ေျမဂရန္အတုျပဳလုပ္ေပးခဲ့တဲ့ စည္ပင္၀န္ထမ္းေတြကို အဂတိေကာ္မရွင္ထံ တင္ျပမယ္

မႏၲေလး၊ ႏို၀င္ဘာ ၁-၂၀၁၉
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕ ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ယာဥ္ပ်ံရပ္ကြက္ လမ္း၃၀ ၅၈လမ္း နဲ႔ ၅၉လမ္းၾကားထဲက ႏွစ္(၃၀)ၾကာေနထိုင္လာၿပီး အိမ္ဂရန္ရွိသူေတြကို ၂၀၁၁ခုႏွစ္ကမွလာေရာက္ဖြင့္လွစ္တဲ့ ေဆးဆိုင္ပိုင္ရွင္က က်ဴးေက်ာ္လို႔စြပ္စြဲတဲ့အတြက္ နစ္နာသူေတြက ဒီကေန႔ေန႔လည္ပိုင္း မႏၲေလးမီဒီယာစင္တာမွာ သတင္းစာရွင္းပြဲျပဳလုပ္ခဲ့ပါတယ္။

“စည္ပင္သာယာမွာ မဖုံးမဖိႏိုင္တဲ့အမႈေတြရွိေနပါတယ္၊ ဂရန္အတုေတြထြက္တယ္၊ ကြၽန္ေတာ္လိုက္တဲ့အမႈတစ္မႈဆို ဂရန္ကအစစ္ သူတို႔ထုတ္ေပးလိုက္တဲ့ စလစ္က ေဖေဖၚဝါရီ ၃၁ရက္ေန႔မွာ ထုတ္ေပးထားတာ၊ အဲ့ဒီစလစ္နဲ႔ ေျမဂရန္ထုတ္ေပးထားတယ္၊ ဒါမ်ိဳးေတြကအမ်ားႀကီး ကိုယ့္ကို သတ္ေသတဲ့သူေတြလည္းရွိတယ္၊ အဲ့လိုအေနထားေတြ ျဖစ္ပြားေနတဲ့အတြက္ ဒီလိုျဖစ္ေနတာေတြသည္ ဥပေဒနဲ႔အညီျဖစ္ရဲ႕လားဆိုတာေတြကို အဂတိလိုက္စားထားျခင္းရွိမရွိသိဖို႔ အဂတိေကာ္မရွင္ကိုတင္မယ္၊ ဥ‌ပ‌ေဒအေၾကာင္းအရ ဆက္ရင္ဆိုင္သြားမယ္”လို႔ နစ္နာသူေတြဘက္က ေရွ႕ေနအျဖစ္လိုက္ပါေဆာင္႐ြက္‌ေပးေနသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။

နစ္နာသူေျမပိုင္ရွင္(၉)ဦးက သူတို႔ေနထိုင္လာခဲ့တာဟာ ၁၉၅၂ခုႏွစ္ကတည္းက ေနထိုင္လာခဲ့တာျဖစ္ၿပီး ၂၀၁၁ခုႏွစ္မွ ေဆးဆိုင္လာဖြင့္တဲ့ တ႐ုတ္လူမ်ိဳးဆိုသူက ေျမဂရန္ရွိတယ္လို႔ဆိုကာ နစ္နာသူေတြကို က်ဴးေက်ာ္လို႔ စြပ္စြဲထားတာျဖစ္ပါတယ္။

နစ္နာသူ‌ေတြကလည္း က်ဴးေက်ာ္လို႔စြပ္စြဲခံရၿပီး ေျမေပၚကေနဖယ္ခိုင္းတဲ့အတြက္ လက္ရွိတရားရင္ဆိုင္ေနရတာကို သတင္းစာရွင္းပြဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #မႏၲေလး #ေျမဂရန္ကိစၥ

Unicode

မြေဂရန်အတုပြုလုပ်ပေးခဲ့တဲ့ စည်ပင်ဝန်ထမ်းတွေကို အဂတိကော်မရှင်ထံ တင်ပြမယ်

မန္တလေး၊ နိုဝင်ဘာ ၁-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ယာဉ်ပျံရပ်ကွက် လမ်း၃၀ ၅၈လမ်း နဲ့ ၅၉လမ်းကြားထဲက နှစ်(၃၀)ကြာနေထိုင်လာပြီး အိမ်ဂရန်ရှိသူတွေကို ၂၀၁၁ခုနှစ်ကမှလာရောက်ဖွင့်လှစ်တဲ့ ဆေးဆိုင်ပိုင်ရှင်က ကျူးကျော်လို့စွပ်စွဲတဲ့အတွက် နစ်နာသူတွေက ဒီကနေ့နေ့လည်ပိုင်း မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။

“စည်ပင်သာယာမှာ မဖုံးမဖိနိုင်တဲ့အမှုတွေရှိနေပါတယ်၊ ဂရန်အတုတွေထွက်တယ်၊ ကျွန်တော်လိုက်တဲ့အမှုတစ်မှုဆို ဂရန်ကအစစ် သူတို့ထုတ်ပေးလိုက်တဲ့ စလစ်က ဖေဖေါ်ဝါရီ ၃၁ရက်နေ့မှာ ထုတ်ပေးထားတာ၊ အဲ့ဒီစလစ်နဲ့ မြေဂရန်ထုတ်ပေးထားတယ်၊ ဒါမျိုးတွေကအများကြီး ကိုယ့်ကို သတ်သေတဲ့သူတွေလည်းရှိတယ်၊ အဲ့လိုအနေထားတွေ ဖြစ်ပွားနေတဲ့အတွက် ဒီလိုဖြစ်နေတာတွေသည် ဥပဒေနဲ့အညီဖြစ်ရဲ့လားဆိုတာတွေကို အဂတိလိုက်စားထားခြင်းရှိမရှိသိဖို့ အဂတိကော်မရှင်ကိုတင်မယ်၊ ဥ‌ပ‌ဒေအကြောင်းအရ ဆက်ရင်ဆိုင်သွားမယ်”လို့ နစ်နာသူတွေဘက်က ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်‌ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

နစ်နာသူမြေပိုင်ရှင်(၉)ဦးက သူတို့နေထိုင်လာခဲ့တာဟာ ၁၉၅၂ခုနှစ်ကတည်းက နေထိုင်လာခဲ့တာဖြစ်ပြီး ၂၀၁၁ခုနှစ်မှ ဆေးဆိုင်လာဖွင့်တဲ့ တရုတ်လူမျိုးဆိုသူက မြေဂရန်ရှိတယ်လို့ဆိုကာ နစ်နာသူတွေကို ကျူးကျော်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

နစ်နာသူ‌တွေကလည်း ကျူးကျော်လို့စွပ်စွဲခံရပြီး မြေပေါ်ကနေဖယ်ခိုင်းတဲ့အတွက် လက်ရှိတရားရင်ဆိုင်နေရတာကို သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #မြေဂရန္ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW