ကင္မရြန္းမွာ မိုးအၾကီးအက်ယ္ရြာျပီး ေျမျပိဳမႈျဖစ္ပြားတာေၾကာင္႔ လူ ၄၂ ဦးေသဆံုး

ဒူအားလာ၊ ေအာက္တိုဘာ-၃၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ကင္မရြန္းနိုင္ငံ အေနာက္ပိုင္းမွာ မိုးအၾကီးအက်ယ္ရြာသြန္းျပီး ေျမျပိဳမႈျဖစ္ပြားခဲ႔တာေၾကာင္႔ တစ္ညတည္း လူ ၄၂ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ ကင္မရြန္းနိုင္ငံပိုင္ သတင္းဌာနက ေအာက္တိုဘာ ၂၉ ရက္မွာေဖာ္ျပပါတယ္။

နို္င္ငံအေနာက္ပိုင္း ကုန္းျမင္႔ေဒသရိွ ဘာဖိုဆမ္ျမိဳ႕မွာ ေျမျပိဳမႈေၾကာင္႔ ပ်က္စီးသြားတဲ႔ ေနအိမ္အပ်က္အစီး ေတြမွာ ကယ္ဆယ္ေရးသမားေတြက ရွာေဖြေရးေတြ တစ္ေနကုန္လုပ္ေဆာင္ေနပါတယ္။ ေတြ႔ရိွခ႔ဲတ႔ဲ အေလာင္းေတြထဲမွာ ကေလးငယ္ ၂၆ ဦးပါ၀င္တယ္လို႔ အဲဒီသတင္းဌာနကေဖာ္ျပထားပါတယ္။

အပ်က္အစီးေတြၾကားမွာ ေသဆံုးသူေတြရဲ႕ အေလာင္းေတြရိွေနေသးတယ္လို႔ ယံုၾကည္ရပါတယ္။ ည ၁၀ နာရီ၀န္းက်င္ေလာက္မွာ ဆူညံသံေတြၾကားရျပီး ဖုန္လံုးေတြကိုျမင္ခဲ႔ရျပီးေနာက္ အဲဒါေတြေပ်ာက္ကြယ္သြားခ်ိန္မွာ ေတာင္ျပိဳက်လာတာကို ျမင္လိုက္ရတယ္လို႔ ေျမျပိဳမႈကေန လြတ္ေျမာက္ခဲ႔တဲ႔ Albert Kenge ကေျပာပါတယ္။

အာဖရိကအလယ္ပိုင္းမွာ မိုးရာသီကုန္ျပိီးျဖစ္ေပမယ္႔လည္း မိုးအၾကီးအက်ယ္ဆက္လက္ရြာသြန္းေနျပီး ကင္မရြန္းနိုင္ငံရဲ႕ အိမ္နီးခ်င္း ဗဟိုအာဖရိကသမၼတနိုင္ငံမွာလည္း ေရၾကီးေရလွ်ံမႈေတြျဖစ္ပြားေနတာေၾကာင္႔ လူသံုးေသာင္းနီးပါး အိုးမဲ႔အိမ္မဲ႔ ျဖစ္ခဲ႔ရပါတယ္။

ဒါ႔အျပင္ ေတာင္ဆူဒန္နိုင္ငံမွာလည္း ပံုမွန္မဟုတ္တဲ႔ မိုးရြာသြန္းမႈေတြေၾကာင္႔ ေဆးရံုနဲ႔လမ္းေတြပ်က္စီးခဲ႔ျပီး လူ တစ္သန္းနီးပါးအတြက္ အစာအေသာက္နဲ႔ ေသာက္သံုးေရးရရိွဖို႔ အခက္အခဲေတြျဖစ္ေပၚေနေၾကာင္း ယူနီဆက္ဖ္က ျပီးခဲ႔တဲ႔ သီတင္းပတ္က ထုတ္ျပန္ထားပါတယ္။

Ref : Reuters
Photo: AP
#voiceofmyanmar #ကင္မရြန္း #ေျမၿပိဳမွဳ

 

Unicode

ကင်မရွန်းမှာ မိုးအကြီးအကျယ်ရွာပြီး မြေပြိုမှုဖြစ်ပွားတာကြောင့် လူ ၄၂ ဦးသေဆုံး

ဒူအားလာ၊ အောက်တိုဘာ-၃၀-၂၀၁၉
မျိုးဆက် (VOM)

ကင်မရွန်းနိုင်ငံ အနောက်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် တစ်ညတည်း လူ ၄၂ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ကင်မရွန်းနိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၂၉ ရက်မှာဖော်ပြပါတယ်။

နိုင်ငံအနောက်ပိုင်း ကုန်းမြင့်ဒေသရှိ ဘာဖိုဆမ်မြို့မှာ မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အပျက်အစီး တွေမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေ တစ်နေကုန်လုပ်ဆောင်နေပါတယ်။ တွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေးငယ် ၂၆ ဦးပါဝင်တယ်လို့ အဲဒီသတင်းဌာနကဖော်ပြထားပါတယ်။

အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရဲ့ အလောင်းတွေရှိနေသေးတယ်လို့ ယုံကြည်ရပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်မှာ ဆူညံသံတွေကြားရပြီး ဖုန်လုံးတွေကိုမြင်ခဲ့ရပြီးနောက် အဲဒါတွေပျောက်ကွယ်သွားချိန်မှာ တောင်ပြိုကျလာတာကို မြင်လိုက်ရတယ်လို့ မြေပြိုမှုကနေ လွတ်မြောက်ခဲ့တဲ့ Albert Kenge ကပြောပါတယ်။

အာဖရိကအလယ်ပိုင်းမှာ မိုးရာသီကုန်ပြီးဖြစ်ပေမယ့်လည်း မိုးအကြီးအကျယ်ဆက်လက်ရွာသွန်းနေပြီး ကင်မရွန်းနိုင်ငံရဲ့ အိမ်နီးချင်း ဗဟိုအာဖရိကသမ္မတနိုင်ငံမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာကြောင့် လူသုံးသောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် တောင်ဆူဒန်နိုင်ငံမှာလည်း ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေကြောင့် ဆေးရုံနဲ့လမ်းတွေပျက်စီးခဲ့ပြီး လူ တစ်သန်းနီးပါးအတွက် အစာအသောက်နဲ့ သောက်သုံးရေးရရှိဖို့ အခက်အခဲတွေဖြစ်ပေါ်နေကြောင်း ယူနီဆက်ဖ်က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။

Ref : Reuters
Photo: AP
#voiceofmyanmar #ကင်မရွန်း #မြေပြိုမှု

 

Related posts

Leave a Comment

VOM News

FREE
VIEW