ၿငိမ္းခ်မ္းေရးအတြက္ NLD အစိုးရ ႀကိဳးစားအားထုတ္မႈ အားနည္းတယ္လို႔ ဦးညိဳအုန္းျမင့္ေဝဖန္

ရန္ကုန္၊ စက္တင္ဘာ ၁-၂၀၁၉
မင္းရန္ႏိုင္(VOM)

ၿငိမ္းခ်မ္းေရးအတြက္ NLD အစိုးရ ႀကိဳးစားအားထုတ္မႈ အားနည္းတယ္လို႔
သမၼတဦးသိန္းစိန္လက္ထက္က ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး ျပန္လည္ထူေထာင္ေရးလုပ္ငန္းဗဟိုဌာန
(MPC) မွာ တြဲဖက္အစီအစဥ္ၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ယူခဲ့တဲ့ ဦးညိဳအုန္းျမင့္က ေျပာပါတယ္။

ေအာက္တိုဘာ ၂၈ ရက္ေန႔က ေနျပည္ေတာ္ရွိ MICC 2 မွာ က်င္းပတဲ့ NCA ႏွစ္ပတ္လည္ေန႔
အခမ္းအနားကို MPC မွ ဒါ႐ိုက္တာတခ်ိဳ႕တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခမ္းအနားကို
တက္ေရာက္ခဲ့တဲ့ ဦးညိဳအုန္းျမင့္ကို သတင္းမီဒီယာေတြက ေမးျမန္းခဲ့တဲ့အေပၚ ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။

“လက္ရွိ NLD အစိုးရကို ၾကည့္မယ္ဆိုရင္ လူထုတစ္ရပ္လုံးက ေထာက္ခံတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံဆိုလည္း ေထာက္ခံၾကတယ္။ ဒီေထာက္ခံမႈေတြက အရမ္းမ်ားတဲ့အတြက္
ၿငိမ္းခ်မ္းေရးဟာ တိုင္းျပည္ရဲ႕ ေ႐ြးေကာက္ပြဲေတြနဲ႔ တိုက္႐ိုက္အခ်ိဳးမက်ေတာ့ဘူးလားလို႔
ကြၽန္ေတာ္သတိထားမိပါတယ္။ ဒါေၾကာင့္ လက္ရွိအစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရးဟာ အဓိကမက်ဘဲနဲ႔
က်န္တဲ့ေ႐ြးေကာက္ပြဲကိစၥတို႔၊ ဖြံ႕ၿဖိဳးေရးကိစၥတို႔၊ ျပန္လည္တည္ေဆာက္ေရးကိစၥတို႔ကို
ဦးစားေပးေနတယ္”လို႔ ဦးညိဳအုန္းျမင့္က ေျပာပါတယ္။

NCA ႏွစ္ပတ္လည္အခမ္းအနားတို႔၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ အခမ္းအနားေတြမွာ
ၿငိမ္းခ်မ္းေရးအတြက္ စတင္ႀကိဳးပမ္းခဲ့သူေတြျဖစ္တဲ့ သမၼတဦးသိန္းစိန္အပါအဝင္
ျပည္ေထာင္စုဝန္ႀကီးေဟာင္းတခ်ိဳ႕ကို ေနရာေပးမႈမရွိတာေတြနဲ႔ပတ္သက္လို႔လည္း ဦးညိဳအုန္းျမင့္က
“ကြၽန္္ေတာ့္အထင္ကေတာ့ ညီလာခံထဲမွာ အခမ္းအနားထဲမွာ ကြၽန္ေတာ္ၾကည့္လိုက္တာကေတာ့
အဓိကေတာ့ မားကတ္တင္းမ်ားေနတာ၊ အလွဓာတ္ပုံေတြ႐ိုက္တယ္၊ ဒီဟာေတြထက္စာရင္
တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈရွိဖို႔လိုပါတယ္”လို႔ အခုလို ေဝဖန္ေျပာဆိုခဲ့ပါေသးတယ္။

အရင္က ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးရာမွာ သမၼတဦးသိန္းစိန္၊ ဝန္ႀကီးဦးေအာင္မင္းနဲ႔
ကာကြယ္ေရးဦးစီးခ်ဳပ္တို႔က တိုင္းရင္းသားေတြကို ေျပာပိုင္ခြင့္ေပးၿပီး တိုင္းရင္းသားတို႔အသံ၊
တိုင္းရင္းသားတို႔ ျပႆနာကို ထိုင္နားေထာင္ေပးေလ့ရွိတယ္လို႔ ဦးညိဳအုန္းျမင့္က
ဆက္လက္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ဦးညိဳအုန္းျမင့္ #NLDကိုေဝဖန္

Unicode

ငြိမ်းချမ်းရေးအတွက် NLD အစိုးရ ကြိုးစားအားထုတ်မှု အားနည်းတယ်လို့ ဦးညိုအုန်းမြင့်ဝေဖန်

ရန်ကုန်၊ စက်တင်ဘာ ၁-၂၀၁၉
မင်းရန်နိုင်(VOM)

ငြိမ်းချမ်းရေးအတွက် NLD အစိုးရ ကြိုးစားအားထုတ်မှု အားနည်းတယ်လို့
သမ္မတဦးသိန်းစိန်လက်ထက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန
(MPC) မှာ တွဲဖက်အစီအစဉ်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ MICC 2 မှာ ကျင်းပတဲ့ NCA နှစ်ပတ်လည်နေ့
အခမ်းအနားကို MPC မှ ဒါရိုက်တာတချို့တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို
တက်ရောက်ခဲ့တဲ့ ဦးညိုအုန်းမြင့်ကို သတင်းမီဒီယာတွေက မေးမြန်းခဲ့တဲ့အပေါ် ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

“လက်ရှိ NLD အစိုးရကို ကြည့်မယ်ဆိုရင် လူထုတစ်ရပ်လုံးက ထောက်ခံတယ်။
နိုင်ငံတော်အတိုင်ပင်ခံဆိုလည်း ထောက်ခံကြတယ်။ ဒီထောက်ခံမှုတွေက အရမ်းများတဲ့အတွက်
ငြိမ်းချမ်းရေးဟာ တိုင်းပြည်ရဲ့ ရွေးကောက်ပွဲတွေနဲ့ တိုက်ရိုက်အချိုးမကျတော့ဘူးလားလို့
ကျွန်တော်သတိထားမိပါတယ်။ ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးဟာ အဓိကမကျဘဲနဲ့
ကျန်တဲ့ရွေးကောက်ပွဲကိစ္စတို့၊ ဖွံ့ဖြိုးရေးကိစ္စတို့၊ ပြန်လည်တည်ဆောက်ရေးကိစ္စတို့ကို
ဦးစားပေးနေတယ်”လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

NCA နှစ်ပတ်လည်အခမ်းအနားတို့၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အခမ်းအနားတွေမှာ
ငြိမ်းချမ်းရေးအတွက် စတင်ကြိုးပမ်းခဲ့သူတွေဖြစ်တဲ့ သမ္မတဦးသိန်းစိန်အပါအဝင်
ပြည်ထောင်စုဝန်ကြီးဟောင်းတချို့ကို နေရာပေးမှုမရှိတာတွေနဲ့ပတ်သက်လို့လည်း ဦးညိုအုန်းမြင့်က
“ကျွန်တော့်အထင်ကတော့ ညီလာခံထဲမှာ အခမ်းအနားထဲမှာ ကျွန်တော်ကြည့်လိုက်တာကတော့
အဓိကတော့ မားကတ်တင်းများနေတာ၊ အလှဓာတ်ပုံတွေရိုက်တယ်၊ ဒီဟာတွေထက်စာရင်
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့လိုပါတယ်”လို့ အခုလို ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

အရင်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာမှာ သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်းနဲ့
ကာကွယ်ရေးဦးစီးချုပ်တို့က တိုင်းရင်းသားတွေကို ပြောပိုင်ခွင့်ပေးပြီး တိုင်းရင်းသားတို့အသံ၊
တိုင်းရင်းသားတို့ ပြဿနာကို ထိုင်နားထောင်ပေးလေ့ရှိတယ်လို့ ဦးညိုအုန်းမြင့်က
ဆက်လက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဦးညိုအုန်းမြင့် #NLDကိုဝေဖန်

Related posts

Leave a Comment

VOM News

FREE
VIEW