အေကာက္ေတာင္ နံရံပန္းပု႐ုပ္ပြားေတာ္မ်ားပ်က္စီးမွာစိုးရိမ္ေနရ

အေကာက္ေတာင္ နံရံပန္းပု႐ုပ္ပြားေတာ္မ်ားပ်က္စီးမွာစိုးရိမ္ေနရ

 

ပန္းေတာင္း-ႏိုဝင္ဘာ၁၇-၂၀၁၉

ဂ်န္ကိုးလ္(VOM)

 

အေကာက္ေတာင္လို႔လူသိမ်ားတဲ့ ဧရာဝတီျမစ္ကမ္းပါး ေက်ာက္နံရံေတြမွာထြင္းထုထားတဲ႕ ဗုဒၶ႐ုပ္ပြားေတာ္ေတြကို ထိမ္းသိမ္းမႈ႕အားနည္းတာေၾကာင့္ ပ်က္စီးေပ်ာက္ကြယ္မွာကို ေဒသခံေတြစိုးရိမ္ေနၾကပါတယ္။

 

နံရံထြင္းပန္းပုလက္ရာေတြျဖစ္တဲ့ဗုဒၶ႐ုပ္ပြားေတာ္ေတြဟာအရင္ကေထာင္ေက်ာ္ရွိေပမဲ့အခုအခါမွာသုံးရာခန႔္သာရွိေတာ့လို႔သိရပါတယ္။

 

“ႏွစ္ၾကာလာတာနဲ႔အမွ်သဘာ၀ဒဏ္ခံလာရတဲ႕အခါမွာတစ္ခ်ိဳ႕႐ုပ္ပြားေတာ္ေတြကေတာ့အကုန္လုံးပဲ့သြားတယ္ေပါ့နည္းသြားတယ္ေပါ့အခုဆိုရင္ေတာ့သုံးရာေတာင္ရွိခ်င္မွရွိေတာ့မယ္။ တႏွစ္ထက္တစ္ႏွစ္ေပါ့။နည္းပညာနဲ႔ေရွးမူမပ်က္ျပဳျပင္ဖို႔ေတာ့လိုအပ္ပါၿပီနည္းနည္းေတာင္ေနာက္က်ေနၿပီလိုထင္ပါတယ္”လို႔အေကာက္ေတာင္ေဂါပကအဖြဲ႕ဥကၠဌဦးျမင့္သိန္းကေျပာျပပါတယ္။

 

ဧရာ၀တီတိုင္းႀကံခင္းၿမိဳ႕နယ္ႏွင့္ပဲခူးတိုင္းထုံးဘိုနယ္အစပ္ဧရာ၀တီျမစ္ေဘးမွာတည္ရွိတဲ့အဆိုပါအေကာက္ေတာင္ရွိ႐ုပ္ပြားေတာ္ေတြထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္ဧရာ၀တီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ယဥ္ေက်းမႈႏွင့္သာသနာေရး၀န္ႀကီးဌာနကေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔စုံစမ္းသိရွိရပါတယ္။

 

“ဒီဘက္မွာခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလာေတာ့ေဒသခံေတြလည္းအဆင္ေျပတာပဲအေကာင္ေတာင္ကိုအမွီျပဳလုပ္ၿပီးလုပ္စားရတာေပါ့ဒါေပမယ့္ထိန္းသိမ္းမႈအပိုင္းက်အားနည္းေနေတာ့အဲတာေတြေသခ်ာေဆာင္႐ြက္ေပးေစခ်င္တယ္”လို႔ထုံးဘိုၿမိဳ႕ခံတဦးကေျပာပါတယ္။

 

အေကာက္ေတာင္ဟာ ဧရာဝတီတိုင္းႀကံခင္းၿမိဳ႕နယ္ထဲမွာပါဝင္ေသာ္လည္း ပဲခူးတိုင္း ထုံးဘိုၿမိဳ႕ကေန သြားေရာက္ဖိုု႕ လမ္းသာတာမိုု႕ ထုံးဘိုၿမိဳ႕နဲ႕တြဲဘက္ကာျပည္တြင္းျပည္ပဘုရားဖူးမ်ားေလ့လာသူေတြ ေႏြမိုးေဆာင္းမျပတ ္ခရီးသြားေတြ ဝင္ေရာက္ေနတဲ့ေနရာတခုျဖစ္ၿပီးရန္ကုန္ၿမိဳ႕ကေနလာမယ္ဆိုုရင္

ျပည္ၿမိဳ႕ရဲ႕ တဖက္ကန္းကို ကူးျပီး ဥသွ်စ္ပင္ကတဆင့္ ပုုသိမ္မုံ႐ြာလမ္းမေပၚက သြားႏိုင္တယ္လို႔သိရပါတယ္။

 

#voiceofmyanmar  #ရန္ကုုန္တိုုင္း #ဧရာဝတီတိုုင္း #အေကာက္ေတာင္ #ရုုပ္ပြားေတာ္ေတြပ်က္စီး

Unicode

အကောက်တောင် နံရံပန်းပုရုပ်ပွားတော်များပျက်စီးမှာစိုးရိမ်နေရ

ပန်းတောင်း-နိုဝင်ဘာ၁၇-၂၀၁၉
ဂျန်ကိုးလ်(VOM)

အကောက်တောင်လို့လူသိများတဲ့ ဧရာဝတီမြစ်ကမ်းပါး ကျောက်နံရံတွေမှာထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ထိမ်းသိမ်းမှု့အားနည်းတာကြောင့် ပျက်စီးပျောက်ကွယ်မှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

နံရံထွင်းပန်းပုလက်ရာတွေဖြစ်တဲ့ဗုဒ္ဓရုပ်ပွားတော်တွေဟာအရင်ကထောင်ကျော်ရှိပေမဲ့အခုအခါမှာသုံးရာခန့်သာရှိတော့လို့သိရပါတယ်။

“နှစ်ကြာလာတာနဲ့အမျှ သဘာဝဒဏ်ခံလာရတဲ့အခါမှာ တစ်ချို့ရုပ်ပွားတော်တွေကတော့ အကုန်လုံးပဲ့ သွားတယ်ပေါ့ နည်းသွားတယ်ပေါ့ အခုဆိုရင်တော့ သုံးရာတောင်ရှိချင်မှရှိတော့မယ် ။ တနှစ်ထက်တစ်နှစ်ပေါ့။ နည်းပညာနဲ့ ရှေးမူမပျက်ပြုပြင်ဖို့တော့ လိုအပ်ပါပြီ နည်းနည်းတောင် နောက်ကျနေပြီလို ထင်ပါတယ်” လို့ အကောက်တောင် ဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်သိန်းကပြောပြပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နှင့်ပဲခူးတိုင်း ထုံးဘိုနယ်အစပ် ဧရာဝတီမြစ်ဘေးမှာ တည်ရှိတဲ့ အဆိုပါ အကောက်တောင်ရှိ ရုပ်ပွားတော်တွေ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာနက ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။

“ဒီဘက်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတော့ ဒေသခံတွေလည်းအဆင်ပြေတာပဲ အကောင်တောင်ကို အမှီပြုလုပ်ပြီး လုပ်စားရတာပေါ့ ဒါပေမယ့် ထိန်းသိမ်းမှုအပိုင်းကျ အားနည်းနေတော့ အဲတာတွေ သေချာဆောင်ရွက်ပေးစေချင်တယ် ”လို့ထုံးဘိုမြို့ခံတဦးကပြောပါတယ်။

အကောက်တောင်ဟာ ဧရာဝတီတိုင်းကြံခင်းမြို့နယ်ထဲမှာပါဝင်သော်လည်း ပဲခူးတိုင်း ထုံးဘိုမြို့ကနေ သွားရောက်ဖို့ လမ်းသာတာမို့ ထုံးဘိုမြို့နဲ့တွဲဘက်ကာ ပြည်တွင်းပြည်ပ ဘုရားဖူးများလေ့လာသူတွေ နွေမိုးဆောင်းမပြတ ်ခရီးသွားတွေ ဝင်ရောက်နေတဲ့နေရာတခုဖြစ်ပြီး ရန်ကုန်မြို့ကနေလာမယ်ဆိုရင်
ပြည်မြို့ရဲ့ တဖက်ကန်းကို ကူးပြီး ဥသျှစ်ပင်ကတဆင့် ပုသိမ်မုံရွာလမ်းမပေါ်က သွားနိုင်တယ်လို့သိရပါတယ်။

#voiceofmyanmar #ရန်ကုန်တိုင်း #ဧရာဝတီတိုင်း #အကောက်တောင် #ရုပ်ပွားတော်တွေပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW