ဘဂၤလားေဒ႔ရွ္ကကန္႔ကြက္လို႔ IORA အဖြဲ႕မွာ ျမန္မာနုိင္ငံပါ၀င္ေရး ပယ္ခ်ခံရ

အဘူဒါဘီ၊ နို၀င္ဘာ-၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ျမန္မာနိုင္ငံဟာ ရိုဟင္ဂ်ာေတြျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မွာ ပူးေပါင္းေဆာင္ရြက္တာမရိွပဲ ကတိကဝတ္ပ်က္တယ္ဆိုျပီး ဘဂၤလားေဒ႔ရွ္က ကန္႔ကြက္တာေၾကာင္႔ အိႏိၵယသမုဒၵရာေဒသတြင္း နိုင္ငံမ်ားအဖြဲ႔( IORA)မွာ ပါဝင္ေရးေလွ်ာက္ထားမႈဟာ ပယ္ခ်ခံလိုက္ရပါတယ္။

အိႏိၵယသမုဒၵရာ ေဒသတြင္းနိုင္ငံမ်ားအဖြဲ႔သည္ ေဒသတြင္းပူးေပါင္းေဆာင္ရြက္ဖို႔နဲ႔ ေရရွည္ဖြံ႕ျဖိဳးေရးေတြလုပ္ေဆာင္ဖို႔အတြက္ အစိုးရအခ်င္းခ်င္း ပူးေပါင္းဖြဲ႔စည္းထားတဲ့ အဖြဲ႔ျဖစ္ျပီး အဖြဲ႔ရဲ႕(၂၁) ၾကိမ္ေျမာက္ ထိပ္တန္းတာရန္ရိွသူေတြ ေကာင္စီအစည္းအေဝးကို ယူေအအီးနုိင္ငံ အဘူဒါဘီမွာ နိုဝင္ဘာ ၅ ရက္နဲ႔ ၆ ရက္တို႔မွာ ျပဳလုပ္ခဲ႔ပါတယ္။

လက္ေတြ႔ေျမျပင္အေျခအေနမွာ ရိုဟင္ဂ်ာေတြျပန္လည္လက္ခံေရးနဲ႔ ပတ္သက္ျပီး ျမန္မာနိုင္ငံဟာ ပူးေပါင္းလုပ္ေဆာင္မႈမရိွသလို ကတိကဝတ္ေတြကို လိုက္နာတာမ်ိဳးမရိွပဲ ေနာက္ဆံုးျပဳလုပ္ခဲ႔တဲ႔ အစည္းအေဝးျပီးေနာက္ ေျပာင္းလဲလာတာမရိွဘူးလို႔ ဘဂၤလားေဒ႔ရွ္ကိုယ္စားလွယ္အဖြဲ႕က အစည္းအေဝးမွာ ကန္႔ကြက္ခဲ႔ပါတယ္။

အဲဒီအစည္းအေဝးကို အဖြဲ႔ဝင္နုိင္ငံ(၂၂)နုိင္ငံ ကိုယ္စားလွယ္အဖြဲ႔ေတြနဲ႔ ေဆြးေႏြးဖက္နိုင္ငံ (၉)နုိင္ငံတက္ေရာက္ခဲ႔ၾကပါတယ္။

ျမန္မာနုိင္ငံက ဒီအဖြဲ႔ထဲဝင္ဖို႔ ေလွ်ာက္ထားတာကို အေရွ႕ေတာင္အာရွနိုင္ငံအခ်ိဳ႕က ေထာက္ခံမႈေတြေပးခဲ႔ေပမယ္႔ အဖြဲ႔ရဲ႕သတ္မွတ္ထားတဲ႔ မူဝါဒအရ အဖြဲ႔ဝင္ျဖစ္ေရး ပယ္ခ်ခံလိုက္ရတာျဖစ္ပါတယ္။

လက္ရိွမွာေတာ႔ အဲဒီအဖြဲ႔ရဲ႕ ဒုတိယဥကၠဌေနရာကို ဘဂၤလားေဒ႔ရွ္နိုင္ငံက တာဝန္ယူထားျပီး ၂၀၂၁ ခုနွစ္ ေအာက္တိုဘာလကစျပီး ဥကၠဌအျဖစ္ နွစ္နွစ္တာဝန္ယူသြားမွာျဖစ္ပါတယ္။

Ref :bssnews Photo :Dirco
#voiceofmyanmar #အဘူဒါဘီ #ဘဂၤလားေဒ႔ရွ္ #IORAအဖြဲ႕ #ျမန္မာနုိင္ငံ

Unicode

ဘင်္ဂလားဒေ့ရှ်ကကန့်ကွက်လို့ IORA အဖွဲ့မှာ မြန်မာနိုင်ငံပါဝင်ရေး ပယ်ချခံရ

အဘူဒါဘီ၊ နိုဝင်ဘာ-၈-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်တာမရှိပဲ ကတိကဝတ်ပျက်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်တာကြောင့် အိန္ဒိယသမုဒ္ဒရာဒေသတွင်း နိုင်ငံများအဖွဲ့( IORA)မှာ ပါဝင်ရေးလျှောက်ထားမှုဟာ ပယ်ချခံလိုက်ရပါတယ်။

အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးရေးတွေလုပ်ဆောင်ဖို့အတွက် အစိုးရအချင်းချင်း ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ရဲ့(၂၁) ကြိမ်မြောက် ထိပ်တန်းတာရန်ရှိသူတွေ ကောင်စီအစည်းအဝေးကို ယူအေအီးနိုင်ငံ အဘူဒါဘီမှာ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်တို့မှာ ပြုလုပ်ခဲ့ပါတယ်။

လက်တွေ့မြေပြင်အခြေအနေမှာ ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ပူးပေါင်းလုပ်ဆောင်မှုမရှိသလို ကတိကဝတ်တွေကို လိုက်နာတာမျိုးမရှိပဲ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အစည်းအဝေးပြီးနောက် ပြောင်းလဲလာတာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့က အစည်းအဝေးမှာ ကန့်ကွက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံ(၂၂)နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဆွေးနွေးဖက်နိုင်ငံ (၉)နိုင်ငံတက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ဒီအဖွဲ့ထဲဝင်ဖို့ လျှောက်ထားတာကို အရှေ့တောင်အာရှနိုင်ငံအချို့က ထောက်ခံမှုတွေပေးခဲ့ပေမယ့် အဖွဲ့ရဲ့သတ်မှတ်ထားတဲ့ မူဝါဒအရ အဖွဲ့ဝင်ဖြစ်ရေး ပယ်ချခံလိုက်ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီအဖွဲ့ရဲ့ ဒုတိယဥက္ကဌနေရာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ယူထားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး ဥက္ကဌအဖြစ် နှစ်နှစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။

Ref :bssnews Photo :Dirco
#voiceofmyanmar #အဘူဒါဘီ #ဘင်္ဂလားဒေ့ရှ် #IORAအဖွဲ့ #မြန်မာနိုင်ငံ

Related posts

Leave a Comment

VOM News

FREE
VIEW