YUPT ရွယ္ယာရွင္ေတြကို အစိုးရကဝယ္မဝယ္ မသိေပမယ့္ YRTA ကေတာ့ ရွယ္ယာရွင္ေတြသေဘာအတိုင္း လုပ္ေပးမယ္

ရန္ကုန္ နိုဝင္ဘာ ၆-၂၀၁၉
သိဂီ ၤ(VOM)

YUPT ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးကုမၸဏီမွာ ထည့္ဝင္ထားတဲ့ ရွယ္ယာေတြကို ရန္ကုန္တိုင္းအစိုးရက ျပန္ျပီးဝယ္မဝယ္ကို အတိက်မေျပာနိုင္ေပမယ့္ ရွယ္ယာရွင္ေတြရဲ႕ဆႏၵအတိုင္း လုပ္ေဆာင္ေပးသြားမယ္လို႕ YRTA ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ဒီကေန႔မနက္ပိုင္း သတင္းမီဒီယာမ်ားနဲ႔ စာနယ္ဇင္းရွင္းလင္းပြဲမွာ ေျပာတာျဖစ္ပါတယ္။

YUPT ကုမၸဏီမွာ ရွယ္ယာထည့္ဝင္ထားတဲ႕ ရွယ္ယာရွင္ေတြရဲ႕ သေဘာဆႏၵအမွန္ကို ေမးျမန္းထားေႀကာင္း ရွယ္ယာရွင္ေတြရဲ႕ တင္ျပလာမယ့္ဆႏၵအေပၚ မူတည္ျပီး အဆင္ေျပဆုံးနဲ႕ ညီညြတ္တဲ႕စီမံေဆာင္ရြက္မႈေတြကို လုပ္ေပးဖို႔ YRTA ကလ်ာထားတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ႕တဲ႕ေအာက္တိုဘာလ ၃၀ ရက္ေန႔က ျဖစ္ခဲ့တဲ့ YUPT ရွယ္ယာရွင္ေတြ႕ဆံုပြဲမွာ အေျခအတင္ ႐ုန္းရင္းဆန္ခတ္ ကိစၥရပ္နဲ႕ အျမတ္ေငြ ခြဲေဝမေပးမႈ ကိစၥရပ္ေတြအေပၚ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA – Yangon Region Transport Authority)က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“YUPT ကုမၸဏီမွာ ပါဝင္တဲ့ ရွယ္ယာရွင္ တို႔ရဲ့ ဆႏၵအမွန္ကို ေမးေနပါတယ္။ သူတို႔ ဆႏၵအမွန္ တင္ျပလာတဲ့အေပၚမွာ ကၽြန္ေတာ္တို႔ ေျဖရွင္းေဆာင္ရြက္ေပးမယ္။YUPT အမ်ားပိုင္ ယာဥ္လိုင္းကုမၸဏီမွာ ပါဝင္တဲ့ ရွယ္ယာရွင္ေတြဟာ မထသစနစ္က ယာဥ္ပိုင္ရွင္ေတြအမ်ားဆုံးပါဝင္ပါတယ္။ ရွယ္ယာထည့္ခဲ့တဲ့ အခ်ိန္တုန္းက ၂ ႏွစ္ေနရင္ဘယ္ေလာက္ သုံးႏွစ္ေနရင္ဘယ္ေလာက္ ငါးႏွစ္ဆိုရင္ဘယ္ေလာက္ဆိုတဲ့ အျမတ္ေငြကိုေပးမယ္ဆိုၿပီး ေျပာခဲ့တယ္။ ဒါေပမဲ့ ေမွ်ာ္မွန္းထားတဲ့ျဖစ္မလာခဲ့ေတာ့ မေက်လည္တာေတြျဖစ္ကုန္ၾကတယ္။ အဲဒီေန႕မွာ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေပၚမူတည္ၿပီး ရွယ္ယာရွင္ေတြရဲ႕ တကယ့္သေဘာထားအမွန္ဆႏၵကို ေတာင္းထားတယ္။ ဒီရက္ပိုင္းအတြင္း အေၾကာင္းျပန္ေပးဖို႔ေျပာထားတယ္။ ”လို႕ YRTA မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

ဒါ့ အျပင္YUPT အမ်ားပိုင္ကုမၸဏီရဲ႕ ဒါရိုက္တာသစ္ေ႐ြးခ်ယ္တင္ေျမွာက္မႈကိုပါ ရွယ္ယာရွင္ေတြရဲ႕ သေဘာထားဆႏၵအတိုင္းေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။ YUPT ကုမၸဏီဟာ လက္ရွိ ရန္ကုန္မွာ YBS ဘစ္ကား အမ်ားဆုံး ေျပးဆြဲ ဝန္ေဆာင္မႈေပးေနဆဲ႕ ကုမၸဏီတစ္ခုျဖစ္ပါတယ္။

YUPT ကုမၸဏီကို ၂၀၁၇ ခုႏွစ္ဆန္းပိုင္းမွာ ရွယ္ယာရွင္ ၂၈၉ ဦးနဲ႕ စတင္ဖြဲ႔စည္းခဲ့တာျဖစ္ၿပီး ရွယ္ယာရွင္ေတြကို ရွယ္ယာတစ္စု က်ပ္တစ္သိန္းႏႈန္းနဲ႕ ေရာင္းခ်ထားကာ အက်ိဳးအျမတ္ကို ကုမၸဏီစည္းမ်ဥ္းမွာေဖာ္ျပထားသလို ၃ လ တစ္ႀကိမ္ ခြဲေဝေပးရမွာျဖစ္ေပမယ့္ ကုမၸဏီက ခြဲေဝမေပးခဲ႕တာ သံုးႏွစ္ဝန္းက်င္ရွိျပီလို႕ ေအာက္တိုဘာလ ၃၀ ရက္က ကုမၸဏီ ႏွစ္ပတ္လည္ေတြ႕ဆုံပြဲမွာ အစုရွယ္ယာထည့္သြင္းထားသူေတြက ေျပာဆိုခဲ႕တာပါ။

ဒါေႀကာင့္ ရုန္းရင္းဆန္ခတ္ ပုံစံျဖစ္ပြားခဲ႕ၿပီး ရွယ္ယာရွင္ေတြကေတာ့ သူတို႕ရဲ႕ အက်ိဳးအျမတ္ေတြကို အျမန္ဆုံးခြဲေဝေပးဖို့ေတာင္းဆိုခဲ႕ပါတယ္။ အကယ္၍ ခြဲေဝမေပးဘူးဆိုရင္ ရန္ကုန္ၿမိဳ႕ ျပအမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးႏွင့္သက္ဆိုင္ေသာ ကုမၸဏီ (YUPT) ကို တရားစြဲဆိုသြားမယ္လို႕လည္း ရွယ္ယာထည့္ဝင္ထားတဲ႕ သူေတြက ေျပာဆိုခဲ့ပါတယ္။

YUPT ကုမၸဏီက အစုရွယ္ယာရွင္ေပါင္း ၂၈၉ ဦးရဲ႕ ထည့္ဝင္ရင္းႏွီးျမႇဳပ္ႏွံေငြေပါင္း က်ပ္ ၅.၆၃၄၄ ဘီလီယံႏွင့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႔ကေန ရင္းႏွီးျမႇဳပ္ႏွံေငြ ၃၅ ဘီလီယံ လည္ပတ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #YRTA #ရွယ္ယာ

Unicode

YUPT ရှယ်ယာရှင်တွေကို အစိုးရကဝယ်မဝယ် မသိပေမယ့် YRTA ကတော့ ရှယ်ယာရှင်တွေသဘောအတိုင်း လုပ်ပေးမယ်

ရန်ကုန် နိုဝင်ဘာ ၆-၂၀၁၉
သိဂီ ၤ(VOM)

YUPT ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေကို ရန်ကုန်တိုင်းအစိုးရက ပြန်ပြီးဝယ်မဝယ်ကို အတိကျမပြောနိုင်ပေမယ့် ရှယ်ယာရှင်တွေရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဒီကနေ့မနက်ပိုင်း သတင်းမီဒီယာများနဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။

YUPT ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ထားတဲ့ ရှယ်ယာရှင်တွေရဲ့ သဘောဆန္ဒအမှန်ကို မေးမြန်းထားကြောင်း ရှယ်ယာရှင်တွေရဲ့ တင်ပြလာမယ့်ဆန္ဒအပေါ် မူတည်ပြီး အဆင်ပြေဆုံးနဲ့ ညီညွတ်တဲ့စီမံဆောင်ရွက်မှုတွေကို လုပ်ပေးဖို့ YRTA ကလျာထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ခဲ့တဲ့ YUPT ရှယ်ယာရှင်တွေ့ဆုံပွဲမှာ အခြေအတင် ရုန်းရင်းဆန်ခတ် ကိစ္စရပ်နဲ့ အမြတ်ငွေ ခွဲဝေမပေးမှု ကိစ္စရပ်တွေအပေါ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA – Yangon Region Transport Authority)က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“YUPT ကုမ္ပဏီမှာ ပါဝင်တဲ့ ရှယ်ယာရှင် တို့ရဲ့ ဆန္ဒအမှန်ကို မေးနေပါတယ်။ သူတို့ ဆန္ဒအမှန် တင်ပြလာတဲ့အပေါ်မှာ ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်ပေးမယ်။YUPT အများပိုင် ယာဉ်လိုင်းကုမ္ပဏီမှာ ပါဝင်တဲ့ ရှယ်ယာရှင်တွေဟာ မထသစနစ်က ယာဉ်ပိုင်ရှင်တွေအများဆုံးပါဝင်ပါတယ်။ ရှယ်ယာထည့်ခဲ့တဲ့ အချိန်တုန်းက ၂ နှစ်နေရင်ဘယ်လောက် သုံးနှစ်နေရင်ဘယ်လောက် ငါးနှစ်ဆိုရင်ဘယ်လောက်ဆိုတဲ့ အမြတ်ငွေကိုပေးမယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမဲ့ မျှော်မှန်းထားတဲ့ဖြစ်မလာခဲ့တော့ မကျေလည်တာတွေဖြစ်ကုန်ကြတယ်။ အဲဒီနေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပေါ်မူတည်ပြီး ရှယ်ယာရှင်တွေရဲ့ တကယ့်သဘောထားအမှန်ဆန္ဒကို တောင်းထားတယ်။ ဒီရက်ပိုင်းအတွင်း အကြောင်းပြန်ပေးဖို့ပြောထားတယ်။ ”လို့ YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ဒါ့ အပြင်YUPT အများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာသစ်ရွေးချယ်တင်မြှောက်မှုကိုပါ ရှယ်ယာရှင်တွေရဲ့ သဘောထားဆန္ဒအတိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ YUPT ကုမ္ပဏီဟာ လက်ရှိ ရန်ကုန်မှာ YBS ဘစ်ကား အများဆုံး ပြေးဆွဲ ဝန်ဆောင်မှုပေးနေဆဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

YUPT ကုမ္ပဏီကို ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှာ ရှယ်ယာရှင် ၂၈၉ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရှယ်ယာရှင်တွေကို ရှယ်ယာတစ်စု ကျပ်တစ်သိန်းနှုန်းနဲ့ ရောင်းချထားကာ အကျိုးအမြတ်ကို ကုမ္ပဏီစည်းမျဉ်းမှာဖော်ပြထားသလို ၃ လ တစ်ကြိမ် ခွဲဝေပေးရမှာဖြစ်ပေမယ့် ကုမ္ပဏီက ခွဲဝေမပေးခဲ့တာ သုံးနှစ်ဝန်းကျင်ရှိပြီလို့ အောက်တိုဘာလ ၃၀ ရက်က ကုမ္ပဏီ နှစ်ပတ်လည်တွေ့ဆုံပွဲမှာ အစုရှယ်ယာထည့်သွင်းထားသူတွေက ပြောဆိုခဲ့တာပါ။

ဒါကြောင့် ရုန်းရင်းဆန်ခတ် ပုံစံဖြစ်ပွားခဲ့ပြီး ရှယ်ယာရှင်တွေကတော့ သူတို့ရဲ့ အကျိုးအမြတ်တွေကို အမြန်ဆုံးခွဲဝေပေးဖို့တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ခွဲဝေမပေးဘူးဆိုရင် ရန်ကုန်မြို့ ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့်သက်ဆိုင်သော ကုမ္ပဏီ (YUPT) ကို တရားစွဲဆိုသွားမယ်လို့လည်း ရှယ်ယာထည့်ဝင်ထားတဲ့ သူတွေက ပြောဆိုခဲ့ပါတယ်။

YUPT ကုမ္ပဏီက အစုရှယ်ယာရှင်ပေါင်း ၂၈၉ ဦးရဲ့ ထည့်ဝင်ရင်းနှီးမြှုပ်နှံငွေပေါင်း ကျပ် ၅.၆၃၄၄ ဘီလီယံနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ ရင်းနှီးမြှုပ်နှံငွေ ၃၅ ဘီလီယံ လည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #YRTA #ရှယ်ယာ

Related posts

Leave a Comment

VOM News

FREE
VIEW