နွစ္နိုင္ငံသေဘာတူညီခ်က္နဲ႔ ထိုင္းႏိုင္ငံကို အလုပ္သြားလုပ္သူေတြ အဆင္မေျပပဲ ျပန္လာ

ျမဝတီ၊ ေအာက္တုိဘာ ၂၉-၂၀၁၉
သူရိန္(VOM)

ျမန္မာျပည္မွာ နွစ္နိုင္ငံသေဘာတူညီခ်က္MOUစာခ်ဳပ္ခ်ဳပ္ၿပီး ထိုင္းနိုင္ငံကို အလုပ္သြားလုပ္တဲ့သူေတြ လုပ္ခလစာလံုးဝမရပဲ ျမန္မာနိုင္ငံကိုျပန္လာခဲ့ရတယ္လို႔ ျမန္မာအလုပ္သမားကူညီေရး(AAC)မဟာမိတ္အဖြဲ႔ကေနသိရပါတယ္။

“ ထိုင္းႏိုင္ငံကိုတရားဝင္MOU နဲ႔အလုပ္သြားေရာက္လုပ္တာပါ။ ျမန္မာျပည္မွာတုန္းက စာခ်ဳပ္တယ္။ ဟိုေရာက္ရင္ လုပ္ခ တစ္ရက္ကို ဘက္ ၃၂၀ ေပါ့ ။ထိုင္းေရာက္ေတာ့ စာခ်ဳပ္ပါ အခ်က္ေတြနဲ႔ကြဲလြဲတယ္။ အလုပ္လဲ မမွန္ဘူး။ ကုမၸဏီတာဝန္ရွိသူေတြကိုဆက္သြယ္ေတာ့လဲလာမရွင္းေပးဘူး။ ဒါနဲ႔ ျမဝတီျပန္ေရာက္လာတာပါ ” လို႔ ထိုင္းႏိုင္ငံကိုအလုပ္သြားေရာက္လုပ္ကိုင္ရာမွာ အဆင္မေျပတဲ့အတြက္ ျမဝတီၿမိဳ႕ကိုျပန္လည္ေရာက္ရွိလာတဲ့အလုပ္သမား တစ္ဦးကေျပာပါတယ္။

လက္ရိွ ျမဝတီနယ္စပ္မွာ ထိုင္းနိုင္ငံကေန ျပန္လည္ေရာက္ရွိလာသူ လူဦးေရ ၆၀ ခန္႔ ရိွေနၿပီး ကုမၸဏီ ၅ ခုက ထိုင္းႏိုင္ငံမွာ အလုပ္ရရွိမယ္ဆိုကာ MOU လက္မွတ္ေရးထိုး ပို႔ေဆာင္ေပးခဲ့ေပမယ့္လည္း လက္ရွိႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ားကို လာေရာက္ေျဖရွင္းေပးတာေတြ မရိွဘူးလုိ႔ သိရပါတယ္။

#voiceofmyanmar #ျမဝတီ #ထိုင္းနိုင္ငံ #အလုပ္သမားကိစၥ

 

Unicode

နှစ်နိုင်ငံသဘောတူညီချက်နဲ့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်သူတွေ အဆင်မပြေပဲ ပြန်လာ

မြဝတီ၊ အောက်တိုဘာ ၂၉-၂၀၁၉
သူရိန်(VOM)

မြန်မာပြည်မှာ နှစ်နိုင်ငံသဘောတူညီချက်MOUစာချုပ်ချုပ်ပြီး ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့သူတွေ လုပ်ခလစာလုံးဝမရပဲ မြန်မာနိုင်ငံကိုပြန်လာခဲ့ရတယ်လို့ မြန်မာအလုပ်သမားကူညီရေး(AAC)မဟာမိတ်အဖွဲ့ကနေသိရပါတယ်။

“ ထိုင်းနိုင်ငံကိုတရားဝင်MOU နဲ့အလုပ်သွားရောက်လုပ်တာပါ။ မြန်မာပြည်မှာတုန်းက စာချုပ်တယ်။ ဟိုရောက်ရင် လုပ်ခ တစ်ရက်ကို ဘက် ၃၂၀ ပေါ့ ။ထိုင်းရောက်တော့ စာချုပ်ပါ အချက်တွေနဲ့ကွဲလွဲတယ်။ အလုပ်လဲ မမှန်ဘူး။ ကုမ္ပဏီတာဝန်ရှိသူတွေကိုဆက်သွယ်တော့လဲလာမရှင်းပေးဘူး။ ဒါနဲ့ မြဝတီပြန်ရောက်လာတာပါ ” လို့ ထိုင်းနိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်ရာမှာ အဆင်မပြေတဲ့အတွက် မြဝတီမြို့ကိုပြန်လည်ရောက်ရှိလာတဲ့အလုပ်သမား တစ်ဦးကပြောပါတယ်။

လက်ရှိ မြဝတီနယ်စပ်မှာ ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ လူဦးရေ ၆၀ ခန့် ရှိနေပြီး ကုမ္ပဏီ ၅ ခုက ထိုင်းနိုင်ငံမှာ အလုပ်ရရှိမယ်ဆိုကာ MOU လက်မှတ်ရေးထိုး ပို့ဆောင်ပေးခဲ့ပေမယ့်လည်း လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများကို လာရောက်ဖြေရှင်းပေးတာတွေ မရှိဘူးလို့ သိရပါတယ်။

#voiceofmyanmar #မြဝတီ #ထိုင်းနိုင်ငံ #အလုပ်သမားကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW