ထိုင္ဝမ္ခြဲထြက္ေရး လႈပ္ရွားမႈမွန္သမႇ် သည္းခံမွာမဟုတ္ဘူးလို႔ တရုတ္သတိေပး

ဘန္ေကာက္၊ နုိ၀င္ဘာ-၁၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ထိုင္ဝမ္လြတ္လပ္ေရးအတြက္ ဘယ္လိုလုပ္ရပ္မ်ိဳးကိုမွ တရုတ္နုိင္ငံက သည္းခံမွာမဟုတ္ဘူးလို႔ တရုတ္ကာကြယ္ေရးဝန္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးက နုိဝင္ဘာ ၁၈ ရက္မွာ ေျပာဆိုလိုက္ျပီး အေမရိကန္အေနနဲ႔ ထိုင္ဝမ္အေရးကို သင္႔ေလ်ာ္တဲ့ပံုစံနဲ႔ ခ်ဥ္းကပ္ကိုင္တြယ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ထိုင္းနုိင္ငံ ဘန္ေကာက္မွာက်င္းပတဲ့ ကာကြယ္ေရးေဆြးေႏြးပြဲျပင္ပမွာ အေမရိကန္နဲ႔တရုတ္ ကာကြယ္ေရးဝန္ၾကီးတို႔ ေတြ႔ဆံုျပီးေနာက္ တရုတ္ကာကြယ္ေရးဝန္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူ ဝူရွန္က ထုိင္ဝမ္အေရးနဲ႔ပတ္သက္ျပီး မွတ္ခ်က္ျပဳေျပာဆိုလိုက္တာျဖစ္ပါတယ္။

တရုတ္နိုင္ငံဟာ ထိုင္ဝမ္ကို သူ႔ရဲ႕ျပည္နယ္တစ္ခုအျဖစ္ ရႈျမင္ထားျပီး တရုတ္ျပည္မၾကီး နဲ႔ျပန္လည္ေပါင္းစည္းေရးအတြက္ လိုအပ္ရင္ စစ္ေရးအင္အားကို အသံုးျပဳသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

တရုတ္ေလယာဥ္သေဘၤာတစ္စင္းဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းခုတ္ေမာင္းခဲ႔ျပီး တရုတ္စစ္သေဘၤာကို အေမရိကန္နဲ႔ ဂ်ပန္စစ္သေဘၤာေတြက လိုက္လံေစာင္႔ၾကည္႔ခဲ႔တယ္လို႔ ထုိင္ဝမ္ကာကြယ္ေရးဝန္ၾကီးဌာနက ေျပာပါတယ္။

တရုတ္တာဝန္ရိွသူေတြအေနနဲ႔ ေရလက္ၾကားနဲ႔ေဒသတြင္း ျငိမ္းခ်မ္းေရးနဲ႔တည္ျငိမ္ေရးကိုလည္း ေလးစားသင္႔ေၾကာင္း ထိုင္ဝမ္သမၼတရံုးက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Ref & Photo : Reuters
#voiceofmyanmar #ဘန္္ေကာက္ #ထိုင္ဝမ္ခြဲထြက္ေရး

Unicode

ထိုင်ဝမ်ခွဲထွက်ရေး လှုပ်ရှားမှုမှန်သမျှ သည်းခံမှာမဟုတ်ဘူးလို့ တရုတ်သတိပေး ၏

ဘန်ကောက်၊ နိုဝင်ဘာ-၁၈-၂၀၁၉
မျိုးဆက် (VOM)

ထိုင်ဝမ်လွတ်လပ်ရေးအတွက် ဘယ်လိုလုပ်ရပ်မျိုးကိုမှ တရုတ်နိုင်ငံက သည်းခံမှာမဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၈ ရက်မှာ ပြောဆိုလိုက်ပြီး အမေရိကန်အနေနဲ့ ထိုင်ဝမ်အရေးကို သင့်လျော်တဲ့ပုံစံနဲ့ ချဉ်းကပ်ကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပတဲ့ ကာကွယ်ရေးဆွေးနွေးပွဲပြင်ပမှာ အမေရိကန်နဲ့တရုတ် ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူရှန်က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ရဲ့ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားပြီး တရုတ်ပြည်မကြီး နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားကို အသုံးပြုသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်လေယာဉ်သင်္ဘောတစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး တရုတ်စစ်သင်္ဘောကို အမေရိကန်နဲ့ ဂျပန်စစ်သင်္ဘောတွေက လိုက်လံစောင့်ကြည့်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်တာဝန်ရှိသူတွေအနေနဲ့ ရေလက်ကြားနဲ့ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုလည်း လေးစားသင့်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Ref & Photo : Reuters
#voiceofmyanmar #ဘန်ကောက် #ထိုင်ဝမ်ခွဲထွက်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW