လႊတ္ေတာ္ကိုယ္စားလွယ္ ေပ်ာက္ဆုံးသြားတာဟာ ႏိုင္ငံေတာ္လုံၿခဳံေရးကို ထိပါးျခင္းျဖစ္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၄-၂၀၁၉
ကိုထြန္း(VOM)

လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ေပ်ာက္ဆုံးသြားတာဟာ ႏိုင္ငံေတာ္ရဲ႕လုံၿခဳံေရးကို ထိပါးတာျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတနဲ႔လႊတ္ေတာ္ဥကၠ႒တို႔ ပူးေပါင္းကာ ေဆာင္႐ြက္စရာရွိတာေတြကို ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္၊ လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာလွမိုးက ဒီကေန႔မနက္ က်င္းပျပဳလုပ္တဲ့ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပထမေန႔မွာ မီဒီယာမ်ားရဲ႕ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

“ အခုလက္ရွိကေတာ့ ဦးေဝွ႔တင္း ေပ်ာက္ဆုံးေနတယ္ဆိုတာပဲ သိရတယ္။ ဆရာတို႔ ပါတီအေနနဲ႔လည္း အတည္ျပဳထားၿပီးျဖစ္တယ္။ ေပ်ာက္ဆုံးေနတယ္ဆိုတာေတာ့ ေသခ်ာတယ္။ ဘယ္ေနရာမွာ ေရာက္ေနတယ္ ဆိုတာလည္း မသိေသးဘူး။ ဘာျဖစ္ေနတယ္ဆိုတာလည္း အတိအက် မသိေသးပါဘူး။ သိလာတဲ့အခ်ိန္မွာ ဆရာတို႔လႊတ္ေတာ္ဘက္ကလည္း ေဆာင္႐ြက္စရာရွိတာေတြ ေဆာင္႐ြက္မွာျဖစ္ပါတယ္။ သူ႔ရဲ႕ လႊတ္ေတာ္ရဲ႕ လုပ္ထုံးလုပ္နည္း၊ ဥပေဒ၊ နည္းဥပေဒအရ ဆက္လက္ေဆာင္႐ြက္မွာျဖစ္ပါတယ္။(လႊတ္ေတာ္က ဘာလုပ္လို႔ ရလဲ) ဒါကေတာ့ လုံၿခဳံေရးနဲ႔ဆိုင္တဲ့ကိစၥျဖစ္တယ္။ ကိုယ္စားလွယ္တစ္ေယာက္ေပ်ာက္ဆုံးသြားတယ္ဆိုတာ ႏိုင္ငံေတာ္ရဲ႕လုံၿခဳံေရးထိပါးတာျဖစ္တယ္။ အဲ့ဒီအတြက္ေၾကာင့္မလို႔ လႊတ္ေတာ္ဥကၠ႒နဲ႔ ႏိုင္ငံေတာ္သမၼတ တို႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္စရာရွိတာ ဆက္လက္ေဆာင္႐ြက္မွာျဖစ္ပါတယ္ ”လို႔ ေဒါက္တာလွမိုးက ေျပာပါတယ္။

ျပည္သူကို ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္တစ္ေယာက္ ေဘးဒုကၡေရာက္ေနတာဟာ သူ႔ကိုယ္စားျပဳတဲ့ ျပည္သူ ေတြအတြက္လည္း စိုးရိမ္စရာျဖစ္သလို ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ဒီလိုမ်ိဳးအေၾကာင္းမရွိဘဲနဲ႔ ေပ်ာက္ဆုံးေနျခင္းဟာလည္း ဒါစိုးရိမ္စရာတစ္ခုျဖစ္ၿပီး လႊတ္ေတာ္အေနနဲ႔လည္း စိုးရိမ္ပူပန္တဲ့အတြက္ အခ်ိန္နဲ႔တေျပးညီ စုံစမ္းေဆာင္႐ြက္စရာရွိတာ ေဆာင္႐ြက္ေနပါတယ္လို႔လည္း သိရပါတယ္။

“ ဒါက ပထမဦးဆုံးအႀကိမ္ျဖစ္ရပ္ပါပဲ၊ ပါတီအေနနဲ႔လည္း ပထမဦးဆုံးအႀကိမ္ျဖစ္ရပ္ပါပဲ။ ပါတီဘက္ကေတာ့ ဘာမွ အတည္ျပဳထားတာ မရွိေသးပါဘူး။ ပါတီဘက္ကေတာ့ ဘာမွေဆာင္႐ြက္စရာမရွိေသးပါဘူး။ ဒါေပမယ့္ အားလုံးကေတာ့ ပူးေပါင္းေဆာင္႐ြက္ၾကရမွာပဲ ”လို႔ ေဒါက္တာလွမိုးကေျပာပါတယ္။

လႊတ္ေတာ္က ကိုယ္စားလွယ္ေတြကို တရားဝင္လုံၿခဳံမႈေပးထားတဲ့အေနနဲ႔ ကိုယ္စားလွယ္တစ္ေယာက္ နယ္ကို ဆင္းမယ္ဆိုရင္ လိုအပ္တဲ့လုံၿခဳံေရး အစီမံေတြကို သက္ဆိုင္ရာၿမိဳ႕နယ္တာဝန္ရွိသူေတြဆီမွာ ေတာင္းခံလို႔ရၿပီး ေတာင္းခံတဲ့ အခါမွာလည္း ၿမိဳ႕နယ္မွာရွိတဲ့ လုံၿခဳံေရးတာဝန္ရွိသူေတြက မေပးမျဖစ္ ေပးရပါတာျဖစ္တဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးခ်င္းစီက ဒီလိုအခြင့္အေရးကို ေတာင္းဆိုပိုင္ခြင့္ရိွတယ္လုိ႔လည္း သိရပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္က မတည္ၿငိမ္တဲ့ မဲဆႏၵနယ္ဆင္းမယ္ဆိုရင္ လႊတ္ေတာ္ကေပးထားတဲ့ အခြင့္အေရးကို လိုအပ္ရင္ လိုအပ္သလို ေတာင္းရမွာျဖစ္ၿပီး မတည္ၿငိမ္ေနရာကို ကိုယ္စားလွယ္တစ္ေယာက္က မဲဆႏၵနယ္မဆင္းဘူးဆိုရင္လည္း အဲ့ဒီေဒသမွာရွိတဲ့ မဲဆႏၵနယ္ေတြက ပိုၿပီးေတာ့ ဆုံးရႈံးနစ္နာမွဳျဖစ္မွာပါလို႔ ေဒါက္တာလွမိုးက သံုးသပ္ေျပာဆိုလုိက္တာ ျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ေဒါက္တာလွမိုး

 

Unicode

လွှတ်တော်ကိုယ်စားလှယ် ပျောက်ဆုံးသွားတာဟာ နိုင်ငံတော်လုံခြုံရေးကို ထိပါးခြင်းဖြစ်

နေပြည်တော်၊ နိုဝင်ဘာ ၄-၂၀၁၉
ကိုထွန်း(VOM)

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးသွားတာဟာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိပါးတာဖြစ်ပြီး နိုင်ငံတော်သမ္မတနဲ့လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်းကာ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ဒီကနေ့မနက် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ မီဒီယာများရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ အခုလက်ရှိကတော့ ဦးဝှေ့တင်း ပျောက်ဆုံးနေတယ်ဆိုတာပဲ သိရတယ်။ ဆရာတို့ ပါတီအနေနဲ့လည်း အတည်ပြုထားပြီးဖြစ်တယ်။ ပျောက်ဆုံးနေတယ်ဆိုတာတော့ သေချာတယ်။ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာလည်း မသိသေးဘူး။ ဘာဖြစ်နေတယ်ဆိုတာလည်း အတိအကျ မသိသေးပါဘူး။ သိလာတဲ့အချိန်မှာ ဆရာတို့လွှတ်တော်ဘက်ကလည်း ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ သူ့ရဲ့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။(လွှတ်တော်က ဘာလုပ်လို့ ရလဲ) ဒါကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ကိုယ်စားလှယ်တစ်ယောက်ပျောက်ဆုံးသွားတယ်ဆိုတာ နိုင်ငံတော်ရဲ့လုံခြုံရေးထိပါးတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတ တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်စရာရှိတာ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ် ”လို့ ဒေါက်တာလှမိုးက ပြောပါတယ်။

ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ်ယောက် ဘေးဒုက္ခရောက်နေတာဟာ သူ့ကိုယ်စားပြုတဲ့ ပြည်သူ တွေအတွက်လည်း စိုးရိမ်စရာဖြစ်သလို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလိုမျိုးအကြောင်းမရှိဘဲနဲ့ ပျောက်ဆုံးနေခြင်းဟာလည်း ဒါစိုးရိမ်စရာတစ်ခုဖြစ်ပြီး လွှတ်တော်အနေနဲ့လည်း စိုးရိမ်ပူပန်တဲ့အတွက် အချိန်နဲ့တပြေးညီ စုံစမ်းဆောင်ရွက်စရာရှိတာ ဆောင်ရွက်နေပါတယ်လို့လည်း သိရပါတယ်။

“ ဒါက ပထမဦးဆုံးအကြိမ်ဖြစ်ရပ်ပါပဲ၊ ပါတီအနေနဲ့လည်း ပထမဦးဆုံးအကြိမ်ဖြစ်ရပ်ပါပဲ။ ပါတီဘက်ကတော့ ဘာမှ အတည်ပြုထားတာ မရှိသေးပါဘူး။ ပါတီဘက်ကတော့ ဘာမှဆောင်ရွက်စရာမရှိသေးပါဘူး။ ဒါပေမယ့် အားလုံးကတော့ ပူးပေါင်းဆောင်ရွက်ကြရမှာပဲ ”လို့ ဒေါက်တာလှမိုးကပြောပါတယ်။

လွှတ်တော်က ကိုယ်စားလှယ်တွေကို တရားဝင်လုံခြုံမှုပေးထားတဲ့အနေနဲ့ ကိုယ်စားလှယ်တစ်ယောက် နယ်ကို ဆင်းမယ်ဆိုရင် လိုအပ်တဲ့လုံခြုံရေး အစီမံတွေကို သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေဆီမှာ တောင်းခံလို့ရပြီး တောင်းခံတဲ့ အခါမှာလည်း မြို့နယ်မှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေက မပေးမဖြစ် ပေးရပါတာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီက ဒီလိုအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်ရှိတယ်လို့လည်း သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က မတည်ငြိမ်တဲ့ မဲဆန္ဒနယ်ဆင်းမယ်ဆိုရင် လွှတ်တော်ကပေးထားတဲ့ အခွင့်အရေးကို လိုအပ်ရင် လိုအပ်သလို တောင်းရမှာဖြစ်ပြီး မတည်ငြိမ်နေရာကို ကိုယ်စားလှယ်တစ်ယောက်က မဲဆန္ဒနယ်မဆင်းဘူးဆိုရင်လည်း အဲ့ဒီဒေသမှာရှိတဲ့ မဲဆန္ဒနယ်တွေက ပိုပြီးတော့ ဆုံးရှုံးနစ်နာမှုဖြစ်မှာပါလို့ ဒေါက်တာလှမိုးက သုံးသပ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဒေါက်တာလှမိုး

Related posts

Leave a Comment

VOM News

FREE
VIEW