ရန္ကုန္တကၠသိုလ္ထဲက သစ္ပင္ခုတ္လွဲေနတာေတြ ယာယီရပ္ဆိုင္း

ရန္ကုန္ ႏိုဝင္ဘာ ၄-၂၀၁၉
သိဂီ ၤ(VOM)

ရန္ကုန္တကၠသိုလ္တြင္း သစ္ပင္ေတြခုတ္လွဲေနတာ နဲ႔ ပတ္လမ္းေဖာ္ေဆာင္ေနတာကို လတ္တေလာမွာ ယာယီရပ္ထားဖို႔ သေဘာတူညီမႈရခဲ့တယ္လို႔ ရန္ကုန္တကၠသိုလ္ေက်ာင္းသားသမဂၢကေနသိရပါတယ္။

ဒီေန႔ ရန္ကုန္တကၠသိုလ္ဝန္းထဲမွာျပဳလုပ္ခဲ့တဲ့ သစ္ပင္ေတြထပ္မခုတ္ဖို႔ ဆႏၵထုတ္ေဖာ္ပြဲနဲ႔အတူ ေက်ာင္းသားသမၼဂေခါင္းေဆာင္ေတြနဲ႔ ေက်ာင္းတာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးမႈမွာဟသေဘာတူညီခ်က္ရခဲ့တာျဖစ္ၿပီးသေဘာတူညီထားတာေတြအတိုင္း တကယ္အေကာင္ထည္ေဖာ္မေဖာ္ကိုေတာ့ ဆက္လက္ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

” ဒီေန႔ သူတို႔ သေဘာတူညီထားတဲ့အခ်က္ေတြ ေစာင့္ၾကည့္မယ္ တကယ္အေကာင္အထည္ေဖာ္ ေပးမေပး ေပါ့။တိတိက်က်ရတဲ့အထိေတာ့လုပ္သြားဖို႔ရွိတယ္။ ေလာေလာဆယ္ လႈပ္ရွားမႈ ကမ္ပိန္းေတြ ရွိမယ္။” လို႔ ရန္ကုန္တကၠသိုလ္ေက်ာင္းသားသမဂၢ ဥကၠ႒ ကိုညီေဇာ္က ေျပာပါတယ္။

ဒီက‌ေန႔ ေက်ာင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးမႈမွာ ေက်ာင္းအတြင္း သစ္ပင္ခုတ္ေနတာေတြကို ရပ္ဖို႔နဲ႔ ပတ္လမ္းကိုယာယီ ရပ္ထားဖို႔ သေဘာတူညီမႈရခဲ့ၿပီးယာယီပတ္လမ္း ထပ္မံအေကာင္ထည္ေဖာ္ျခင္း မေဖာ္ျခင္းအတြက္ကိုလည္း ခုလ ဒုတိယအပတ္မတိုင္မီ ေက်ာင္းတာဝန္ရွိသူေတြနဲ႔ အတူ ေက်ာင္းသားသမဂၢ၊ ဆရာမ်ားသမဂၢေတြပူးေပါင္းၿပီး ေဆြးေႏြးမွာျဖစ္တယ္လို႔သိရပါတယ္။

အဲ့ဒီေဆြးေႏြးပြဲမွာ ေက်ာင္းသားသမဂၢနဲ႔ ဆရာမ်ားသမဂၢေတြကသာ သေဘာမတူခဲ့ဘူးဆိုရင္ ပတ္လမ္းစီမံကိန္းကိုပါ ဖ်က္သိမ္းဖို႔ သေဘာတူညီထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ တကၠသိုလ္ထဲမွာေဖာ္ေဆာင္မယ့္ စီမံကိန္းလုပ္ငန္းေတြအတြက္ သစ္ပင္ေတြ ခုတ္ဖို႔လိုအပ္မယ္ဆိုရင္ ေက်ာင္းသားသမဂၢနဲ႔ ဆရာမ်ားသမဂၢ‌ေတြရဲ႕ သေဘာတူညီမႈကို ရယူေဆာင္႐ြက္သြားရမွာျဖစ္တယ္လို႔ သိရပါတယ္။

စီမံကိန္းေတြကို ပညာေရးဝန္ႀကီးဌာန ဘတ္ဂ်က္ထဲ လုပ္ေဆာင္ေနတာျဖစ္ၿပီး အဓိပဓိလမ္းေဘးဝဲယာ လမ္းစေကးျပဳလုပ္ျခင္းကို သိန္း ၃၀၀၀၊ တကၠသိုလ္ပတ္လမ္း ေဖာ္ေဆာင္မႈအတြက္ကို ၁၄၂ ဘီလ်ံကုန္က်ခံလုပ္ေနတာျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ေက်ာင္းသားသမဂၢက တကၠသိုလ္အတြင္း သစ္ပင္ေတြထပ္မခုတ္ဖို႔နဲ႔ အေပၚယံ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကို ဦးစားမေပးဖို႔ သုံးရက္ေျမာက္ဆႏၵျပပြဲကို ဒီကေန႔မနက္ပိုင္းက ရန္ကုန္တကၠသိုလ္ဝန္းထဲမွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

တကၠသိုလ္ထဲက သစ္ပင္ေတြခုတ္လွဲေနတာဟာ ေက်ာင္းရဲ႕ စိမ္းလန္းစိုေျပေရးကိုဖ်က္ဆီးေနတာျဖစ္တဲ့အျပင္ ေဖာက္လုပ္ေနတဲ့ အတြင္းပတ္လမ္းကလည္း အမ်ိဳးသမီးအေဆာင္ေတြနားကပ္ၿပီး ပတ္ေဖာက္ထားတာျဖစ္လို႔ ေက်ာင္းသူေတြရဲ႕လုံၿခဳံေရးက စိုးရိမ္စရာျဖစ္ေနတဲ့အတြက္ ဆႏၵျပေတာင္းဆိုခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #တကၠသိုလ္ #သစ္ပင္ခုတ္ #ယာယီရပ္

Unicode

ရန်ကုန်တက္ကသိုလ်ထဲက သစ်ပင်ခုတ်လှဲနေတာတွေ ယာယီရပ်ဆိုင်း

ရန်ကုန် နိုဝင်ဘာ ၄-၂၀၁၉
သိဂီ ၤ(VOM)

ရန်ကုန်တက္ကသိုလ်တွင်း သစ်ပင်တွေခုတ်လှဲနေတာ နဲ့ ပတ်လမ်းဖော်ဆောင်နေတာကို လတ်တလောမှာ ယာယီရပ်ထားဖို့ သဘောတူညီမှုရခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကနေသိရပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာပြုလုပ်ခဲ့တဲ့ သစ်ပင်တွေထပ်မခုတ်ဖို့ ဆန္ဒထုတ်ဖော်ပွဲနဲ့အတူ ကျောင်းသားသမ္မဂခေါင်းဆောင်တွေနဲ့ ကျောင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုမှာဟသဘောတူညီချက်ရခဲ့တာဖြစ်ပြီးသဘောတူညီထားတာတွေအတိုင်း တကယ်အကောင်ထည်ဖော်မဖော်ကိုတော့ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒီနေ့ သူတို့ သဘောတူညီထားတဲ့အချက်တွေ စောင့်ကြည့်မယ် တကယ်အကောင်အထည်ဖော် ပေးမပေး ပေါ့။တိတိကျကျရတဲ့အထိတော့လုပ်သွားဖို့ရှိတယ်။ လောလောဆယ် လှုပ်ရှားမှု ကမ်ပိန်းတွေ ရှိမယ်။” လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ပြောပါတယ်။

ဒီက‌နေ့ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုမှာ ကျောင်းအတွင်း သစ်ပင်ခုတ်နေတာတွေကို ရပ်ဖို့နဲ့ ပတ်လမ်းကိုယာယီ ရပ်ထားဖို့ သဘောတူညီမှုရခဲ့ပြီးယာယီပတ်လမ်း ထပ်မံအကောင်ထည်ဖော်ခြင်း မဖော်ခြင်းအတွက်ကိုလည်း ခုလ ဒုတိယအပတ်မတိုင်မီ ကျောင်းတာဝန်ရှိသူတွေနဲ့ အတူ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂတွေပူးပေါင်းပြီး ဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂတွေကသာ သဘောမတူခဲ့ဘူးဆိုရင် ပတ်လမ်းစီမံကိန်းကိုပါ ဖျက်သိမ်းဖို့ သဘောတူညီထားတာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် တက္ကသိုလ်ထဲမှာဖော်ဆောင်မယ့် စီမံကိန်းလုပ်ငန်းတွေအတွက် သစ်ပင်တွေ ခုတ်ဖို့လိုအပ်မယ်ဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂ‌တွေရဲ့ သဘောတူညီမှုကို ရယူဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းတွေကို ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ထဲ လုပ်ဆောင်နေတာဖြစ်ပြီး အဓိပဓိလမ်းဘေးဝဲယာ လမ်းစကေးပြုလုပ်ခြင်းကို သိန်း ၃၀၀၀၊ တက္ကသိုလ်ပတ်လမ်း ဖော်ဆောင်မှုအတွက်ကို ၁၄၂ ဘီလျံကုန်ကျခံလုပ်နေတာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက တက္ကသိုလ်အတွင်း သစ်ပင်တွေထပ်မခုတ်ဖို့နဲ့ အပေါ်ယံရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ဦးစားမပေးဖို့ သုံးရက်မြောက်ဆန္ဒပြပွဲကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်ထဲက သစ်ပင်တွေခုတ်လှဲနေတာဟာ ကျောင်းရဲ့ စိမ်းလန်းစိုပြေရေးကိုဖျက်ဆီးနေတာဖြစ်တဲ့အပြင် ဖောက်လုပ်နေတဲ့ အတွင်းပတ်လမ်းကလည်း အမျိုးသမီးအဆောင်တွေနားကပ်ပြီး ပတ်ဖောက်ထားတာဖြစ်လို့ ကျောင်းသူတွေရဲ့လုံခြုံရေးက စိုးရိမ်စရာဖြစ်နေတဲ့အတွက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #တက္ကသိုလ် #သစ်ပင်ခုတ် #ယာယီရပ်

Related posts

Leave a Comment

VOM News

FREE
VIEW