သိဂီ င်္(VOM)
လက်ရှိမှာ ဒဏ်ရာရ ကျောင်းသားတွေကို သထုံဆေးရုံမှာ ဆေးကုသမှုပြုလုပ်နေပြီး မိန်းကလေး ယောက်ျားလေး အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။
Unicode
မွန်ပြည်နယ်မှာ ကျောင်းဝရံတာပြိုကျကာ ကျောင်းသား ၂၂ ဦး ဒဏ်ရာရ
ရန်ကုန် နိုဝင်ဘာ ၈-၂၀၁၉
သိဂီ ၤ(VOM)
မွန်ပြည်နယ် သထုံမြို့နယ်က မရမ်းကုန်းကျေးရွာမှာရှိတဲ့ အ. ထ က. ကျောင်းက ဝရံတာ ပြိုကျတာပြီး ကျောင်းသား ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က VOMသတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။
လက်ရှိမှာ ဒဏ်ရာရ ကျောင်းသားတွေကို သထုံဆေးရုံမှာ ဆေးကုသမှုပြုလုပ်နေပြီး မိန်းကလေး ယောကျ်ားလေး အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။
” ခုဆေးရုံရောက်တယ် ။ အပ်ဒိတ် ကျောင်းသား ၂၂ ဦးလို့ သိရတယ် ။အသေးစိတ်ကိုတော့ နောက်မှ ပြောပြပေးမယ် ပြန်ဆက်ပေးပါ ” လို့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။
ဖြစ်စဉ်ဟာ ဒီကနေ့ နိဝင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းအကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းပြိုကျရာနေရာကို သွားရောက်ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ နောင်ဘိုကျေးရွာလူမှုကယ်ဆယ်ရေးအသင်းက ကိုစိုးမင်းထိုက်ကို ဆက်သွယ်မေးမြန်းရာ” ကျတော်တို့ ကယ်ဆယ်ရေးလုပ်ချိန် သိရသလောက် မိန်းကလေး ၁၉ ဦးဖြစ်တယ်။ သထုံဆေးရုံကို ပို့လိုက်ပါတယ်။ ဒဏ်ရာအခြေအနေကိုတော့ အတိကျမပြောတတ်ဘူး ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Photo – နောင်ဘိုကျေးရွာလူမှုကယ်ဆယ်ရေးအသင်း
#voiceofmyanmar #သထုံ #ဝရံတာပြို
Related posts
Leave a Comment
VOM News
FREE
VIEW