လကမၻာေပၚမွာ ေရရိွ၊မရိွ ရွာေဖြမယ္႔ စူးစမ္းေရးစက္ရုပ္ နာဆာေစလႊတ္မည္

ဝါရွင္တန္၊ေအာက္တိုဘာ ၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

နာဆာဟာ လကမၻာေပၚကို ၂၀၂၄ ခုနွစ္မွာ လူသားေတြေစလႊတ္ဖို႔စီစဥ္ထားျပီး ဒီမတိုင္ခင္မွာ လမာၻေပၚမွာ လူသားေတြရွင္သန္ရပ္တည္နုိင္ေရး အေရးၾကီးတဲ႔ ေရရိွ၊ မရိွဆိုတာကို ရွာေဖြအကဲျဖတ္ဖို႔အတြက္ စူးစမ္းေရး စက္ရုပ္တစ္ရုပ္ကို ၂၀၂၂ ခုနွစ္မွာ ေစလႊတ္သြားမွာျဖစ္ပါတယ္။

VIPER လို႔အမည္ရတဲ႔ အဲဒီစက္ရုပ္ဟာ ေျခာက္ေသြ႔တဲ့လကမၻာရဲ႕မ်က္နွာျပင္မွာ မိုင္ေပါင္းမ်ားစြာ ေမာင္းနွင္သြားလာျပီး လကမၻာရဲ႕ မ်က္နွာျပင္ေအာက္မွာ ေရရိွ၊မရိွဆိုတဲ႔အခ်က္ကို ရွာေဖြသြားမွာျဖစ္တယ္လို႔ နာဆာမွ တာ၀န္ရိွသူတစ္ဦးျဖစ္သူ Jim Bridenstine ကေျပာပါတယ္။

အဆိုပါရွာေဖြေရးစက္ရုပ္ယာဥ္ဟာ လကမၻာရဲ႕ ေတာင္ဝန္ရိုးစြန္းကို ၂၀၂၂ ခုနွစ္ ဒီဇင္ဘာလမွ ေရာက္ရိွနုိင္ဖြယ္ရွိျပီး ေရရဲ႕ အေျခခံဓါတ္ေပါင္းေတြျဖစ္တဲ႔ ဟိုက္ဒရိုဂ်င္နဲ႔ ေအာက္စီဂ်င္ေတြရဲ႕ သဲလြန္စအတြက္ လကမၻာရဲ႕ ေျမသားနမူနာေတြကိုယူဖို႔ ကိရိယာေလးခုကိုလည္း သယ္ေဆာင္သြားမွာျဖစ္ပါတယ္။

ေရေတြ႔ရိွခဲ႔မယ္ဆိုရင္ေတာ႔ ဒီျဒပ္ေပါင္းထဲက လူသားေတြအသက္ရွဴနုိင္ဖို႔ ေအာက္ဆီဂ်င္ နဲ႔ အာကာသလြန္းပ်ံယာဥ္ေတြ၊ ဒံုးပ်ံေတြအတြက္ ေလာင္စာအျဖစ္ အသံုးျပဳနုိင္တဲ႔ ဟိုက္ဒရိုဂ်င္ေတြကို ခြဲထုတ္ျပီး အသံုးျပဳနုိင္မွာျဖစ္ပါတယ္။

VIPER ဟာ လကမၻာေပၚမွာ ေရရိွမရွိဆိုတာနဲ႔ ပတ္သက္ျပီး အခ်က္အလက္ေတြ စုေဆာင္းဖို႔ ေတြ႔ရိွခ်က္ေတြကို ရက္ေပါင္း ၁၀၀ မွတ္တမ္းလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ နာဆာက ေၾကညာထားပါတယ္။ နာဆာဟာ ၂၀၀၉ ခုနွစ္ကလည္း လကမၻာေပၚမွာ ေရရိွမရိွ အတည္ျပဳဖို႔ ယာဥ္တစ္စီးကို ေစလႊတ္ခဲ႔ဖူးျပီး လကမၻာရဲ႕ ေတာင္၀န္ရိုးစြန္းမွာ ပ်က္က်ခဲ႔ပါတယ္။

Ref & Photo : Reuters
#voiceofmyanmar #ဝါရွင္တန္ #စူးစမ္းေရးစက္ရုပ္ #နာဆာေစလႊတ္မည္

Unicode

လကမ္ဘာပေါ်မှာ ရေရှိ၊မရှိ ရှာဖွေမယ့် စူးစမ်းရေးစက်ရုပ် နာဆာစေလွှတ်မည်

ဝါရှင်တန်၊အောက်တိုဘာ ၂၇-၂၀၁၉
မျိုးဆက် (VOM)

နာဆာဟာ လကမ္ဘာပေါ်ကို ၂၀၂၄ ခုနှစ်မှာ လူသားတွေစေလွှတ်ဖို့စီစဉ်ထားပြီး ဒီမတိုင်ခင်မှာ လမ္ဘာပေါ်မှာ လူသားတွေရှင်သန်ရပ်တည်နိုင်ရေး အရေးကြီးတဲ့ ရေရှိ၊ မရှိဆိုတာကို ရှာဖွေအကဲဖြတ်ဖို့အတွက် စူးစမ်းရေး စက်ရုပ်တစ်ရုပ်ကို ၂၀၂၂ ခုနှစ်မှာ စေလွှတ်သွားမှာဖြစ်ပါတယ်။

VIPER လို့အမည်ရတဲ့ အဲဒီစက်ရုပ်ဟာ ခြောက်သွေ့တဲ့လကမ္ဘာရဲ့မျက်နှာပြင်မှာ မိုင်ပေါင်းများစွာ မောင်းနှင်သွားလာပြီး လကမ္ဘာရဲ့ မျက်နှာပြင်အောက်မှာ ရေရှိ၊မရှိဆိုတဲ့အချက်ကို ရှာဖွေသွားမှာဖြစ်တယ်လို့ နာဆာမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Jim Bridenstine ကပြောပါတယ်။

အဆိုပါရှာဖွေရေးစက်ရုပ်ယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ရောက်ရှိနိုင်ဖွယ်ရှိပြီး ရေရဲ့ အခြေခံဓါတ်ပေါင်းတွေဖြစ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်တွေရဲ့ သဲလွန်စအတွက် လကမ္ဘာရဲ့ မြေသားနမူနာတွေကိုယူဖို့ ကိရိယာလေးခုကိုလည်း သယ်ဆောင်သွားမှာဖြစ်ပါတယ်။

ရေတွေ့ရှိခဲ့မယ်ဆိုရင်တော့ ဒီဒြပ်ပေါင်းထဲက လူသားတွေအသက်ရှူနိုင်ဖို့ အောက်ဆီဂျင် နဲ့ အာကာသလွန်းပျံယာဉ်တွေ၊ ဒုံးပျံတွေအတွက် လောင်စာအဖြစ် အသုံးပြုနိုင်တဲ့ ဟိုက်ဒရိုဂျင်တွေကို ခွဲထုတ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

VIPER ဟာ လကမ္ဘာပေါ်မှာ ရေရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့ တွေ့ရှိချက်တွေကို ရက်ပေါင်း ၁၀၀ မှတ်တမ်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ နာဆာက ကြေညာထားပါတယ်။ နာဆာဟာ ၂၀၀၉ ခုနှစ်ကလည်း လကမ္ဘာပေါ်မှာ ရေရှိမရှိ အတည်ပြုဖို့ ယာဉ်တစ်စီးကို စေလွှတ်ခဲ့ဖူးပြီး လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းမှာ ပျက်ကျခဲ့ပါတယ်။

Ref & Photo : Reuters
#voiceofmyanmar #ဝါရှင်တန် #စူးစမ်းရေးစက်ရုပ် #နာဆာစေလွှတ်မည်

Related posts

Leave a Comment

VOM News

FREE
VIEW