ေညာင္တုုန္း ဂ်ီအီးတပ္က ရဲေဘာ္ဇနီး သတ္ခံရ

ေညာင္တုုန္း ဂ်ီအီးတပ္က ရဲေဘာ္ဇနီး သတ္ခံရ

ပုုသိမ္-နိုုဝင္ဘာ ၁၂-၂၀၁၉
ကိုုေအာင္(VOM)

ပုသိမ္ၿမိဳ႕အ၀င္ မိုင္တိုင္ အမွတ္ ၁၇၀ /၂ အနီး ကိုးဆူ ေက်းရြာ လယ္ကြင္း ထဲမွာဒါဏ္ရာေတြနဲ႕ ေသဆံုးေနတဲ႕ အမ်ိဳးသမီးတစ္ဦးအေလာင္း ၁ ခုုကို နို၀င္ဘာ ၁၂ ရက္ေန့ မြန္းလြဲပိုင္းမွာ ရဲတပ္ဖြဲ႕ ကေန ရွာေတြ႕ခဲ႕ပါတယ္။

ေသဆံုးသူဟာ ေညာင္တုန္းျမိဳ႕ ဂီ်အီးတပ္က ရဲေဘာ္တစ္ဦးရဲ႕ ဇနီးျဖစ္သူု ငပုေတာျမိဳ့နယ္ ျပင္ခရိုင္ ေက်းရြာသူ အသက္ ၂၅ ႏွစ္ ၀န္းက်င္ရွိ မ၀ိုင္းပံုခ်စ္ ဆိုသူျဖစ္ေၾကာင္းနဲ႕ ေခါင္း ကို ရိုက္နွက္ထားသည့္ ဒါဏ္ရာ၊ လယ္ပင္းမွာ ညိဳမဲေနတဲ႕ဒါဏ္ရာ ေတြ႕ရွိရေၾကာင္း အေလာင္းသယ္ေဆာင္ ခဲ႕တဲ႕ လူမွုကူညီေရး အဖြဲ႕၀င္ေတြက ေျပာပါတယ္။

“ရဲတပ္ဖြဲ႕ကအကူအညီေတာင္းလို႕ ကိုးဆူမွာ အေလာင္းတင္ဖို႕ဆိုလို႕လိုက္လာတာ ဒီေရာက္မွလူသတ္မူျဖစ္မွန္းသိတယ္”ပုသိမ္ျမိဳ႕ ပါရမီဘက္စံု လူမူကူညီေရးအဖြဲ႕က ကိုေအာင္ထက္ပိုင္ကေျ ပာပါတယ္။

လူသတ္မွဳကို စစ္ေဆးေနဆဲကာလ ျဖစ္တာေျကာင့္ အမူအေျခအေနကိုထုတ္ေဖၚေျပာလိုု႕ မရနိုင္ေၾကာင္း ပုသိမ္ၿမိဳ႕မ ရဲစခန္း တာ၀န္ရွိ ရဲအရာရွိ ေျပာပါတယ္။

#voiceofmyanmar #ေညာင္တုုန္း #ရဲေဘာ္မိန္းမသတ္ခံရ

Unicode

ညောင်တုန်း ဂျီအီးတပ်က ရဲဘော်ဇနီး သတ်ခံရ

ပုသိမ်-နိုဝင်ဘာ ၁၂-၂၀၁၉
ကိုအောင်(VOM)

ပုသိမ်မြို့အဝင် မိုင်တိုင် အမှတ် ၁၇၀ /၂ အနီး ကိုးဆူ ကျေးရွာ လယ်ကွင်း ထဲမှာဒါဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးအလောင်း ၁ ခုကို နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ရဲတပ်ဖွဲ့ ကနေ ရှာတွေ့ခဲ့ပါတယ်။

သေဆုံးသူဟာ ညောင်တုန်းမြို့ ဂျီအီးတပ်က ရဲဘော်တစ်ဦးရဲ့ ဇနီးဖြစ်သူု ငပုတောမြို့နယ် ပြင်ခရိုင် ကျေးရွာသူ အသက် ၂၅ နှစ် ဝန်းကျင်ရှိ မဝိုင်းပုံချစ် ဆိုသူဖြစ်ကြောင်းနဲ့ ခေါင်း ကို ရိုက်နှက်ထားသည့် ဒါဏ်ရာ၊ လယ်ပင်းမှာ ညိုမဲနေတဲ့ဒါဏ်ရာ တွေ့ရှိရကြောင်း အလောင်းသယ်ဆောင် ခဲ့တဲ့ လူမှုကူညီရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

“ရဲတပ်ဖွဲ့ကအကူအညီတောင်းလို့ ကိုးဆူမှာ အလောင်းတင်ဖို့ဆိုလို့လိုက်လာတာ ဒီရောက်မှလူသတ်မူဖြစ်မှန်းသိတယ်”ပုသိမ်မြို့ ပါရမီဘက်စုံ လူမူကူညီရေးအဖွဲ့က ကိုအောင်ထက်ပိုင်ကြေ ပာပါတယ်။

လူသတ်မှုကို စစ်ဆေးနေဆဲကာလ ဖြစ်တာကြောင့် အမူအခြေအနေကိုထုတ်ဖေါ်ပြောလို့ မရနိုင်ကြောင်း ပုသိမ်မြို့မ ရဲစခန်း တာဝန်ရှိ ရဲအရာရှိ ပြောပါတယ်။

#voiceofmyanmar #ညောင်တုန်း #ရဲဘော်မိန်းမသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW