ျမန္မာႏိုင္ငံမွာ ပဋိဝဇီဝေဆးယဥ္ပါးမႈအႏၲရာယ္ ျမင့္တက္ေန

မႏၲေလး၊ ႏိုဝင္ဘာ ၁၈-၂၀၁၉
ျဖဴျဖဴ(VOM)

တစ္ကမၻာလုံးမွာႀကဳံေတြ႕ေနရတဲ့ ပဋိဇီဝေဆးယဥ္ပါးမႈအႏၲရယ္ဟာ ျမန္မာႏိုင္ငံမွာလည္း အရွိန္အဟုန္နဲ႔ ျမင့္တက္လာေနၿပီျဖစ္တယ္လို႔ ႏိုဝင္ဘာ(၁၈)ရက္က မႏၲေလးၿမိဳ႕ Hotel Sakura Princess မွာက်င္းပျပဳလုပ္ခဲ့တဲ့ ကမာၻ႔ပဋိဇီဝေဆးဆိုင္ရာ အသိေပးရက္သတၱပတ္ အထိမ္းအမွတ္အခမ္းအနားကေန သိရပါတယ္။

“ ပဋိဇီဝေဆးယဥ္ပါးမႈ အႏၲရယ္က အရမ္းကို အရွိန္အဟုန္နဲ႔ႀကီးေနတယ္။ တဆိမ့္ဆိမ့္နဲ႔ ေရရွည္ျဖစ္ပြားတဲ့ ကပ္ေရာဂါအသြင္ျဖစ္တယ္။ အျခားအီဘိုလာ၊ ဇီကာေတြလို ထ,ထေၾကာက္ရတာမ်ိဳးမဟုတ္ဘူး။ အၿမဲတမ္းေရရွည္ႀကီးနဲ႔ကို ျဖစ္ေနတာမို႔ ဒါကို တိုက္ဖ်က္ဖို႔အတြက္ဆိုၿပီး အမ်ိဳးသားအဆင့္မွာ နည္းဗ်ဴဟာေတြထားၿပီး လုပ္ေဆာင္ေနတယ္” လို႔ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္(ဓါတ္ခြဲ) ပါေမာကၡေဒါက္တာေဌးေဌးတင္က ေျပာပါတယ္။

ဘတ္တီးရီးယားပိုးေတြဟာ အရင္ကေပ်ာက္ကင္းေနတဲ့ ပဋိဇီဝေဆးေတြအေပၚ ခံႏိုင္ရည္ပိုရွိလာသလို လူ၊ တိရိစာၦန္နဲ႔ အပင္ေတြရဲ႕ခႏၶာကိုယ္ထဲမွာ ၾကာၾကာပိုေနႏိုင္လာၿပီး ေဆးမတိုးေတာ့ဘဲ၊ ေရာဂါေပ်ာက္ကင္းမႈမရွိေတာ့ဘဲ ေဆးယဥ္ပါးလာျခင္းျဖစ္ပါတယ္။

အဲဒီလို ပဋိဇီဝေဆး ယဥ္ပါးလာျခင္း အေၾကာင္းရင္းမွာ ပဋိဇီဝေဆးေတြကို ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေသာက္သုံးတာ၊ ေဆးဆိုင္ေတြကေန အလြယ္တကူဝယ္ယူႏိုင္တာ၊ စိုက္ပ်ိဳးေရးေမြးျမဴေရး လုပ္ငန္းေတြမွာ အလြန္အကြၽံသုံးစြဲတာ၊ ျပည္သူေတြအၾကားအသိပညာ အားနည္းတာေတြေၾကာင့္ အဓိကျဖစ္ပြားတာလို႔လည္း သိရပါတယ္။

တစ္ကမာၻလုံးမွာ ပဋိဇီဝေဆးမတိုးတဲ့ ေရာဂါပိုးေၾကာင့္ ေသဆုံးမႈႏႈန္းဟာ ၂၀၁၆ခုႏွစ္မွာ ၇ သိန္းရွိခဲ့ၿပီး ၂၀၅၀ မွာ သိန္း ၁၀၀ အထိ ျမင့္တက္လာႏိုင္တယ္လို႔ ပညာရွင္ေတြက သုံးသပ္ထားတယ္လို႔ ဒီကေန႔ျပဳလုပ္တဲ့ အခမ္းအနားကေန သိရပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားအဆင့္ ေဆးယဥ္ပါးမႈတိုက္ဖ်က္ေရးစီမံကိန္း (၂၀၁၇ – ၂၀၂၂ )ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ နည္းပညာပိုင္းကူညီပံ့ပိုးမႈနဲ႔ အမ်ိဳးသားပဋီဇီဝေဆးယဥ္ပါးမႈ တိုက္ဖ်က္ေရးေကာ္မတီဖြဲ႕စည္းကာ နယ္ပယ္စုံ ဝန္ႀကီးဌာနစုံက ပညာရွင္ေတြနဲ႔ က႑ႀကီး ငါးရပ္ခြဲၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။

စီမံကိန္းအေကာင္အထည္ေဖၚေဆာင္႐ြက္ရာမွာ လူသားေတြစားသုံးေနတဲ့ တိရိစာၦန္ေတြမွာလည္း ပဋိဇီဝေဆးသုံးစြဲမႈမ်ားျပားတာေၾကာင့္ တိရိစာၦန္ေတြနဲ႔ဆက္စပ္ၿပီးလည္းလုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းထားပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာလည္း အစားအစာေဘးကင္းလုံၿခဳံေရးစီမံခ်က္ေတြ လုပ္ေဆာင္ေနတဲ့အေၾကာင္းကို ေမြးျမဴေရးနဲ႔ကုသေရးဦးစီးဌာန တိုင္းဦးစီးမႉးေဒါက္တာေမာင္ေမာင္က “အစားအစာေဘးကင္းလုံၿခဳံေရး စီမံခ်က္ေတြလုပ္ေဆာင္ေနပါတယ္။အဲဒီကေန ေလ့လာေတြ႕ရွိတဲ့အေပၚမူတည္ၿပီး ပဋိဇီဝေဆးေတြ သုံးစြဲမႈကို စနစ္တက်ရွိဖို႔၊ သုံးစြဲမႈေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ ၊ေနာက္ၿပီး စားေသာက္တဲ့အစားအေသာက္ေတြထဲမွာ ပဋိဇီဝေဆးအႂကြင္းအက်န္ေတြ မပါေအာင္လို႔က်ေနာ္တို႔က စီမံခ်က္ေတြေရးစြဲေဆာင္႐ြက္ေနပါတယ္။”လို႔ ေျပာပါတယ္။

တိုင္းအစိုးရအဖြဲ႕ရဲ႕လမ္းၫႊန္မႈနဲ႔ ေဆာင္႐ြက္ေနတာရွိသလို က်န္းမာေရးဦးစီးဌာနနဲ႔ ပူးေပါင္းၿပီး အမ်ိဳးသားအဆင့္ လႈပ္ရွားမႈအစီအစဥ္ေတြလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ပဋိဇီဝေဆးယဥ္ပါးမႈ တိုက္ဖ်က္ေရးကို အတူတကြ ပူးေပါင္းေတာင္႐ြက္ၾကဖို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတို႔ကေန နားလည္မႈစာခြၽန္လႊာကို ၂၀၁၈ခုႏွစ္ ပဋိဇီဝေဆး အသိေပးရက္သတၱပတ္ က်င္းပတဲ့ေန႔မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။

#voiceofmyanmar #မႏၲေလး # ပဋိဇီဝေဆးယဥ္ပါးမႈ #အႏၲရာယ္

Unicode

မြန်မာနိုင်ငံမှာ ပဋိဝဇီဝဆေးယဉ်ပါးမှုအန္တရာယ် မြင့်တက်နေ

မန္တလေး၊ နိုဝင်ဘာ ၁၈-၂၀၁၉
ဖြူဖြူ(VOM)

တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရယ်ဟာ မြန်မာနိုင်ငံမှာလည်း အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီဖြစ်တယ်လို့ နိုဝင်ဘာ(၁၈)ရက်က မန္တလေးမြို့ Hotel Sakura Princess မှာကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကနေ သိရပါတယ်။

“ ပဋိဇီဝဆေးယဉ်ပါးမှု အန္တရယ်က အရမ်းကို အရှိန်အဟုန်နဲ့ကြီးနေတယ်။ တဆိမ့်ဆိမ့်နဲ့ ရေရှည်ဖြစ်ပွားတဲ့ ကပ်ရောဂါအသွင်ဖြစ်တယ်။ အခြားအီဘိုလာ၊ ဇီကာတွေလို ထ,ထကြောက်ရတာမျိုးမဟုတ်ဘူး။ အမြဲတမ်းရေရှည်ကြီးနဲ့ကို ဖြစ်နေတာမို့ ဒါကို တိုက်ဖျက်ဖို့အတွက်ဆိုပြီး အမျိုးသားအဆင့်မှာ နည်းဗျူဟာတွေထားပြီး လုပ်ဆောင်နေတယ်” လို့ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓါတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြောပါတယ်။

ဘတ်တီးရီးယားပိုးတွေဟာ အရင်ကပျောက်ကင်းနေတဲ့ ပဋိဇီဝဆေးတွေအပေါ် ခံနိုင်ရည်ပိုရှိလာသလို လူ၊ တိရိစ္ဆာန်နဲ့ အပင်တွေရဲ့ခန္ဓာကိုယ်ထဲမှာ ကြာကြာပိုနေနိုင်လာပြီး ဆေးမတိုးတော့ဘဲ၊ ရောဂါပျောက်ကင်းမှုမရှိတော့ဘဲ ဆေးယဉ်ပါးလာခြင်းဖြစ်ပါတယ်။

အဲဒီလို ပဋိဇီဝဆေး ယဉ်ပါးလာခြင်း အကြောင်းရင်းမှာ ပဋိဇီဝဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးတာ၊ ဆေးဆိုင်တွေကနေ အလွယ်တကူဝယ်ယူနိုင်တာ၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းတွေမှာ အလွန်အကျွံသုံးစွဲတာ၊ ပြည်သူတွေအကြားအသိပညာ အားနည်းတာတွေကြောင့် အဓိကဖြစ်ပွားတာလို့လည်း သိရပါတယ်။

တစ်ကမ္ဘာလုံးမှာ ပဋိဇီဝဆေးမတိုးတဲ့ ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းဟာ ၂၀၁၆ခုနှစ်မှာ ၇ သိန်းရှိခဲ့ပြီး ၂၀၅၀ မှာ သိန်း ၁၀၀ အထိ မြင့်တက်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ အခမ်းအနားကနေ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးစီမံကိန်း (၂၀၁၇ – ၂၀၂၂ )ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နည်းပညာပိုင်းကူညီပံ့ပိုးမှုနဲ့ အမျိုးသားပဋီဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကော်မတီဖွဲ့စည်းကာ နယ်ပယ်စုံ ဝန်ကြီးဌာနစုံက ပညာရှင်တွေနဲ့ ကဏ္ဍကြီး ငါးရပ်ခွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

စီမံကိန်းအကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ လူသားတွေစားသုံးနေတဲ့ တိရိစ္ဆာန်တွေမှာလည်း ပဋိဇီဝဆေးသုံးစွဲမှုများပြားတာကြောင့် တိရိစ္ဆာန်တွေနဲ့ဆက်စပ်ပြီးလည်းလုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း အစားအစာဘေးကင်းလုံခြုံရေးစီမံချက်တွေ လုပ်ဆောင်နေတဲ့အကြောင်းကို မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာမောင်မောင်က “အစားအစာဘေးကင်းလုံခြုံရေး စီမံချက်တွေလုပ်ဆောင်နေပါတယ်။အဲဒီကနေ လေ့လာတွေ့ရှိတဲ့အပေါ်မူတည်ပြီး ပဋိဇီဝဆေးတွေ သုံးစွဲမှုကို စနစ်တကျရှိဖို့၊ သုံးစွဲမှုတွေ လျှော့ချနိုင်ဖို့ ၊နောက်ပြီး စားသောက်တဲ့အစားအသောက်တွေထဲမှာ ပဋိဇီဝဆေးအကြွင်းအကျန်တွေ မပါအောင်လို့ကျနော်တို့က စီမံချက်တွေရေးစွဲဆောင်ရွက်နေပါတယ်။”လို့ ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေတာရှိသလို ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး အမျိုးသားအဆင့် လှုပ်ရှားမှုအစီအစဉ်တွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကို အတူတကွ ပူးပေါင်းတောင်ရွက်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ကနေ နားလည်မှုစာချွန်လွှာကို ၂၀၁၈ခုနှစ် ပဋိဇီဝဆေး အသိပေးရက်သတ္တပတ် ကျင်းပတဲ့နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

#voiceofmyanmar #မန္တလေး # ပဋိဇီဝဆေးယဉ်ပါးမှု #အန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW