ေအာင္ဘာေလထီ သိန္းတစ္ေထာင္ေပါက္မဲလက္မွတ္ကိုု ဆိုုင္ရွင္က မေပးလိုု႕ ထီေပါက္မဲလက္မွတ္ဝယ္ထားသူက တရားစြဲ

ေအာင္ဘာေလထီ သိန္းတစ္ေထာင္ေပါက္မဲလက္မွတ္ကိုု ဆိုုင္ရွင္က မေပးလိုု႕ ထီေပါက္မဲလက္မွတ္ဝယ္ထားသူက တရားစြဲ

စစ္ကုိင္း နုိဝင္ဘာ ၁၃ -၂၀၁၉
ေစာျပည့္ခ်မ္းသာ(VOM)

ျပီးခဲ႕တဲ႕ ၈ ႀကိမ္ေျမာက္ေအာင္ဘာေလထီဆုမွာ က်ပ္သိန္းတစ္ေထာင္ဆုမဲ ထီလက္မွတ္နဲ႕ ပတ္သက္ျပီး အျငင္းပြားမႈျဖစ္ပြားခဲ့ျပီး ထီထုိးသူ မဇင္ဇင္က တရားလိုုလုုပ္ျပီး ဒီေန႔ မနက္ပုိင္းက စစ္ကုိင္းခရုိင္ တရားရုံးမွာ တရားစြဲဆုိခဲ႕ပါတယ္။

မင္းကြန္းက သူငယ္ခ်င္းျဖစ္တဲ႕ ထီကိုယ္စားလွယ္ မစန္းအိခိုင္ ဆီကေန ျပီးခဲ႕တဲ႕ စက္တင္ဘာ လ ၂၉ ရက္ေန႕ က ထီလက္မွတ္ကုိ အြန္လိုင္းကေန တစ္ဆင့္ မွာယူျပီး ၃၀ ရက္ေန႕မွာ မစန္းအိခုိုင္ကို ေငြေပးခဲ့တယ္လိုု႕ ထီထိုုးသူ မဇင္ဇင္ကေျပာပါတယ္။ မစန္းအိခုိင္က သူ ဖုန္းဆက္သြယ္မွာယူထားတဲ႕ ထီကို ေငြေပးကာ လက္မွတ္သြားေတာင္းရာ ဆုိင္ရွင္က သူမအားတာနဲ႕ မိတ္ေဆြမ်ားျဖစ္ေနတဲ႕အတြက္ ေနာက္မွယူဖုိ႕ျပန္ေျပာျပီး ထီလက္မွတ္တန္ဖိုးေငြကုိ မစန္းအိခိုင္က ေပးေခ်ခဲ့တယ္လုိ႕ မစန္းအိခုိင္ကေျပာပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႕မွာ မစန္းအိက သူဝယ္ယူထားတဲ႕ ထီ က်ပ္သိန္းတစ္ေထာင္ေပါက္ျပီး ထီလက္မွတ္ေတာင္းရာ အလြယ္တစ္ကူေပးလို႕မရဘူးလုိ႔ ထီဆုိင္ပုိင္ရွင္က ေျပာတဲ႕အတြက္ ရပ္ကြက္အုပ္ခ်ဴပ္ေရးမွဴးရုံး နဲ႕ နယ္ေျမရဲစခန္းမွာ ညဳိနႈိင္းေတာင္းဆုိခဲ႕ေပမယ့္ မေပးတဲ႕အတြက္ ဒီေန႔မွာ တရားစြဲဆိုုခဲ႕တာျဖစ္ပါတယ္။ ေစာျပည့္ခ်မ္းသာက ရိုုက္ကူးေပးပိုု႕ထားတာပါ။

#voiceofmyanmar #စစ္ကိုုင္း #မင္းကြန္း #ေအာင္ဘာေလထီ #သိန္းတစ္ေထာင္ဆုု

 

အောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ

စစ်ကိုင်း နိုဝင်ဘာ ၁၃ -၂၀၁၉
စောပြည့်ချမ်းသာ(VOM)

ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်အောင်ဘာလေထီဆုမှာ ကျပ်သိန်းတစ်ထောင်ဆုမဲ ထီလက်မှတ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထီထိုးသူ မဇင်ဇင်က တရားလိုလုပ်ပြီး ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

မင်းကွန်းက သူငယ်ချင်းဖြစ်တဲ့ ထီကိုယ်စားလှယ် မစန်းအိခိုင် ဆီကနေ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၉ ရက်နေ့ က ထီလက်မှတ်ကို အွန်လိုင်းကနေ တစ်ဆင့် မှာယူပြီး ၃၀ ရက်နေ့မှာ မစန်းအိခိုင်ကို ငွေပေးခဲ့တယ်လို့ ထီထိုးသူ မဇင်ဇင်ကပြောပါတယ်။ မစန်းအိခိုင်က သူ ဖုန်းဆက်သွယ်မှာယူထားတဲ့ ထီကို ငွေပေးကာ လက်မှတ်သွားတောင်းရာ ဆိုင်ရှင်က သူမအားတာနဲ့ မိတ်ဆွေများဖြစ်နေတဲ့အတွက် နောက်မှယူဖို့ပြန်ပြောပြီး ထီလက်မှတ်တန်ဖိုးငွေကို မစန်းအိခိုင်က ပေးချေခဲ့တယ်လို့ မစန်းအိခိုင်ကပြောပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ မစန်းအိက သူဝယ်ယူထားတဲ့ ထီ ကျပ်သိန်းတစ်ထောင်ပေါက်ပြီး ထီလက်မှတ်တောင်းရာ အလွယ်တစ်ကူပေးလို့မရဘူးလို့ ထီဆိုင်ပိုင်ရှင်က ပြောတဲ့အတွက် ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး နဲ့ နယ်မြေရဲစခန်းမှာ ညိုနှိုင်းတောင်းဆိုခဲ့ပေမယ့် မပေးတဲ့အတွက် ဒီနေ့မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ စောပြည့်ချမ်းသာက ရိုက်ကူးပေးပို့ထားတာပါ။

#voiceofmyanmar #စစ်ကိုင်း #မင်းကွန်း #အောင်ဘာလေထီ #သိန်းတစ်ထောင်ဆု

Related posts

Leave a Comment

VOM News

FREE
VIEW