အီရန္မွာ ဓါတ္ဆီေစ်းတက္လို႔ ဆႏၵျပသူေတြကို အေရးယူေတာ႔မယ္လို႔ ျပည္ထဲေရးသတိေပး

တီဟီရန္၊ ႏုိဝင္ဘာ ၁၇-၂၀၁၉
မ်ိဳးဆက္(VOM)

အီရန္ႏုိင္ငံမွာ ဓါတ္ဆီေစ်း မူဝါဒသစ္တစ္ရပ္နဲ႔ပတ္သက္ျပီး လမ္းေပၚထြက္ ဆႏၵျပေနသူေတြကို လံုျခံဳေရးတာဝန္ရိွသူေတြက အေရးယူမႈေတြ လုပ္ေဆာင္ေတာ႔မယ္လို႔ အီရန္ျပည္ထဲေရးဌာနက သတိေပးေျပာၾကားလုိက္ပါတယ္။

အီရန္အစုိးရအဖဲြ႔သည္ သတ္မွတ္ေပးေဝမယ္႔ ဓာတ္ဆီပမာဏနဲ႔ ေဈးႏႈန္းေတြတိုးျမင့္လုိက္တာကို ရုတ္တရတ္ေၾကညာလုိက္ျပီးေနာက္ ႏုိင္ငံတစ္ဝန္း ဆႏၵျပပဲြေတြျဖစ္ေပၚေနျပီး လူႏွစ္ဦးထက္မနည္း ေသဆံုးသြားျပီျဖစ္ပါတယ္။

ဆႏၵျပမႈေတြေၾကာင္႔ နိုင္ငံအတြင္း အင္တာနက္ဆက္သြယ္ေရးေတြကိုလည္း ကန္႔သတ္သြားဖြယ္ရိွတယ္လို႔ ရိုက္တာသတင္းဌာနက ဆိုပါတယ္။

ဓာတ္ဆီေဈးႏႈန္း ၅၀ရာခုိင္ႏႈန္းထက္မနည္း ျမင့္တက္သြားတ႔ဲ အေျပာင္းအလဲေၾကာင္႔ ဆင္းရဲသားမ်ားကို ကူညီရန္ ေငြပိုထြက္လာမယ္လို႔ အီရန္တာဝန္ရိွသူေတြက ေျပာပါတယ္။

အီရန္ႏုိင္ငံဟာ ၂၀၁၅ ႏ်ဴကလီးယားသေဘာတူညီခ်က္ကေန အေမရိကန္ႏႈတ္ထြက္ျပီးေနာက္ပုိင္း အေမရိကန္က ျပန္လည္ျပဌာန္းလိုက္တဲ႔ အေရးယူပိတ္ဆုိ႔မႈေတြေၾကာင့္ စီးပြါးေရးၾကပ္တည္းမႈေတြနဲ႔ ၾကံဳေတြ႔ေနရပါတယ္။

ဆာဂ်န္ျမိဳ႕လယ္ေခါင္က ဆႏၵျပပဲြေတြအတြင္း လူတစ္ဦးေသဆံုးခဲ့ျပီး ဆႏၵျပသူေတြဟာ ဓါတ္ဆီဆိုင္တစ္ဆိုင္ကို တိုက္ခိုက္ျပီး မီးရႈိ႔ဖို႔ၾကိဳးပမ္းတာေၾကာင္႔ ရဲတပ္ဖဲြ႔နဲ႔ ပဋိပကၡျဖစ္ေပၚခဲ့ေၾကာင္း ႏုိင္ငံပုိင္သတင္းေအဂ်င္စီက ေဖာ္ျပထားတာ ျဖစ္ပါတယ္။

Ref: BBC Photo: Getty Images
#voiceofmyanmar #အီရန္ #ဓာတ္ဆီေစ်းတက္ #ဆႏၵျပ

Unicode

အီရန်မှာ ဓါတ်ဆီဈေးတက်လို့ ဆန္ဒပြသူတွေကို အရေးယူတော့မယ်လို့ ပြည်ထဲရေးသတိပေး

တီဟီရန်၊ နိုဝင်ဘာ ၁၇-၂၀၁၉
မျိုးဆက်(VOM)

အီရန်နိုင်ငံမှာ ဓါတ်ဆီဈေး မူဝါဒသစ်တစ်ရပ်နဲ့ပတ်သက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြနေသူတွေကို လုံခြုံရေးတာဝန်ရှိသူတွေက အရေးယူမှုတွေ လုပ်ဆောင်တော့မယ်လို့ အီရန်ပြည်ထဲရေးဌာနက သတိပေးပြောကြားလိုက်ပါတယ်။

အီရန်အစိုးရအဖွဲ့သည် သတ်မှတ်ပေးဝေမယ့် ဓာတ်ဆီပမာဏနဲ့ ဈေးနှုန်းတွေတိုးမြင့်လိုက်တာကို ရုတ်တရတ်ကြေညာလိုက်ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေဖြစ်ပေါ်နေပြီး လူနှစ်ဦးထက်မနည်း သေဆုံးသွားပြီဖြစ်ပါတယ်။

ဆန္ဒပြမှုတွေကြောင့် နိုင်ငံအတွင်း အင်တာနက်ဆက်သွယ်ရေးတွေကိုလည်း ကန့်သတ်သွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ဓာတ်ဆီဈေးနှုန်း ၅၀ရာခိုင်နှုန်းထက်မနည်း မြင့်တက်သွားတဲ့ အပြောင်းအလဲကြောင့် ဆင်းရဲသားများကို ကူညီရန် ငွေပိုထွက်လာမယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်နိုင်ငံဟာ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်ပြီးနောက်ပိုင်း အမေရိကန်က ပြန်လည်ပြဌာန်းလိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် စီးပွါးရေးကြပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဆာဂျန်မြို့လယ်ခေါင်က ဆန္ဒပြပွဲတွေအတွင်း လူတစ်ဦးသေဆုံးခဲ့ပြီး ဆန္ဒပြသူတွေဟာ ဓါတ်ဆီဆိုင်တစ်ဆိုင်ကို တိုက်ခိုက်ပြီး မီးရှို့ဖို့ကြိုးပမ်းတာကြောင့် ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြထားတာ ဖြစ်ပါတယ်။

Ref: BBC Photo: Getty Images
#voiceofmyanmar #အီရန် #ဓာတ်ဆီဈေးတက် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW