ဘန္ေကာက္မွာ ေဆးသြားကုေနတဲ့ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ က်န္းမာေရးအေျခအေန ေကာင္းမြန္

မႏၲေလး ႏိုဝင္ဘာ ၆-၂၀၁၉
ျဖဴျဖဴ(VOM)

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ေဆးကုသမႈခံယူေနတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ က်န္းမာေရးအေျခအေနေကာင္းမြန္လာၿပီး လာမယ့္ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ ျပန္ေရာက္မယ္လို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီးဦးျမတ္သူစီကေန သိရပါတယ္။

“ရွစ္ရက္ေန႔ ျမန္မာျပည္ျပန္ေရာက္မွာပါ။ ဘာမွစိုးရိမ္စရာေတာ့ မရွိပါဘူး။ ပင္ပန္းလို႔ပါ။ “လို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီးဦးျမတ္သူက ေျပာပါတယ္။

ေအာက္တိုဘာ ၂၅ ရက္ေန႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အစည္းအေဝးအၿပီးမွာပဲ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ဟာ ဘန္ေကာက္ကို ထြက္ခြါသြားခဲ့ကာ ေဆးကုသမွဳခံယူေနတာျဖစ္ၿပီး အခုဆို ႏွစ္ပတ္ခန္႔ၾကာျမင့္ၿပီ ျဖစ္ပါတယ္။

အသက္ ၆၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္အရ ဘန္ေကာက္ၿမိဳ႕မွာ ေဆးကုသမႈခံယူေနရတာျဖစ္ၿပီး စိုးရိမ္စရာေတာ့ မရွိဘူးလို႔ သိရၿပီး လက္ရွိမွာေတာ့ ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ေနရာမွာ လွ်ပ္စစ္၊စြမ္းအင္နဲ႔ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၱေလးတိုင္း #ေဒါက္တာေဇာ္ျမင့္ေမာင္

Unicode

ဘန်ကောက်မှာ ဆေးသွားကုနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ကျန်းမာရေးအခြေအနေ ကောင်းမွန်

မန္တလေး နိုဝင်ဘာ ၆-၂၀၁၉
ဖြူဖြူ(VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီး လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်ရောက်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူစီကနေ သိရပါတယ်။

“ရှစ်ရက်နေ့ မြန်မာပြည်ပြန်ရောက်မှာပါ။ ဘာမှစိုးရိမ်စရာတော့ မရှိပါဘူး။ ပင်ပန်းလို့ပါ။ “လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာပဲ မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ ဘန်ကောက်ကို ထွက်ခွါသွားခဲ့ကာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုဆို နှစ်ပတ်ခန့်ကြာမြင့်ပြီ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပြီး လက်ရှိမှာတော့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နေရာမှာ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေးတိုင်း #ဒေါက်တာဇော်မြင့်မောင်

Related posts

Leave a Comment

VOM News

FREE
VIEW