က်ဳံဒိုးၿမိဳ႕ တန္ေဆာင္တိုင္ပြဲ လုံၿခဳံေရး ရဲကင္းလွည့္ကားထဲ လက္ပစ္ဗုံး ပစ္ခံရလိုု႕ ေလးဦးေသ

 

က်ံဳဒိုုး-နိုုဝင္ဘာ ၁၂-၂၀၁၉
ကိုုထြန္း (VOM)

က်ဳံဒိုးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေနတဲ့ က်ဳံဒိုး ေဈးပိုင္းထိပ္ ေနရာမွာ ည ၈နာရီခြဲအခ်ိန္က က်ဳံဒိုးရဲစန္းက တာဝန္က်ရဲဝန္ထမ္းေတြ ကားနဲ႕လွည့္လည့္ေနတုုန္း ဆိုင္ကယ္စီးနင္းလာသူက လုံၿခဳံေရး ယာဥ္ေနာက္ခန္းတြင္းကို လက္ပစ္ဗုံးလို႔ ယူဆရတဲ့ေပါက္ကြဲ ပစၥည္း ပစ္သြင္းခဲ့တာပါ။

အဲ့ဒီလို ပစ္သြင္းခဲ့တဲ့အတြက္ ရဲ ကားအတြင္း ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး ရဲကားေပၚလိုက္ပါလာတဲ့ ရဲ ၂ ေယာက္နဲ႔ အနီးရွိ အရပ္သား ၂ ေယာက္ ေသဆုံးခဲ့ပါတယ္။ ၁၀ဦးခန႔္ ဒဏ္ရာရရွိၿပီး ျပင္းထန္ဒဏ္ရာရရွိသူ က်ဳံဒိုးရဲစခန္းမႈး အပါအဝင္ တျခားသူေတြကို ဘားအံေဆး႐ုံဆီ လႊဲေျပာင္း ကုသေပးေနရပါတယ္။

ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕ မႈးႀကီးနဲ႔ နယ္ေျမခံ အပစ္ရပ္အဖြဲ႕ေတြပူးေပါင္းၿပီး က်ဴးလြန္သူကို ဖမ္းဆီးႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လိုု႕ သိရပါတယ္။

#voiceofmyanmar #က်ံုုဳဒိုုး #ရဲကားလက္ပစ္ဗံုုးပစ္ခံရ

Unicode

ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲ လုံခြုံရေး ရဲကင်းလှည့်ကားထဲ လက်ပစ်ဗုံး ပစ်ခံရလို့ လေးဦးသေ

ကျုံဒိုး-နိုဝင်ဘာ ၁၂-၂၀၁၉
ကိုထွန်း (VOM)

ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပနေတဲ့ ကျုံဒိုး ဈေးပိုင်းထိပ် နေရာမှာ ည ၈နာရီခွဲအချိန်က ကျုံဒိုးရဲစန်းက တာဝန်ကျရဲဝန်ထမ်းတွေ ကားနဲ့လှည့်လည့်နေတုန်း ဆိုင်ကယ်စီးနင်းလာသူက လုံခြုံရေး ယာဉ်နောက်ခန်းတွင်းကို လက်ပစ်ဗုံးလို့ ယူဆရတဲ့ပေါက်ကွဲ ပစ္စည်း ပစ်သွင်းခဲ့တာပါ။

အဲ့ဒီလို ပစ်သွင်းခဲ့တဲ့အတွက် ရဲ ကားအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲကားပေါ်လိုက်ပါလာတဲ့ ရဲ ၂ ယောက်နဲ့ အနီးရှိ အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၁၀ဦးခန့် ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာရရှိသူ ကျုံဒိုးရဲစခန်းမှုး အပါအဝင် တခြားသူတွေကို ဘားအံဆေးရုံဆီ လွှဲပြောင်း ကုသပေးနေရပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှုးကြီးနဲ့ နယ်မြေခံ အပစ်ရပ်အဖွဲ့တွေပူးပေါင်းပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #ကျုံုဒိုး #ရဲကားလက်ပစ်ဗုံးပစ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW