ျမန္မာႏိုင္ငံကိုေပးထားတဲ့ အထူးကုန္သြယ္ခြင့္ ျပန္႐ုတ္သိမ္းဖို႔ အီးယူကို ဘဂၤလားေဒ့ရွ္တိုက္တြန္း

ဒါကာ၊ ႏိုဝင္ဘာ ၁-၂၀၁၉
မ်ိဳးဆက္ (VOM)

႐ိုဟင္ဂ်ာျပသနာကိုေျဖရွင္းေရးမွာ ျမန္မာႏိုင္ငံကို ဖိအားေပးဖို႔အတြက္ ဥေရာပေဈးကြက္ထဲကို ဝင္ေရာက္ေနတဲ့ ျမန္မာႏိုင္ငံက ထုတ္ကုန္ေတြအေပၚ အထူးကုန္သြယ္ခြင့္ (GSP)ကို ျပန္႐ုတ္သိမ္းဖို႔ ဥေရာပသမဂၢ (အီးယူ) ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး ေအေကအဗၺဒူမိုမန္က တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြက်ဴးလြန္ေနတယ္ဆိုတာကို ဥေရာပႏိုင္ငံေတြက သိရွိထားေၾကာင္း၊ ဒါေပမယ့္ အျခားတစ္ဘက္မွာ အထူးကုန္သြယ္ခြင့္ေတြ ဆက္ၿပီးေပးထားတာက ထူးဆန္းအံ့အား သင့္ဖြယ္ျဖစ္ေနတယ္လို႔ ဥေရာပေခါင္းေဆာင္ေတြကို ေျပာဆိုခဲ့ေၾကာင္း ဥေရာပေလးႏိုင္ငံ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာမွာ မိုမန္ကေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ႐ိုဟင္ဂ်ာေတြ ေဘးကင္းလုံၿခဳံ ဂုဏ္သိကၡာရွိစြာနဲ႔ ေနရပ္ျပန္ေရးအတြက္ ျမန္မာႏိုင္ငံကို ႏိုင္ငံတကာအသိုင္းအဝိုင္းက ဖိအားေတြပိုေပးဖို႔အပါအဝင္ စီးပြားေရးဆိုင္ရာကိစၥေတြအတြက္ ဂ်ာမနီ၊ ျပင္သစ္၊ အီတလီနဲ႔ ဂရိႏိုင္ငံတို႔ကို သီတင္းႏွစ္ပတ္ၾကာသြားေရာက္ၿပီးေနာက္ ေအာက္တိုဘာ ၃၁ ရက္မွာ ျပန္လည္ေရာက္ရွိခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္က ႐ိုဟင္ဂ်ာေတြကို ျပန္မေခၚမခ်င္း ျမန္မာႏိုင္ငံအေပၚ အီးယူကေပးအပ္ထားတဲ့ အထူးကုန္သြယ္ခြင့္ကို ႐ုတ္သိမ္းဖို႔အတြက္ ဥေရာပႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားခဲ့တယ္လို႔ မိုမန္ကေျပာပါတယ္။

၎တို႔အေနျဖင့္ အီးယူဖိုရမ္ေတြမွာ ျမန္မာႏိုင္ငံအေပၚ ကုန္သြယ္ေရးအေရးယူပိတ္ဆို႔မႈေတြကို ခ်မွတ္သြားဖို႔ကိစၥကို ျမႇင့္တင္ေဆာင္႐ြက္သြားမယ္လို႔ ဥေရာပေခါင္းေဆာင္ေတြက အာမခံခဲ့တယ္လို႔ သူကဆိုပါတယ္။

Ref : BSS Photo : bdnews24
#voiceofmyanmar #အီးယူကို #ဘဂၤလားေဒ့ရွ္တိုက္တြန္း

 

Unicode

မြန်မာနိုင်ငံကိုပေးထားတဲ့ အထူးကုန်သွယ်ခွင့် ပြန်ရုတ်သိမ်းဖို့ အီးယူကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

ဒါကာ၊ နိုဝင်ဘာ ၁-၂၀၁၉
မျိုးဆက် (VOM)

ရိုဟင်ဂျာပြသနာကိုဖြေရှင်းရေးမှာ မြန်မာနိုင်ငံကို ဖိအားပေးဖို့အတွက် ဥရောပဈေးကွက်ထဲကို ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံက ထုတ်ကုန်တွေအပေါ် အထူးကုန်သွယ်ခွင့် (GSP)ကို ပြန်ရုတ်သိမ်းဖို့ ဥရောပသမဂ္ဂ (အီးယူ) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်နေတယ်ဆိုတာကို ဥရောပနိုင်ငံတွေက သိရှိထားကြောင်း၊ ဒါပေမယ့် အခြားတစ်ဘက်မှာ အထူးကုန်သွယ်ခွင့်တွေ ဆက်ပြီးပေးထားတာက ထူးဆန်းအံ့အား သင့်ဖွယ်ဖြစ်နေတယ်လို့ ဥရောပခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း ဥရောပလေးနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မိုမန်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားတွေပိုပေးဖို့အပါအဝင် စီးပွားရေးဆိုင်ရာကိစ္စတွေအတွက် ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ဂရိနိုင်ငံတို့ကို သီတင်းနှစ်ပတ်ကြာသွားရောက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ပြန်မခေါ်မချင်း မြန်မာနိုင်ငံအပေါ် အီးယူကပေးအပ်ထားတဲ့ အထူးကုန်သွယ်ခွင့်ကို ရုတ်သိမ်းဖို့အတွက် ဥရောပနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ မိုမန်ကပြောပါတယ်။

၎င်းတို့အနေဖြင့် အီးယူဖိုရမ်တွေမှာ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရေးယူပိတ်ဆို့မှုတွေကို ချမှတ်သွားဖို့ကိစ္စကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ဥရောပခေါင်းဆောင်တွေက အာမခံခဲ့တယ်လို့ သူကဆိုပါတယ်။

Ref : BSS Photo : bdnews24
#voiceofmyanmar #အီးယူကို #ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

Related posts

Leave a Comment

VOM News

FREE
VIEW