ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႔က အယူခံမတက္ဘဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထံ အကူအညီေတာင္းမယ္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၈-၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ၿပီးခဲ့တဲ့ သၾကၤန္ကာလအတြင္း သံခ်ပ္ထိုးခဲ့တဲ့စာသားေတြေၾကာင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ တပ္မေတာ္က တရားစြဲထားတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ခုနစ္ဦးအနက္ ေျခာက္ဦးကို အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္က်ခံဖို႔ အမိန႔္ခ်မွတ္လိုက္ၿပီး က်န္တစ္ဦးကို တရားေသလြတ္ဖို႔ ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံးက ႏိုဝင္ဘာ ၁၈ ရက္(ဒီေန႔)မွာ အမိန႔္ခ်မွတ္လိုက္ပါတယ္။

သံခ်ပ္ထိုးရာမွာ တပ္မေတာ္ကို ေစာ္ကားတဲ့အသုံးအႏႈန္းေတြပါဝင္တယ္ဆိုၿပီး ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ေတြကို ရန္ကုန္တိုင္းရွိ မရမ္းကုန္း၊ ဗိုလ္တေထာင္နဲ႔ ဧရာဝတီတိုင္းရွိ ဖ်ာပုံနဲ႔ ေဒးဒရဲတို႔မွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (က)၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) တို႔နဲ႔ တပ္မေတာ္က တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္မတို႔ အယူခံဝင္ဖို႔ အစီအစဥ္ မရွိပါဘူး။ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕က ေနရာတိုင္းမွာ တရားစြဲခံရတယ္။ ပုဒ္မ ႏွစ္မ်ိဳးနဲ႔ အႀကိမ္ႀကိမ္ တရားစြဲခံရတာျဖစ္တဲ့အတြက္ ဥပေဒနဲ႔ မညီၫြတ္ဘူး၊ တရားမွ်တမႈမရွိဘူး၊ လူအခြင့္အေရးေတြ ဆုံးရႈံးေနတယ္လို႔ ကြၽန္မတို႔က ယူဆတဲ့အတြက္ေၾကာင့္မို႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ သမၼတအပါအဝင္ သက္ဆိုင္ရာဝန္ႀကီးဌာနအသီးသီးကို ကြၽန္မတို႔က ဥပေဒအခ်က္အလက္ေတြနဲ႔စာေတြတင္ျပၿပီးေတာ့ အသနားခံစာတင္ျပသြားဖို႔ ရွိပါတယ္”လို႔ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဘက္မွ လိုက္ပါေဆာင္႐ြက္ေပးေနသူ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္က VOM ကို ေျပာပါတယ္။

အမႈက တစ္မႈတည္းနဲ႔ အမိန႔္ခ်မွတ္ထားတာမဟုတ္တဲ့အတြက္ အယူခံဝင္ရင္လည္း လြတ္ႏိုင္မွာမဟုတ္တဲ့အတြက္ အမွန္တရားကို လူႀကီးေတြ သိရွိႏိုင္ဖို႔နဲ႔ လူႀကီးေတြဆီက အကူအညီရယူတာက ပိုၿပီးအဆင္ေျပႏိုင္လိမ့္မယ္လို႔ ေဒၚစန္းစန္းျမင့္က သူရဲ႕ယူဆခ်က္ကို ေျပာပါတယ္။

“သံခ်ပ္ကိစၥနဲ႔ေျပာရရင္ေတာ့ ဘယ္သူပဲစြဲစြဲ၊ စြဲတဲ့သူက ႏိုင္ငံေရးအရ ရင့္က်က္ျပည့္ဝမႈမရွိဘူးလို႔ပဲ သုံးသပ္ရမွာပါ။ သံခ်ပ္ဆိုတဲ့ အႏုပညာအမ်ိဳးအစားက သေရာ္စာပါပဲ။ ေဝဖန္ေထာက္ျပၾကတဲ့ အႏုပညာပုံစံတစ္ခုကို ေခတ္အဆက္ဆက္က တရားစြဲဆိုတာေတာ့ မရွိခဲ့ဘူး။ ဒီဘက္ေနာက္ပိုင္းၾကမွ ဒီလိုစြဲဆိုတာ ေတြ႕ခဲ့ရတယ္”လို႔ ဥပေဒအႀကံေပးအျဖစ္ ရပ္တည္ေနသူ ဦးခင္ေမာင္ျမင့္က သူ႔အျမင္ကို ေျပာပါတယ္။

သံခ်ပ္အဖြဲ႕ဘက္ကို ျပန္လည္သုံးသပ္ရာမွာလည္း ဦးခင္ေမာင္ျမင့္က သံခ်ပ္ဆိုတဲ့ အႏုပညာပုံသ႑ာန္အေပၚမွာ ႐ိုး႐ိုးသားသား ရည္႐ြယ္ခ်က္ေကာင္းေကာင္းနဲ႔ တင္ျပတဲ့ပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ ႏိုင္ငံေရးရည္႐ြယ္ခ်က္တစ္ခုခုနဲ႔ တမင္ဂုဏ္သိကၡာက်ဆင္းေအာင္ ေျပာဆိုခ်က္ေတြပါေနရင္ေတာ့ သံခ်ပ္ဆိုတဲ့ အႏုပညာရသေတာ့ ပ်က္စီးတတ္တယ္လို႔ သုံးသပ္ေျပာဆိုပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ကို အမိန႔္ခ်လိုက္တဲ့ အမႈေတြထဲက သံခ်ပ္အဖြဲ႕ဝင္ငါးဦးကို မရမ္းကုန္းတရား႐ုံးက ပုဒ္မ ၅၀၅ (က) နဲ႔ ေအာက္တိုဘာ ၃၀ ရက္မွာ ေထာင္တစ္ႏွစ္စီ ခ်မွတ္ထားၿပီးျဖစ္ပါတယ္။ တရား႐ုံးတစ္႐ုံးစီက သီးျခားစီခ်တဲ့အမိန႔္ျဖစ္တာေၾကာင့္ အရင္ခ်မွတ္ထားတဲ့ ေထာင္ဒဏ္နဲ႔ အခု ဗိုလ္တေထာင္က ခ်တဲ့ ေထာင္ဒဏ္ေတြကို တစ္ေပါင္းတည္းက်ခံခြင့္မရွိဘဲ သီးျခားစီ က်ခံရမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေဒါင္းတို႔မ်ိဳးဆက္ #အမိန္႔ခ်

Unicode

ဒေါင်းတို့မျိုးဆက်အဖွဲ့က အယူခံမတက်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အကူအညီတောင်းမယ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈-၂၀၁၉
အောင်ထူးနိုင်(VOM)

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း သံချပ်ထိုးခဲ့တဲ့စာသားတွေကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနစ်ဦးအနက် ခြောက်ဦးကို အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပြီး ကျန်တစ်ဦးကို တရားသေလွတ်ဖို့ ဗိုလ်တထောင်မြို့နယ်တရားရုံးက နိုဝင်ဘာ ၁၈ ရက်(ဒီနေ့)မှာ အမိန့်ချမှတ်လိုက်ပါတယ်။

သံချပ်ထိုးရာမှာ တပ်မတော်ကို စော်ကားတဲ့အသုံးအနှုန်းတွေပါဝင်တယ်ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ရန်ကုန်တိုင်းရှိ မရမ်းကုန်း၊ ဗိုလ်တထောင်နဲ့ ဧရာဝတီတိုင်းရှိ ဖျာပုံနဲ့ ဒေးဒရဲတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တပ်မတော်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ အယူခံဝင်ဖို့ အစီအစဉ် မရှိပါဘူး။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က နေရာတိုင်းမှာ တရားစွဲခံရတယ်။ ပုဒ်မ နှစ်မျိုးနဲ့ အကြိမ်ကြိမ် တရားစွဲခံရတာဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီညွတ်ဘူး၊ တရားမျှတမှုမရှိဘူး၊ လူအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကျွန်မတို့က ယူဆတဲ့အတွက်ကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကို ကျွန်မတို့က ဥပဒေအချက်အလက်တွေနဲ့စာတွေတင်ပြပြီးတော့ အသနားခံစာတင်ပြသွားဖို့ ရှိပါတယ်”လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က VOM ကို ပြောပါတယ်။

အမှုက တစ်မှုတည်းနဲ့ အမိန့်ချမှတ်ထားတာမဟုတ်တဲ့အတွက် အယူခံဝင်ရင်လည်း လွတ်နိုင်မှာမဟုတ်တဲ့အတွက် အမှန်တရားကို လူကြီးတွေ သိရှိနိုင်ဖို့နဲ့ လူကြီးတွေဆီက အကူအညီရယူတာက ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်လို့ ဒေါ်စန်းစန်းမြင့်က သူရဲ့ယူဆချက်ကို ပြောပါတယ်။

“သံချပ်ကိစ္စနဲ့ပြောရရင်တော့ ဘယ်သူပဲစွဲစွဲ၊ စွဲတဲ့သူက နိုင်ငံရေးအရ ရင့်ကျက်ပြည့်ဝမှုမရှိဘူးလို့ပဲ သုံးသပ်ရမှာပါ။ သံချပ်ဆိုတဲ့ အနုပညာအမျိုးအစားက သရော်စာပါပဲ။ ဝေဖန်ထောက်ပြကြတဲ့ အနုပညာပုံစံတစ်ခုကို ခေတ်အဆက်ဆက်က တရားစွဲဆိုတာတော့ မရှိခဲ့ဘူး။ ဒီဘက်နောက်ပိုင်းကြမှ ဒီလိုစွဲဆိုတာ တွေ့ခဲ့ရတယ်”လို့ ဥပဒေအကြံပေးအဖြစ် ရပ်တည်နေသူ ဦးခင်မောင်မြင့်က သူ့အမြင်ကို ပြောပါတယ်။

သံချပ်အဖွဲ့ဘက်ကို ပြန်လည်သုံးသပ်ရာမှာလည်း ဦးခင်မောင်မြင့်က သံချပ်ဆိုတဲ့ အနုပညာပုံသဏ္ဍာန်အပေါ်မှာ ရိုးရိုးသားသား ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တင်ပြတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ နိုင်ငံရေးရည်ရွယ်ချက်တစ်ခုခုနဲ့ တမင်ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုချက်တွေပါနေရင်တော့ သံချပ်ဆိုတဲ့ အနုပညာရသတော့ ပျက်စီးတတ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို အမိန့်ချလိုက်တဲ့ အမှုတွေထဲက သံချပ်အဖွဲ့ဝင်ငါးဦးကို မရမ်းကုန်းတရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ အောက်တိုဘာ ၃၀ ရက်မှာ ထောင်တစ်နှစ်စီ ချမှတ်ထားပြီးဖြစ်ပါတယ်။ တရားရုံးတစ်ရုံးစီက သီးခြားစီချတဲ့အမိန့်ဖြစ်တာကြောင့် အရင်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ အခု ဗိုလ်တထောင်က ချတဲ့ ထောင်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံခွင့်မရှိဘဲ သီးခြားစီ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ဒေါင်းတို့မျိုးဆက် #အမိန့်ချ

Related posts

Leave a Comment

VOM News

FREE
VIEW