ႏွစ္ေပါင္း(၂၀၀)ခန္႔ရိွ ဆင္တစ္ေကာင္ရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္း အမရပူရမွာေတြ႔

Zawgyi

မႏၱေလး၊ ႏိုဝင္ဘာ ၇-၂၀၁၉
ရိွဳင္းေအာင္(VOM)

မႏၱေလးတိုင္း အမရပူရၿမိဳ႕နယ္၊ ႐ွမ္းကေလးကြၽန္းေက်းရြာ၊ ရြာဦးေက်ာင္းတုိက္မွာ ဆြမ္းစားေက်ာင္းေဆာင္ ေဆာက္ဖို႔အတြက္ လုိင္းက်င္းတူးရာကေန ႏွစ္ေပါင္း(၂၀၀)ခန္႔ရိွၿပီျဖစ္တဲ့ ဆင္းတစ္ေကာင္ရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္း အစိတ္အပုိင္းေတြကုိ ႏုိဝင္ဘာ၅ရက္ေန႔က ေတြ႔ခဲ့ပါတယ္။

႐ွမ္းကေလးကြၽန္းေက်းရြာ ရြာဦးေက်ာင္း ဆရာေတာ္က ” လုိင္းက်င္းတူးေတာ့ ႏုိဝင္ဘာလ ၅ ရက္ေန႔ ညေန ၄ နာရီဝန္းက်င္မွာ အနက္ ၇ ေပခန္႔ေရာက္ေတာ့ လုိင္းက်င္းတူးတဲ့သူက ထြက္လာတဲ့ အစကုိ အဂၤေတလား တျခားဟာလားဆုိၿပီး ေရေဆးၾကည့္ေတာ့ အံသြားႀကီးသေဘာမ်ိဳး ေမး႐ုိးႀကီးသေဘာမ်ိဳးေတြ႔ပါတယ္ ဒါနဲ႔ ေျမတူးေနတာကုိ ရပ္ဆုိင္းၿပီး ေ႐ွးေဟာင္းသုေတသနဌာနကုိ ပထမဦးဆုံး ဆက္သြယ္ခဲ့တယ္” လုိ႔ မိန္႔ပါတယ္။

ေ႐ွးေဟာင္းသုေတသန အတည္ျပဳခ်က္အရ ဒီအ႐ုိးစုဟာ ေက်ာက္ျဖစ္႐ုပ္အႂကြင္း ျဖစ္မယ့္အေနအထားမွာပဲ ႐ွိေသးတယ္လို႕ ႐ွမ္းကေလးကြၽန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

“ေရွးေဟာင္းသုေတသနဌာနအေနနဲ႔က တုိင္းထြာ၊ စစ္ေဆး၊ အခ်က္အလက္ေတြ ယူၿပီးတဲ့ေနာက္မွာ တူးေဖာ္ရ႐ွိခဲ႔တဲ႔ အ႐ုိးစုေတြနဲ့ ဆက္လက္တူးေဖာ္ရရွိမယ့္ အ႐ုိးစုေတြကုိ ရြာဦးေက်ာင္းမွာ ဆက္လက္ထိမ္းသိမ္းထားဖုိ႔ တုိက္တြန္းခဲ့တယ္ လူႀကီးေတြေျပာစကားအရ ဒီရြာဟာ ဆင္တင္းကုတ္ထား႐ွိတဲ့ ရြာေလးပါ သက္တမ္းအရ တြက္ၾကည့္တဲ့အခါမွာ မႏၱေလးၿမိဳ႕တည္လာတာ ႏွစ္ေပါင္း ၁၅၀ေက်ာ္ခဲ့ၿပီေပါ့ေနာ္ အမရပူရၿမိဳ႕ဟာ ရတနာပုံၿမိဳ႕ေတာ္ထက္အရင္ တည္တဲ့ၿမိဳ႕ုျဖစ္တာေၾကာင့္ ဒီအရုိးစုဟာ ႏွစ္ေပါင္း ၂၀၀ ပတ္ဝန္းက်င္ေလာက္႐ွိမယ္ထင္တယ္ ဒီရြာမွာ အရင္က ဆင္ေတြထားတယ္ ႐ွိခဲ့တယ္ဆိုတဲ႕အေထာက္ထားေတာ့ရွိတယ္” လုိ့ ႐ွမ္းကေလးကြၽန္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဆန္းလြင္ က ေျပာပါတယ္။

ခုလက္ရွိအေနအထားမွာ ေမးရိုးနဲ႕ အံသြား ဦးေခါင္းပိုင္းက အစိတ္အပိုင္းေတြေတြ႕ထားျပီး ဆရာေတာ္ခြင့္ျပဳရင္ ဆက္လက္တူးျပီး ရတဲ႕အစိတ္အပိုင္းေတြကို ရြာဦးေက်ာင္းမွာပဲ အမ်ားျပည္သူေလ့လာနုိင္ဖို႕ ျပခန္းသေဘာမ်ိဳးေဆာက္မယ္လို႕ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

#VOICEOFMYANMAR #ဆင္ေက်ာက္ျဖစ္ရုပ္ၾကြင္း #မႏၱေလး #အမရပူရ #ရွမ္းကေလးက်ြန္း

Unicode

နှစ်ပေါင်း(၂၀၀)ခန့်ရှိပြီဖြစ်တဲ့ ဆင်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အမရပူရမှာတွေ့

မန္တလေး၊ နိုဝင်ဘာ ၇-၂၀၁၉
ရှိုင်းအောင်(VOM)

မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ရွာဦးကျောင်းတိုက်မှာ ဆွမ်းစားကျောင်းဆောင် ဆောက်ဖို့အတွက် လိုင်းကျင်းတူးရာကနေ နှစ်ပေါင်း(၂၀၀)ခန့်ရှိပြီဖြစ်တဲ့ ဆင်းတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းတွေကို နိုဝင်ဘာ၅ရက်နေ့က တွေ့ခဲ့ပါတယ်။

ရှမ်းကလေးကျွန်းကျေးရွာ ရွာဦးကျောင်း ဆရာတော်က ” လိုင်းကျင်းတူးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အနက် ၇ ပေခန့်ရောက်တော့ လိုင်းကျင်းတူးတဲ့သူက ထွက်လာတဲ့ အစကို အင်္ဂတေလား တခြားဟာလားဆိုပြီး ရေဆေးကြည့်တော့ အံသွားကြီးသဘောမျိုး မေးရိုးကြီးသဘောမျိုးတွေ့ပါတယ် ဒါနဲ့ မြေတူးနေတာကို ရပ်ဆိုင်းပြီး ရှေးဟောင်းသုတေသနဌာနကို ပထမဦးဆုံး ဆက်သွယ်ခဲ့တယ်” လို့ မိန့်ပါတယ်။

ရှေးဟောင်းသုတေသန အတည်ပြုချက်အရ ဒီအရိုးစုဟာ ကျောက်ဖြစ်ရုပ်အကြွင်း ဖြစ်မယ့်အနေအထားမှာပဲ ရှိသေးတယ်လို့ ရှမ်းကလေးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ရှေးဟောင်းသုတေသနဌာနအနေနဲ့က တိုင်းထွာ၊ စစ်ဆေး၊ အချက်အလက်တွေ ယူပြီးတဲ့နောက်မှာ တူးဖော်ရရှိခဲ့တဲ့ အရိုးစုတွေနဲ့ ဆက်လက်တူးဖော်ရရှိမယ့် အရိုးစုတွေကို ရွာဦးကျောင်းမှာ ဆက်လက်ထိမ်းသိမ်းထားဖို့ တိုက်တွန်းခဲ့တယ် လူကြီးတွေပြောစကားအရ ဒီရွာဟာ ဆင်တင်းကုတ်ထားရှိတဲ့ ရွာလေးပါ သက်တမ်းအရ တွက်ကြည့်တဲ့အခါမှာ မန္တလေးမြို့တည်လာတာ နှစ်ပေါင်း ၁၅၀ကျော်ခဲ့ပြီပေါ့နော် အမရပူရမြို့ဟာ ရတနာပုံမြို့တော်ထက်အရင် တည်တဲ့မြို့ဖြစ်တာကြောင့် ဒီအရိုးစုဟာ နှစ်ပေါင်း ၂၀၀ ပတ်ဝန်းကျင်လောက်ရှိမယ်ထင်တယ် ဒီရွာမှာ အရင်က ဆင်တွေထားတယ် ရှိခဲ့တယ်ဆိုတဲ့အထောက်ထားတော့ရှိတယ်” လို့ ရှမ်းကလေးကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းလွင် က ပြောပါတယ်။

ခုလက်ရှိအနေအထားမှာ မေးရိုးနဲ့ အံသွား ဦးခေါင်းပိုင်းက အစိတ်အပိုင်းတွေတွေ့ထားပြီး ဆရာတော်ခွင့်ပြုရင် ဆက်လက်တူးပြီး ရတဲ့အစိတ်အပိုင်းတွေကို ရွာဦးကျောင်းမှာပဲ အများပြည်သူလေ့လာနိုင်ဖို့ ပြခန်းသဘောမျိုးဆောက်မယ်လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

#VOICEOFMYANMAR #ဆင်ကျောက်ဖြစ်ရုပ်ကြွင်း #မန္တလေး #အမရပူရ #ရှမ်းကလေးကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW