ငလ်င္ေႀကာင့္ တိမ္းေစာင္းခဲ့တဲ့ အေဆာက္အဦးေတြ လူေနထိုင္လို႔ရတဲ့အတြက္ အႏၱရာယ္ရွိအေဆာက္အဦးလို႔ သတ္မွတ္လို႔မရ

ရန္ကုန္၊ နိုဝင္ဘာ ၁၈-၂၀၁၉
သိဂီ ၤ (VOM)

ရန္ကုန္ၿမိဳ႕မွာ နိုဝင္ဘာ၁၂ရက္ေန႔ ညပိုင္းက ေျမငလ်င္လႈပ္ခတ္မႈအျပီး တိမ္းေစာင္းသြားတဲ့ အေဆာက္အဦးေတြဟာ လူေနထိုင္လို႔ရေသးတဲ့အတြက္ အႏၱရာယ္ရွိအေဆာက္အဦးအျဖစ္ သတ္မွတ္ မရဘူးလို႔ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီကသိရပါတယ္။

ခုလုိေျပာၾကားခ်က္ကို ဒီကေန႔မနက္ပိုင္းက ရန္ကုန္စည္ပင္သာယာေရးေကာ္မတီရုံး ျမိဳ႕ေတာ္ခန္းမမွာ ျပဳလုပ္ခဲ့တဲ့ မီဒီယာနဲ႔ေတြ႕ဆုံပြဲမွာ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီအဖြဲ႔ဝင္ ဦးဝင္းျမင့္သန္းက ေျပာဆုိခဲ့တာျဖစ္ပါတယ္။

ငလ်င္ေႀကာင့္ ရန္ကုန္ၿမိဳ႕ထဲက ပုဇြန္ေတာင္၊ တာေမြ၊ ေတာင္ဥကၠလာပ၊ သဃၤန္းကၽြန္း နဲ႕ ေဒါပုံၿမိဳ႕နယ္ေတြမွာ တိမ္းေစာင္းအေဆာက္အဦး ၂၀ ေက်ာ္ ရွိခဲ့ၿပီး အေဆာက္အဦး ၈ လုံးကေတာ့ ျပန္တည့္မတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

” allow of limit အတြင္းရွိတာက ၁၃ လုံးရွိတယ္ ။က်န္တာ က allow of limit ျပင္ပက ၈ လုံးရွိတယ္။ အဲ့ဒီ ၈ လုံးကလည္း ျဖိဳစရာမလိုဘူး။ ျပန္မတ္လို႔ရတယ္။ ဒါေျကာင့္ျပန္မတ္ဖို႕ လုပ္သြားမွာျဖစ္တယ္ ” လို႕ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမွဴး ေဒၚလိွဳင္ေမာ္ဦးကေျပာပါတယ္။

ဒီအေဆာက္အဦးေတြထဲမွာ နဂိုထဲက တိမ္းေစာင္းေနတ့ဲအေဆာက္အဦးေတြ စစ္ေဆးေတြ႕ရွိရသလို ငလ်င္ေျကာင့္ ျဖစ္သြားတဲ႕အေဆာက္အဦးေတြကိုလည္း စစ္ေဆးေတြ႕ရွိခဲ့ရၿပီး လက္ရွိမွာလည္း လူေတြေနထိုင္မႈရွိေနတယ္လို႔ သိရပါတယ္။

ျပန္တည့္မတ္ဖို႔လိုတဲ့ အေဆာက္အဦးေတြကို ရန္ကုန္တိုင္းအစိုးရကို တင္ျပထားၿပီး ကုန္က်စရိတ္ကိုေတာ့ ေကာ္မတီကပဲက်ခံမလား တိုက္ခန္းေနထိုင္သူ ပိုင္ရွင္ကပဲ က်ခံမရလားဆိုတာကို အတိက် မေျပာနိုင္ေသးဘူးလို႔လည္း ေဒၚလိွဳင္ေမာ္ဦးက ဒီကေန႔ေတြ႔ဆံုမွဳမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျပန္တည့္မတ္ဖို႔လိုအပ္တဲ့ တာေမြၿမိဳ႕နယ္က ၄ လုံး၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ နဲ႔ ေဒါပုံျမိဳ႕နယ္ေတြက ၂ ခန္းတြဲ ၈ ထပ္တိုက္အေဆာက္အဦးနဲ႕ ၆ ထပ္တိုက္ ၇ ထပ္တိုက္ ၃ ထပ္ခြဲတိုက္ေတြျဖစ္ၿပီး တိုက္ေတြကို ျပန္မတည့္မတ္ခင္ စတင္တည္ေဆာက္ခဲ့တဲ့ အင္ဂ်င္နီယာ၊ တိုက္ပိုင္ရွင္၊ သက္ဆိုင္ရာဌာနေတြနဲ႕ ေဆြးေႏြးမႈေတြလုပ္သြားမယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ငလ်င္ #အေဆာက္အဦး

Unicode

ငလျင်ကြောင့် တိမ်းစောင်းခဲ့တဲ့ အဆောက်အဦးတွေ လူနေထိုင်လို့ရတဲ့အတွက် အန္တရာယ်ရှိအဆောက်အဦးလို့ သတ်မှတ်လို့မရ

ရန်ကုန်၊ နိုဝင်ဘာ ၁၈-၂၀၁၉
သိဂီ ၤ (VOM)

ရန်ကုန်မြို့မှာ နိုဝင်ဘာ၁၂ရက်နေ့ ညပိုင်းက မြေငလျင်လှုပ်ခတ်မှုအပြီး တိမ်းစောင်းသွားတဲ့ အဆောက်အဦးတွေဟာ လူနေထိုင်လို့ရသေးတဲ့အတွက် အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ် မရဘူးလို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီကသိရပါတယ်။

ခုလိုပြောကြားချက်ကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ရန်ကုန်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်သန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ရန်ကုန်မြို့ထဲက ပုဇွန်တောင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း နဲ့ ဒေါပုံမြို့နယ်တွေမှာ တိမ်းစောင်းအဆောက်အဦး ၂၀ ကျော် ရှိခဲ့ပြီး အဆောက်အဦး ၈ လုံးကတော့ ပြန်တည့်မတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

” allow of limit အတွင်းရှိတာက ၁၃ လုံးရှိတယ် ။ကျန်တာ က allow of limit ပြင်ပက ၈ လုံးရှိတယ်။ အဲ့ဒီ ၈ လုံးကလည်း ဖြိုစရာမလိုဘူး။ ပြန်မတ်လို့ရတယ်။ ဒါကြောင့်ပြန်မတ်ဖို့ လုပ်သွားမှာဖြစ်တယ် ” လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကပြောပါတယ်။

ဒီအဆောက်အဦးတွေထဲမှာ နဂိုထဲက တိမ်းစောင်းနေတဲ့အဆောက်အဦးတွေ စစ်ဆေးတွေ့ရှိရသလို ငလျင်ကြောင့် ဖြစ်သွားတဲ့အဆောက်အဦးတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရပြီး လက်ရှိမှာလည်း လူတွေနေထိုင်မှုရှိနေတယ်လို့ သိရပါတယ်။

ပြန်တည့်မတ်ဖို့လိုတဲ့ အဆောက်အဦးတွေကို ရန်ကုန်တိုင်းအစိုးရကို တင်ပြထားပြီး ကုန်ကျစရိတ်ကိုတော့ ကော်မတီကပဲကျခံမလား တိုက်ခန်းနေထိုင်သူ ပိုင်ရှင်ကပဲ ကျခံမရလားဆိုတာကို အတိကျ မပြောနိုင်သေးဘူးလို့လည်း ဒေါ်လှိုင်မော်ဦးက ဒီကနေ့တွေ့ဆုံမှုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြန်တည့်မတ်ဖို့လိုအပ်တဲ့ တာမွေမြို့နယ်က ၄ လုံး၊ သင်္ဃန်းကျွန်းမြို့နယ် နဲ့ ဒေါပုံမြို့နယ်တွေက ၂ ခန်းတွဲ ၈ ထပ်တိုက်အဆောက်အဦးနဲ့ ၆ ထပ်တိုက် ၇ ထပ်တိုက် ၃ ထပ်ခွဲတိုက်တွေဖြစ်ပြီး တိုက်တွေကို ပြန်မတည့်မတ်ခင် စတင်တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ၊ တိုက်ပိုင်ရှင်၊ သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေးမှုတွေလုပ်သွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ငလျင် #အဆောက်အဦး

Related posts

Leave a Comment

VOM News

FREE
VIEW