ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြေၾကာင္႔ စာသင္ေက်ာင္းအားလံုး ပိတ္ရေတာ႔မည္

Zawgyi

ေဟာင္ေကာင္၊ နို၀င္ဘာ-၁၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္မွာ သယ္ယူပို႕ေဆာင္ေရးနဲ႔ လံုျခံဳေရးအေၾကာင္းျပခ်က္ေတြေၾကာင္႔ စာသင္ေက်ာင္းအားလံုးကို နုိ၀င္ဘာ ၁၄ ရက္မွာပိတ္ထားမယ္လို႔ ေဟာင္ေကာင္ပညာေရးဗ်ဴရိုက နို၀င္ဘာ ၁၃ ရက္မွာထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

ရိုက္တာသတင္းဌာနရဲ႕အဆိုအရ ပညာေရးဗ်ဴရိုဟာ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ႔ျပီး အၾကမ္းဖက္လုပ္ရပ္ေတြ အားလံုးကိုရပ္တန္႔ဖို႔အတြက္ ဆႏၵျပသူေတြကို ေၾကညာခ်က္မွာ တိုက္တြန္းထားတယ္လို႔ ဆိုပါတယ္။

ဆႏၵျပပြဲေတြေၾကာင္႔ ယာဥ္အသြားအလာ၊ အေရးေပၚအေျခအေနနဲ႔ အဓိက ယာဥ္ေၾကာလိုင္းေတြကို အၾကီးအက်ယ္ထိခိုက္မႈရိွေနတာေၾကာင္႔ စာသင္ေက်ာင္းေတြပိတ္ထားဖို႔ ပညာေရးဗ်ဴရိုက ဆံုးျဖတ္လိုက္တာျဖစ္ေၾကာင္း ေဟာင္ေကာင္အစိုးရရဲ႕ ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။
မျငိမ္မသက္မႈေတြျဖစ္ပြားခဲ႔တဲ႔ ငါးလတာကာလအတြင္း ယခုသီတင္းပတ္မွာေတာ႔ ေဟာင္ေကာင္တစ္၀န္းမွာ လမ္းပိတ္ဆို႔တာေတြနဲ႔ ဖ်က္ဆီးမႈေတြကို ေဟာင္ေကာင္ဆႏၵျပသူေတြက အရိွန္ျမွင္႔လုပ္ေဆာင္ျပီးေနာက္ ပညာေရးဗ်ဴရိုရဲ႕ ထုတ္ျပန္ခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

အေရးၾကီးတဲ႔ ရထားကြန္ရက္ေတြပိတ္သိမ္းရျခင္းအပါအ၀င္ စာသင္ေက်ာင္းေတြနဲ႔ ေစ်း၀ယ္စင္တာေတြ ပိတ္ရျခင္းဟာ အၾကပ္အတည္းျပသနာရဲ႕ ေနာက္တစ္ဆင္႔ျပီး ျမိဳ႕ေတာ္ဟာ ေခ်ာက္ကမ္းပါးထဲက်ဖို႔ အနည္းငယ္သာလိုေတာ႔ေၾကာင္း ရဲတပ္ဖြဲ႔က နို၀င္ဘာ ၁၂ ရက္မွာ သတိေ
ပးေျပာဆိုပါတယ္။

Ref : CNA
Photo : AFP
#voiceofmyanmar #ေဟာင္ေကာင္ #ဆႏၵျပပြဲ

Unicode

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကြောင့် စာသင်ကျောင်းအားလုံး ပိတ်ရတော့မည်

ဟောင်ကောင်၊ နိုဝင်ဘာ-၁၃-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်မှာ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် စာသင်ကျောင်းအားလုံးကို နိုဝင်ဘာ ၁၄ ရက်မှာပိတ်ထားမယ်လို့ ဟောင်ကောင်ပညာရေးဗျူရိုက နိုဝင်ဘာ ၁၃ ရက်မှာထုတ်ပြန် ကြေညာလိုက်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့အဆိုအရ ပညာရေးဗျူရိုဟာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေ အားလုံးကိုရပ်တန့်ဖို့အတွက် ဆန္ဒပြသူတွေကို ကြေညာချက်မှာ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ယာဉ်အသွားအလာ၊ အရေးပေါ်အခြေအနေနဲ့ အဓိက ယာဉ်ကြောလိုင်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိနေတာကြောင့် စာသင်ကျောင်းတွေပိတ်ထားဖို့ ပညာရေးဗျူရိုက ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဟောင်ကောင်အစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တဲ့ ငါးလတာကာလအတွင်း ယခုသီတင်းပတ်မှာတော့ ဟောင်ကောင်တစ်ဝန်းမှာ လမ်းပိတ်ဆို့တာတွေနဲ့ ဖျက်ဆီးမှုတွေကို ဟောင်ကောင်ဆန္ဒပြသူတွေက အရှိန်မြှင့်လုပ်ဆောင်ပြီးနောက် ပညာရေးဗျူရိုရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အရေးကြီးတဲ့ ရထားကွန်ရက်တွေပိတ်သိမ်းရခြင်းအပါအဝင် စာသင်ကျောင်းတွေနဲ့ ဈေးဝယ်စင်တာတွေ ပိတ်ရခြင်းဟာ အကြပ်အတည်းပြသနာရဲ့ နောက်တစ်ဆင့်ပြီး မြို့တော်ဟာ ချောက်ကမ်းပါးထဲကျဖို့ အနည်းငယ်သာလိုတော့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာ သတိေ
ပးပြောဆိုပါတယ်။

Ref : CNA
Photo : AFP
#voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW