နီေပါမွာ ဘတ္စ္ကားတစ္စီး ျမစ္ထဲထိုးက် ၊ လူ ၁၇ ဦးေသဆံုးျပီး ၅၀ ေက်ာ္ဒါဏ္ရာရ

ခတၱမႏၵဴ၊ နိုဝင္ဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

နီေပါနိုင္ငံအလယ္ပိုင္းမွာ ခရီးသည္ေတြအမ်ားအျပားတင္ေဆာင္လာတဲ႔ ဘတ္စ္ကားတစ္စီး နိုဝင္ဘာ ၃ ရက္က တိမ္းေမွာက္ျပီး ျမစ္တစ္စင္းထဲထိုးက်သြားတာေၾကာင္႔ ကေလးငယ္ခုနွစ္ဦးအပါအဝင္ လူ ၁၇ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ တာဝန္ရိွသူေတြက ေျပာပါတယ္။

အဲဒီဘတ္စ္ကားဟာ ျမိဳ႕ေတာ္ ခတၱမႏၵဴရဲ႕အေနာက္ေျမာက္ဘက္ ဆင္ဒူပါေခ်ာ႔ခရို္င္အတြင္းရိွ လမ္းေပၚမွာ တိမ္းေမွာက္ျပီး ဆန္ကိုဆိီျမစ္ထဲသို႔ ၁၆၅ ေပအျမင္႔ကေန ထိုးက်သြားတာျဖစ္ပါတယ္။

လက္ရိွအခ်ိန္ထိ လူ ၁၇ ဦးေသဆံုးေၾကာင္း အတည္ျပဳထားျပီး အျခား ၅၀ဦး ဒါဏ္ရာရရိွခဲ႔လို႔ ေဆးဝါးကုသမႈခံယူေနရေၾကာင္း ခရိုင္တာဝန္ရိွသူတစ္ဦးျဖစ္သူ ဂိုမာဒီဗီခန္ေဂ်ာင္က ေအအက္ဖ္ပီသတင္းဌာနကို ေျပာပါတယ္။

ဘတ္စ္ကားေပၚမွာ လိုက္ပါလာတဲ႔ ခရီးသည္အေရအတြက္မွတ္တမ္းမရိွတာေၾကာင္႔ ေပ်ာက္ဆံုးေနသူအေရအတြက္ကို မသိရိွရေသးဘူးလို႔ သူကေျပာပါတယ္။

ဘတ္စ္ကား မေတာ္တဆမႈျဖစ္ပြားရတဲ႔ အေၾကာင္းအရင္းကိုလည္း အာဏာပိုင္ေတြက အတည္ျပဳျခင္းမရိွေသးပါဘူး။ နိီေပါနိုင္ငံမွာ လမ္းေတြည႔ံဖ်င္းျခင္း၊ ေမာ္ေတာ္ယာဥ္ေတြကို ေကာင္းမြန္စြာမျပဳျပင္ျခင္းန႔ဲ မဆင္မျခင္ေမာင္းနွင္တာေတြေၾကာင္႔ လူေသဆံုးေစတဲ႔ ယာဥ္မေတာ္တဆမႈေတြ အျမဲလိုလိုျဖစ္ေပၚေလ႔ရိွပါတယ္။
ျပီးခဲ႔တဲ႔ လကလည္း ဘတ္စ္ကားတစ္စင္း ျမစ္အတြင္းထိုးက်သြားတာေၾကာင္႔ လူ ၁၁ ဦးေသဆံုးျပီး ၁၀၀ ေက်ာ္ထိခိုက္ဒါဏ္ရာရရိွခဲ႔ပါတယ္။

Ref: 9News Photo : Getty Images
#voiceofmyanmar #နီေပါ #ဘတ္စ္ကား #ျမစ္ထဲက်

Unicode

နီပေါမှာ ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျ ၊ လူ ၁၇ ဦးသေဆုံးပြီး ၅၀ ကျော်ဒါဏ်ရာရ

ခတ္တမန္ဒူ၊ နိုဝင်ဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

နီပေါနိုင်ငံအလယ်ပိုင်းမှာ ခရီးသည်တွေအများအပြားတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး နိုဝင်ဘာ ၃ ရက်က တိမ်းမှောက်ပြီး မြစ်တစ်စင်းထဲထိုးကျသွားတာကြောင့် ကလေးငယ်ခုနှစ်ဦးအပါအဝင် လူ ၁၇ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဘတ်စ်ကားဟာ မြို့တော် ခတ္တမန္ဒူရဲ့အနောက်မြောက်ဘက် ဆင်ဒူပါချော့ခရိုင်အတွင်းရှိ လမ်းပေါ်မှာ တိမ်းမှောက်ပြီး ဆန်ကိုဆီမြစ်ထဲသို့ ၁၆၅ ပေအမြင့်ကနေ ထိုးကျသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး အခြား ၅၀ဦး ဒါဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရကြောင်း ခရိုင်တာဝန်ရှိသူတစ်ဦးဖြစ်သူ ဂိုမာဒီဗီခန်ဂျောင်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အရေအတွက်မှတ်တမ်းမရှိတာကြောင့် ပျောက်ဆုံးနေသူအရေအတွက်ကို မသိရှိရသေးဘူးလို့ သူကပြောပါတယ်။

ဘတ်စ်ကား မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်းမရှိသေးပါဘူး။ နီပေါနိုင်ငံမှာ လမ်းတွေညံ့ဖျင်းခြင်း၊ မော်တော်ယာဉ်တွေကို ကောင်းမွန်စွာမပြုပြင်ခြင်းနဲ့ မဆင်မခြင်မောင်းနှင်တာတွေကြောင့် လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှုတွေ အမြဲလိုလိုဖြစ်ပေါ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ လကလည်း ဘတ်စ်ကားတစ်စင်း မြစ်အတွင်းထိုးကျသွားတာကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။

Ref: 9News Photo : Getty Images
#voiceofmyanmar #နီပေါ #ဘတ်စ်ကား #မြစ်ထဲကျ

Related posts

Leave a Comment

VOM News

FREE
VIEW