ျမန္မာႏိုင္ငံက ကိုရီးယားကုမၸဏီ(၁၀၀)ခန႔္ ဘဂၤလားေဒ့ရ္ွကိုေျပာင္းေ႐ႊ႕မယ္ဆိုတာ မဟုတ္

ရန္ကုန္၊ ႏိုဝင္ဘာ ၇-၂၀၁၉
သူရိန္(VOM)

ျမန္မာႏိုင္ငံက ကိုရီးယားကုမၸဏီ(၁၀၀)ခန္႔ စက္မႈလုပ္ငန္းနဲ႔ သင့္ေတာ္တဲ့ပတ္ဝန္းက်င္ ျမန္မာႏိုင္ငံမွာမရွိတဲ့အတြက္ ဘဂၤလားေဒ့ရ္ွႏိုင္ငံဘက္ကို ေ႐ႊ႕ေျပာင္းမယ္ဆိုတဲ့ သတင္းနဲ႔ပတ္သက္ၿပီး မဟုတ္မွန္ဘူးလို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနကေန သိရပါတယ္။

ကိုရီးယားကုမၸဏီ(၁၀၀)ခန႔္ ဘဂၤလားေဒ့ရ္ွကိုေျပာင္းေ႐ႊ႕မယ္ဆိုတာ ႏိုဝင္ဘာလ ၄ ရက္က ဘဂၤလားေဒ့ရ္ွစီးပြားေရးဇုန္ အာဏာပိုင္အဖြဲ႕(BEZA)က ေျပာတယ္လို႔ ဘဂၤလားေဒ့ရ္ွမီဒီယာ bdnews24.com မွာေဖာ္ျပထားတာျဖစ္ပါတယ္။

“ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈကိုအင္တိုက္အားတိုက္လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ ဒီလိုသတင္းမ်ိဳး ေပၚထြက္လာတာ တိုင္းျပည္အတြက္ေကာင္းတဲ့အလားအလာမဟုတ္ဘူး။ ကိုရီးယားကုမၸဏီေ႐ႊ႕မယ္ဆိုတာ ေကာလဟာလျဖစ္ပါတယ္။ မဟုတ္ပါဘူး။ ကိုရီးယားစီးပြားေရးသံမႉးနဲ႔ ဖုန္းဆက္ၿပီးေတာ့ စကားေျပာၿပီးပါၿပီ။ ဒီအေျခအေနက Business Manတစ္ေယာက္က ဘဂၤလားေဒ့ရ္ွဘက္မွာေျပာတဲ့စကားအေပၚအေျခခံၿပီး ဒီသတင္းကျဖစ္ေပၚလာတာျဖစ္တယ္တဲ့။ ဒီကိစၥအေပၚမေထာက္ခံပါဘူး ” လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန္႔စင္လြင္ကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ကိုရီးယားစီးပြားေရးသံမႉး၊ ျမန္မာႏိုင္ငံဆိုင္ရာစီးပြားေရးသံအမတ္တို႔နဲ႔ ဆက္သြယ္ၿပီး ကိုရီးယားစီးပြားေရးသံမႉးက မဟုတ္မွန္ဘူးလို႔လည္း ျပန္လည္ေျပာဆိုထားေၾကာင္း သိရပါတယ္။

ကိုရီးယားႏိုင္ငံက ျမန္မာႏိုင္ငံအတြင္း ဆ႒မေျမာက္အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အေမရိကန္ေဒၚလာ ၄ ဘီလီယံခန္႔ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ စီမံကိန္း ၁၇၉ ခုရွိကာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္းရဲ႕ ၄ ဒသမ ၈ ရာခိုင္ႏႈန္း ရွိတယ္လို႔သိရပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ လုပ္ငန္းေတြအေနနဲ႔ ေရနံ၊သဘာဝဓာတ္ေငြ႕က႑မွာ လုပ္ငန္း ၁၀ ခု၊ စက္မႈဇုန္ ၂ ခုတို႔ျဖစ္ၿပီး ကိုရီးယားႏိုင္ငံက ထပ္မံရင္းႏွီးျမႇဳပ္ႏွံဖို႔ အဆိုျပဳတင္ျပထားတဲ့ လုပ္ငန္းေတြလည္းရွိေနကာ ရင္းႏွီးျမႇဳပ္ႏွံဖို႔လာေရာက္စုံစမ္းမႈေတြလည္းရွိေနတာျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ကိုရီးယားကုမၸဏီ #ဘဂၤလားေဒ့ရ္ွ

Unicode

မြန်မာနိုင်ငံက ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် ဘင်္ဂလားဒေ့ရ်ှကိုပြောင်းရွှေ့မယ်ဆိုတာ မဟုတ်

ရန်ကုန်၊ နိုဝင်ဘာ ၇-၂၀၁၉
သူရိန်(VOM)

မြန်မာနိုင်ငံက ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် စက်မှုလုပ်ငန်းနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင် မြန်မာနိုင်ငံမှာမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် ဘင်္ဂလားဒေ့ရ်ှကိုပြောင်းရွှေ့မယ်ဆိုတာ နိုဝင်ဘာလ ၄ ရက်က ဘင်္ဂလားဒေ့ရ်ှစီးပွားရေးဇုန် အာဏာပိုင်အဖွဲ့(BEZA)က ပြောတယ်လို့ ဘင်္ဂလားဒေ့ရ်ှမီဒီယာ bdnews24.com မှာဖော်ပြထားတာဖြစ်ပါတယ်။

“ နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကိုအင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ပေါ်ထွက်လာတာ တိုင်းပြည်အတွက်ကောင်းတဲ့အလားအလာမဟုတ်ဘူး။ ကိုရီးယားကုမ္ပဏီရွှေ့မယ်ဆိုတာ ကောလဟာလဖြစ်ပါတယ်။ မဟုတ်ပါဘူး။ ကိုရီးယားစီးပွားရေးသံမှူးနဲ့ ဖုန်းဆက်ပြီးတော့ စကားပြောပြီးပါပြီ။ ဒီအခြေအနေက Business Manတစ်ယောက်က ဘင်္ဂလားဒေ့ရ်ှဘက်မှာပြောတဲ့စကားအပေါ်အခြေခံပြီး ဒီသတင်းကဖြစ်ပေါ်လာတာဖြစ်တယ်တဲ့။ ဒီကိစ္စအပေါ်မထောက်ခံပါဘူး ” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုရီးယားစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးသံအမတ်တို့နဲ့ ဆက်သွယ်ပြီး ကိုရီးယားစီးပွားရေးသံမှူးက မဟုတ်မှန်ဘူးလို့လည်း ပြန်လည်ပြောဆိုထားကြောင်း သိရပါတယ်။

ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအတွင်း ဆဋ္ဌမမြောက်အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်း ၁၇၉ ခုရှိကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့သိရပါတယ်။

ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေအနေနဲ့ ရေနံ၊သဘာဝဓာတ်ငွေ့ကဏ္ဍမှာ လုပ်ငန်း ၁၀ ခု၊ စက်မှုဇုန် ၂ ခုတို့ဖြစ်ပြီး ကိုရီးယားနိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံဖို့ အဆိုပြုတင်ပြထားတဲ့ လုပ်ငန်းတွေလည်းရှိနေကာ ရင်းနှီးမြှုပ်နှံဖို့လာရောက်စုံစမ်းမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ကိုရီးယားကုမ္ပဏီ #ဘင်္ဂလားဒေ့ရ်ှ

Related posts

Leave a Comment

VOM News

FREE
VIEW