ရန္ကုန္မွာ ေနာက္ဆက္တြဲ ငလ်င္လာနိုုင္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၃ ရက္၊ ၂၀၁၉
ေအာင္ထူးႏိုင္

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၂) ရက္ေန႔၊ ည ၉ နာရီ ၅၄ မိနစ္ အခ်ိန္မွာ ကမာၻေအးေျမငလ်င္စခန္းမွ အေနာက္ေျမာက္ဘက္မိုင္ ၃၀ ခန႔္ ကြာေဝးတဲ့ တိုက္ႀကီးၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ၁၃ မိုင္ခန႔္အကြာ၊ ေျမာက္လတၱီတြဒ္ (၁၇.၁၇) ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၅.၈၃) ဒီဂရီ အနက္(၁၀) ကီလိုမီတာကို ဗဟိုျပဳတဲ့ အင္အားရစ္(ခ္)တာစေကး (၄.၁) အဆင့္ရွိ အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္တစ္ခု လႈပ္ရွားသြားတယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

အဲဒီေျမငလ်င္ လႈပ္ခတ္မႈေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ အေဆာက္အဦတခ်ိဳ႕ ယိုင္တာေတြ ျဖစ္ေပၚခဲ့ပါတယ္။ ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ မေန႔ညက လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဦးစံေဖရပ္ကြက္၊ ဦးစံေဖလမ္းမွာရွိတဲ့ RC (၄)ထပ္တိုက္ အေဆာက္အဦ ညာဘက္သို႔ အနည္းငယ္ ယိုင္သြားခဲ့ၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္ မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရး ယာဥ္အုပ္စုမ်ား ထြက္ခြာကူညီေဆာင္႐ြက္ခဲ့ရတယ္လို႔ သိရပါတယ္။

“ေျမငလ်င္မွာက အျခားသဘာဝေဘးလိုု  ႀကိဳတင္တြက္ခ်က္လို႔မရဘူး။ အမ်ားေသာအားျဖင့္ ျဖစ္ႏိုင္ေခ်ကေတာ့ အင္အားျပင္းထန္ၿပီး သူရဲ႕ဗဟိုခ်က္က တိမ္တယ္ဆိုရင္ေတာ့ ေနာက္ဆက္တြဲငလ်င္လာႏိုင္တဲ့ အလားအလာ ရွိတယ္။ အခုက ၄.၁ ပဲဆိုေတာ့ အင္အားအနည္းငယ္ပဲ ရွိပါတယ္”လို႔ မိုးေလဝသနဲ႔ၫႊန္ၾကားမႈဦးစီးဌာန ေျမငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာယဥ္မ်ိဳးမင္းေထြးက VOM ကိုု ေျပာပါတယ္။

မေန႔ညက ျဖစ္ပြားခဲ့တဲ့ ေျမငလ်င္လႈပ္ခတ္မႈအၿပီး
ႏိုဝင္ဘာလ ၁၃ ရက္ေန႔(ဒီေန႔) နံနက္ ၉ နာရီ ၃၆ မိနစ္ အခ်ိန္မွာလည္း ေတာင္ႀကီးေျမငလ်င္စခန္းမွ အ‌ေရွ႕-အေရွ႕ေျမာက္ဘက္ ၄၉ မိုင္ခန႔္ ကြာေဝးတဲ့ နမ့္စန္ၿမိဳ႕ရဲ႕ ‌‌ေျမာက္ဘက္ ၁၃ မိုင္ခန႔္အကြာ ေျမာက္လတၱီတြဒ္ ၂၁.၀၈ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၇.၇၃ဒီဂရီ၊ အနက္(၁၀) ကီလိုမီတာကို ဗဟိုျပဳၿပီးေတာ့ အင္အားရစ္(ခ္)တာစေကး (၄..၂) အဆင့္ရွိၿပီး အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္တစ္ခု လႈပ္ရွားသြားတယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ဒီေန႔နံနက္မွာ ထုတ္ျပန္ပါတယ္။

မေန႔ညက လႈပ္ခတ္ခဲ့တဲ့ ေျမငလ်င္ေၾကာင့္ ရန္ကုန္မွာ အေဆာက္အဦတခ်ိဳ႕ ယိုင္ကုန္တာနဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔က ေျမငလ်င္သတင္း ထုတ္ျပန္မႈအပိုင္းပါ။ ေျမငလ်င္တစ္ခုလႈပ္ရင္ ေဆာက္လုပ္ထားတဲ့ အေဆာက္အအုံရဲ႕ ေအာက္ခံေျမသား အမ်ိဳးအစားေပၚ မွာ မူတည္သလို အေဆာက္အအုံရဲ႕ အရည္အေသြးကလည္း အေရးႀကီးပါတယ္။ အဲဒါမ်ိဳးျဖစ္တဲ့အတြက္ ေျမငလ်င္ အင္အားအနည္းအမ်ားရယ္၊ ေျမငလ်င္ဗဟိုခ်က္ အတိမ္အနက္ရယ္၊ ဒီေပၚေတြမွာ မူတည္ၿပီးေတာ့ ေဆာက္လုပ္ထားတဲ့ အေဆာက္အအုံရဲ႕ ေျမသားေပ်ာ့မယ္ဆိုရင္ ပိုၿပီးေတာ့ သက္ေရာက္မႈမ်ိဳး ရွိႏိုင္ပါတယ္။ ဒါ့အျပင္ အေဆာက္အအုံရဲ႕ အရည္အေသြးကလည္း ငလ်င္ဒဏ္ခံႏိုင္တဲ့ အေဆာက္အအုံျဖစ္မယ္ဆိုရင္ေတာ့ အထိုက္အေလ်ာက္ေတာ့ ခံႏိုင္ရည္ရွိမယ္။ တကယ္လို႔ ငလ်င္ဒဏ္ခံႏိုင္ေအာင္လည္း မရွိဘူး။ အေဆာက္အအုံရဲ႕ ႀကံ့ခိုင္မႈ စြမ္းအားကလည္း က်ဆင္းေနရင္ေတာ့ ငလ်င္လႈပ္ခတ္တဲ့အခ်ိန္မွာ ပိုၿပီးေတာ့ သက္ေရာက္မႈရွိႏိုင္ပါတယ္”လို႔ ငလ်င္ဌာနခြဲမွ ေဒါက္တာယဥ္မ်ိဳးမင္းေထြးက သုံးသပ္ေျပာဆိုပါတယ္။

ယခုႏွစ္ ဇန္နဝါရီလ တစ္ရက္ေန႔မွ လက္ရွိ ႏိုဝင္ဘာလအထိ ျပည္တြင္း ငလ်င္လႈပ္ခတ္မႈ အႀကိမ္‌ေပါင္း ၁၅၀ ခန႔္ ရွိတယ္လို႔ ငလ်င္ဌာနခြဲမွ သိရပါတယ္။

#voiceofmyanmar #ရန္ကုုန္ #ငလ်င္

Unicode

ရန်ကုန်မှာ နောက်ဆက်တွဲ ငလျင်လာနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၉
အောင်ထူးနိုင်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ည ၉ နာရီ ၅၄ မိနစ် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် ၃၀ ခန့် ကွာဝေးတဲ့ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃) ဒီဂရီ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုတဲ့ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီမြေငလျင် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အဆောက်အဦတချို့ ယိုင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ ဦးစံဖေလမ်းမှာရှိတဲ့ RC (၄)ထပ်တိုက် အဆောက်အဦ ညာဘက်သို့ အနည်းငယ် ယိုင်သွားခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်အုပ်စုများ ထွက်ခွာကူညီဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

“မြေငလျင်မှာက အခြားသဘာဝဘေးကို ကြိုတင်တွက်ချက်လို့မရဘူး။ များသောအားဖြင့် ဖြစ်နိုင်ချေကတော့ အင်အားပြင်းထန်ပြီး သူရဲ့ဗဟိုချက်က တိမ်တယ်ဆိုရင်တော့ နောက်ဆက်တွဲငလျင်လာနိုင်တဲ့ အလားအလာ ရှိတယ်။ အခုက ၄.၁ ပဲဆိုတော့ အင်အားအနည်းငယ်ပဲ ရှိပါတယ်”လို့ မိုးလေဝသနဲ့ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက VOM ကိုု ပြောပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုအပြီး
နိုဝင်ဘာလ ၁၃ ရက်နေ့(ဒီနေ့) နံနက် ၉ နာရီ ၃၆ မိနစ် အချိန်မှာလည်း တောင်ကြီးမြေငလျင်စခန်းမှ အ‌ရှေ့-အရှေ့မြောက်ဘက် ၄၉ မိုင်ခန့် ကွာဝေးတဲ့ နမ့်စန်မြို့ရဲ့ ‌‌မြောက်ဘက် ၁၃ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၇၃ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုပြီးတော့ အင်အားရစ်(ခ်)တာစကေး (၄..၂) အဆင့်ရှိပြီး အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့နံနက်မှာ ထုတ်ပြန်ပါတယ်။

မနေ့ညက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ရန်ကုန်မှာ အဆောက်အဦတချို့ ယိုင်ကုန်တာနဲ့ပတ်သက်ပြီး “ကျွန်တော်တို့က မြေငလျင်သတင်း ထုတ်ပြန်မှုအပိုင်းပါ။ မြေငလျင်တစ်ခုလှုပ်ရင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံရဲ့ အောက်ခံမြေသား အမျိုးအစားပေါ် မှာ မူတည်သလို အဆောက်အအုံရဲ့ အရည်အသွေးကလည်း အရေးကြီးပါတယ်။ အဲဒါမျိုးဖြစ်တဲ့အတွက် မြေငလျင် အင်အားအနည်းအများရယ်၊ မြေငလျင်ဗဟိုချက် အတိမ်အနက်ရယ်၊ ဒီပေါ်တွေမှာ မူတည်ပြီးတော့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံရဲ့ မြေသားပျော့မယ်ဆိုရင် ပိုပြီးတော့ သက်ရောက်မှုမျိုး ရှိနိုင်ပါတယ်။ ဒါ့အပြင် အဆောက်အအုံရဲ့ အရည်အသွေးကလည်း ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံဖြစ်မယ်ဆိုရင်တော့ အထိုက်အလျောက်တော့ ခံနိုင်ရည်ရှိမယ်။ တကယ်လို့ ငလျင်ဒဏ်ခံနိုင်အောင်လည်း မရှိဘူး။ အဆောက်အအုံရဲ့ ကြံ့ခိုင်မှု စွမ်းအားကလည်း ကျဆင်းနေရင်တော့ ငလျင်လှုပ်ခတ်တဲ့အချိန်မှာ ပိုပြီးတော့ သက်ရောက်မှုရှိနိုင်ပါတယ်”လို့ ငလျင်ဌာနခွဲမှ ဒေါက်တာယဉ်မျိုးမင်းထွေးက သုံးသပ်ပြောဆိုပါတယ်။

ယခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့မှ လက်ရှိ နိုဝင်ဘာလအထိ ပြည်တွင်း ငလျင်လှုပ်ခတ်မှု အကြိမ်‌ပေါင်း ၁၅၀ ခန့် ရှိတယ်လို့ ငလျင်ဌာနခွဲမှ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ငလျင်

Related posts

Leave a Comment

VOM News

FREE
VIEW