ဆူမားၾတားေျမာက္ပိုင္းရိွ အင္ဒိုနီးရွားရဲဌာနခ်ဳပ္တစ္ခု အေသခံဗံုးခြဲတိုက္ခိုက္ခံရ

 

ဂ်ကာတာ၊ နို၀င္ဘာ-၁၃-၂၀၁၉
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနိုင္ငံ ဆူမာၾတားေျမာက္ပိုင္း မက္ဒန္ျမိဳ႕ရိွ ရဲဌာနခ်ဳပ္ျပင္ပမွာ အေသခံဗံုးခြဲတိုက္ခိုက္မႈ ျဖစ္ပြားခဲ႔တာေၾကာင္႔ ျပစ္မႈက်ဴးလြန္သူေသဆံုးျပီး ရဲတပ္ဖြဲ႔၀င္အခ်ိဳ႕ဒါဏ္ရာရရိွခဲ႔တယ္လို႔ နုိ၀င္ဘာ ၁၃ ရက္မွာ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

ဒီျဖစ္စဥ္ဟာ အင္ဒိုနီးရွားလံုျခံဳေရး၀န္ၾကီးေဟာင္းတစ္ဦးကို ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ပြားျပီး တစ္လအၾကာမွာ အခုလို တိုက္ခိုက္ခံရတာျဖစ္ပါတယ္။

တိုက္ခိုက္မႈရဲ႕ ရည္ရြယ္ခ်က္ကို ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ဒါေပမယ္႔ ကမၻာ႔ေပၚမွာ မြတ္စလင္ဦးေရအမ်ားစုေနထိုင္ရာ အင္ဒိုနီးရွားနုိင္ငံမွာ မၾကာေသးမီနွစ္ေတြအတြင္း ျပည္တြင္း စစ္ေသြးၾကြေတြ ျပန္လည္ေခါင္းေထာင္လာတာေၾကာင္႔ အၾကမ္းဖက္မႈေတြနဲ႔ ရင္ဆိုင္ေနရျပီး ရဲတပ္ဖြဲ႔ကိုပစ္မွတ္ထား တိုက္ခိုက္တာေတြလည္းရိွေနပါတယ္။

အေသခံဗံုးခြဲတိုက္ခိုက္သူဟာ တိုက္ခိုက္မႈအတြင္းေသဆံုးသြားျပီး ေဒသစံေတာ္ခ်ိန္ ၈ နာရီ ၅၀ မိနစ္မွာ ျဖစ္ပြားခဲ႔တ႔ဲ ေပါက္ကြဲမႈမွာ ရဲတပ္ဖြဲ႔၀င္အခ်ိဳ႕ ဒါဏ္ရာရရိွခဲ႔တယ္လို႔ ဆူမားၾတားေျမာက္ပိုင္းရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူ ဒါဆန္အက္မာဂ်ာက အတည္ျပဳေျပာဆိုပါတယ္။

ကနဦးစစ္ေဆးမႈေတြအရ ရဲတပ္ဖြဲ႔၀င္ ငါးဦးနဲ႔ အရပ္သားတစ္ဦး ဒါဏ္ရာရရိွသြားျပီး ဒါဏ္ရာအေျခအေနမစိုးရိမ္ရေၾကာင္း၊ ရဲတပ္ဖြဲ႔ေမာ္ေတာ္ယာဥ္အခ်ိဳ႕လည္း ပ်က္စီးသြားေၾကာင္း အမ်ိဳးသားရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူ အမ္အစ္ဘယ္ကေျပာပါတယ္။

ဗံုးခြဲတိုက္ခိုက္မႈဟာ အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ ဆက္ႏြယ္မႈရိွ၊မရိွကို အၾကမ္းဖက္တိုက္ဖ်က္ေရးအဖြဲ႔၊ မက္ဒန္ရဲတပ္ဖြဲ႔နဲ႔ ႔ ဆူမားၾတားေျမာက္ပိုင္းရဲတပ္ဖြဲ႔တို႔က စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သူကဆက္လက္ေျပာဆိုပါတယ္။

Ref : CNA
Photo : AFP
#voiceofmyanmar #အင္ဒိုုနီးရွား #ဆူမားၾတားရဲစခန္းအေသခံဗံုုးခြဲတိုုက္ခိုုက္ခံရ

Unicode

ဆူမားတြားမြောက်ပိုင်းရှိ အင်ဒိုနီးရှားရဲဌာနချုပ်တစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရ

ဂျကာတာ၊ နိုဝင်ဘာ-၁၃-၂၀၁၉
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားမြောက်ပိုင်း မက်ဒန်မြို့ရှိ ရဲဌာနချုပ်ပြင်ပမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ပြစ်မှုကျူးလွန်သူသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်အချို့ဒါဏ်ရာရရှိခဲ့တယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးဟောင်းတစ်ဦးကို ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်လအကြာမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် ကမ္ဘာ့ပေါ်မှာ မွတ်စလင်ဦးရေအများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ပြည်တွင်း စစ်သွေးကြွတွေ ပြန်လည်ခေါင်းထောင်လာတာကြောင့် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့ကိုပစ်မှတ်ထား တိုက်ခိုက်တာတွေလည်းရှိနေပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်သူဟာ တိုက်ခိုက်မှုအတွင်းသေဆုံးသွားပြီး ဒေသစံတော်ချိန် ၈ နာရီ ၅၀ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင်အချို့ ဒါဏ်ရာရရှိခဲ့တယ်လို့ ဆူမားတြားမြောက်ပိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါဆန်အက်မာဂျာက အတည်ပြုပြောဆိုပါတယ်။

ကနဦးစစ်ဆေးမှုတွေအရ ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ အရပ်သားတစ်ဦး ဒါဏ်ရာရရှိသွားပြီး ဒါဏ်ရာအခြေအနေမစိုးရိမ်ရကြောင်း၊ ရဲတပ်ဖွဲ့မော်တော်ယာဉ်အချို့လည်း ပျက်စီးသွားကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမ်အစ်ဘယ်ကပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိ၊မရှိကို အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့၊ မက်ဒန်ရဲတပ်ဖွဲ့နဲ့ ဆူမားတြားမြောက်ပိုင်းရဲတပ်ဖွဲ့တို့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သူကဆက်လက်ပြောဆိုပါတယ်။

Ref : CNA
Photo : AFP
#voiceofmyanmar #အင်ဒိုနီးရှား #ဆူမားတြားရဲစခန်းအသေခံဗုံးခွဲတိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW