး ေတာမီးဟာဧကေလးေထာင္ေက်ာ္အထိ ေလာင္ကြၽမ္းေနပါတယ္။

ေတာမီးေၾကာင့္ အဲဒီေဒသက အဓိကအေဝးေျပးလမ္းမႀကီးအပါအ၀င္ စာသင္ေက်ာင္းအားလုံး ပိတ္ထားလိုက္ရၿပီး ခရီးေဝးသြားၿပီး အလုပ္လုပ္ကိုင္ရသူေတြ အခက္အခဲျဖစ္ေပၚေနပါတယ္။

ေလတိုက္ႏႈန္းဟာလည္း တစ္နာရီကို ၁၀၅ ကီလိုမီတာႏႈန္းတိုက္ခတ္ေနတာေၾကာင့္ မီးဟာ အလ်င္အျမန္ ေလာင္ကြၽမ္းေနၿပီး ေအာက္တိုဘာ ၂၅ ရက္ေန႔ ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ၾကဖို႔ အမိန္႔ထုတ္ခဲ့ပါတယ္။

လူေနေဒသေတြကို ဦးတည္ေနၿပီး အေဆာက္အအုံ ၁၀၀၀ ေက်ာ္ကို ေလာင္ကြၽမ္းလာႏိုင္တဲ့ ေတာမီးကို မီးသတ္ရဟတ္ယာဥ္ေတြရဲ႕ အကူအညီနဲ႔ မီးသတ္သမား ၁၃၂၅ ဦးက ၿငိမ္းသတ္လ်က္ရွိပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့ ႏွစ္ကလည္း ေတာမီးအႀကီးအက်ယ္ေလာင္ကြၽမ္းခဲ့တာေၾကာင့္ လူ ၁၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး ျပည္နယ္အတြင္း အပူခ်ိန္ျမင့္မားတာေတြနဲ႔ေလျပင္းတိုက္ခိုက္တာေတြေၾကာင့္ ေတာမီးေလာင္ကြၽမ္းေလ့ရွိပါတယ္။

Ref: CNA
Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW