တရားမွ်တတဲ့ သယံဇာတခြဲေဝေပးမႈရရွိဖို႔ မိုးကုတ္မွာ ဆႏၵထုတ္ေဖာ္

မိုးကုတ္ ေအာက္တိုဘာ ၂၇-၂၀၁၉
ျဖဴျဖဴ (VOM)

 

တရားမွ်တတဲ့ သယံဇာတခြဲေဝေပးမႈရရွိဖို႔ ရာနဲ႔ခ်ီတဲ့မိုးကုတ္ၿမိဳ႕ေဒသခံေတြဟာ ေအာက္တိုဘာ ၂၇ ရက္က မိုးကုတ္ၿမိဳ႕အေနာက္ပိုင္း က်က္ျပင္ၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

 

“မိုးကုတ္မွာ ေက်ာက္ထြက္က်ဲတဲ့အစြန္အဖ်ားေနရာေတြမွာ ေပးလို႔ မေက်နပ္လို႔ ဆႏၵေဖာ္ထုတ္တာပါ။”လို႔ မိုးကုတ္ထပြဲ ေက်ာက္ကုန္သည္ပြဲစားမ်ားအသင္း အတြင္းေရးမႉး ဦးေဇာ္ဝင္းက ေျပာပါတယ္။

 

အလတ္စား အေသးစား လုပ္ကြက္ေတြကိုေတာ့ သယံဇာတထြက္ရွိရာေနရာေတြမွာ ခ်ထားေပးၿပီး လက္လုပ္လက္စားလုပ္ကိုင္သူေတြကို သယံဇာတထြက္ရွိမႈ အင္မတန္နည္းပါးတဲ့ေနရာေတြမွာခ်ထားေပးတာကို ေက်နပ္မႈမရွိလို႔ အခုလို ဆႏၵထုတ္ေဖာ္ရတာလို႔ သိရပါတယ္။

အဲဒီလို ေက်ာက္ထြက္ရွိမႈနည္းပါးၿပီး ေဝးလံတဲ့ေနရာမွာ ခ်ထားေပးတာေတြေၾကာင့္ မိုးကုတ္ၿမိဳ႕ေဒသခံေတြဟာ ေရရွည္ရပ္တည္ႏိုင္မွာမဟုတ္ဘဲ ေ႐ႊ႕ေျပာင္းလုပ္သားေတြအျဖစ္နဲ႔ အျခားေဒသေတြကို ေရာက္သြားမယ္လို႔ ဆႏၵထုတ္ေဖာ္ပြဲဦးေဆာင္သူ ေက်ာက္ျပႆဒ္႐ြာသား ဦးေဇာ္ဝင္းက ေျပာပါတယ္။

မိုးကုတ္ၿမိဳ႕ေဒသခံေတြဟာ ေက်ာက္မ်က္လုပ္ငန္းအေပၚမွီခိုလုပ္ကိုင္ေနရတာျဖစ္ၿပီး အဲဒီလို လုပ္ကိုင္သူရဲ႕ ၅၀ ရာခိုင္ႏႈန္းေက်ာ္ဟာ လက္လုပ္လက္စားလုပ္ကိုင္သူေတြလို႔ ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

တရားမွ်တမႈရွိတဲ့ သယံဇာတစီမံခန႔္ခြဲမႈျဖစ္ေပၚေရး ဒို႔အေရး၊ ယခင္သတ္မွတ္လုပ္ကြက္ဧရိယာအတြင္း လက္လုပ္လက္စားလုပ္ကြက္မ်ား သတ္မွတ္ေရး ဒို႔အေရး၊ လက္ဝါးႀကီးအုပ္ စီးပြားေရးစနစ္ အလိုမရွိဆဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

#voiceofmyanmar #မိုးကုတ္ #ဆႏၵျပ

Unicode

တရားမျှတတဲ့ သယံဇာတခွဲဝေပေးမှုရရှိဖို့ မိုးကုတ်မှာ ဆန္ဒထုတ်ဖော်

မိုးကုတ် အောက်တိုဘာ ၂၇
ဖြူဖြူ

တရားမျှတတဲ့ သယံဇာတခွဲဝေပေးမှုရရှိဖို့ ရာနဲ့ချီတဲ့မိုးကုတ်မြို့ဒေသခံတွေဟာ အောက်တိုဘာ ၂၇ ရက်က မိုးကုတ်မြို့အနောက်ပိုင်း ကျက်ပြင်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“မိုးကုတ်မှာ ကျောက်ထွက်ကျဲတဲ့အစွန်အဖျားနေရာတွေမှာ ပေးလို့ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာပါ။”လို့ မိုးကုတ်ထပွဲ ကျောက်ကုန်သည်ပွဲစားများအသင်း အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။

အလတ်စား အသေးစား လုပ်ကွက်တွေကိုတော့ သယံဇာတထွက်ရှိရာနေရာတွေမှာ ချထားပေးပြီး လက်လုပ်လက်စားလုပ်ကိုင်သူတွေကို သယံဇာတထွက်ရှိမှု အင်မတန်နည်းပါးတဲ့နေရာတွေမှာချထားပေးတာကို ကျေနပ်မှုမရှိလို့ အခုလို ဆန္ဒထုတ်ဖော်ရတာလို့ သိရပါတယ်။

အဲဒီလို ကျောက်ထွက်ရှိမှုနည်းပါးပြီး ဝေးလံတဲ့နေရာမှာ ချထားပေးတာတွေကြောင့် မိုးကုတ်မြို့ဒေသခံတွေဟာ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘဲ ရွှေ့ပြောင်းလုပ်သားတွေအဖြစ်နဲ့ အခြားဒေသတွေကို ရောက်သွားမယ်လို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ကျောက်ပြဿဒ်ရွာသား ဦးဇော်ဝင်းက ပြောပါတယ်။

မိုးကုတ်မြို့ဒေသခံတွေဟာ ကျောက်မျက်လုပ်ငန်းအပေါ်မှီခိုလုပ်ကိုင်နေရတာဖြစ်ပြီး အဲဒီလို လုပ်ကိုင်သူရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ လက်လုပ်လက်စားလုပ်ကိုင်သူတွေလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

တရားမျှတမှုရှိတဲ့ သယံဇာတစီမံခန့်ခွဲမှုဖြစ်ပေါ်ရေး ဒို့အရေး၊ ယခင်သတ်မှတ်လုပ်ကွက်ဧရိယာအတွင်း လက်လုပ်လက်စားလုပ်ကွက်များ သတ်မှတ်ရေး ဒို့အရေး၊ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် အလိုမရှိဆဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #မိုးကုတ် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW