ဟိန်းကို(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁) ၆၄လမ်းနဲ့ ချယ်ရီလမ်းထောင့်က သုဓမ္မသိဂီ င်္ဒေါ်အုန်းအမည်ပေါက်ခြံကို ဒီကနေ့မနက်ပိုင်းက လက်နက်ကိုင်ပြီး ခြံကိုဝင်ရောက်ကျူးကျော်နေတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန်ထိ အခင်းဖြစ်ပွားတဲ့နေရာမှာ ခြံပိုင်ရှင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိနေပြီး ခြံကိုကျုးကျော်ဝင်ရောက်သူတွေကလည်း ခြံထဲကနေ သတင်းလာယူတဲ့ သတင်းသမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဗီဒီယိုရိုက် မှတ်တမ်းရယူနေတာ ဖြစ်ပါတယ်။
Unicode
မန္တလေးမြို့မှာ လက်နက်ကိုင်ပြီး ခြံတစ်ခြံကို ဝင်ရောက်ကျူးကျော်နေထိုင်မှုဖြစ်ပွား
မန္တလေး၊ နိုဝင်ဘာ ၂၁-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁) ၆၄လမ်းနဲ့ ချယ်ရီလမ်းထောင့်က သုဓမ္မသိဂီ ၤဒေါ်အုန်းအမည်ပေါက်ခြံကို ဒီကနေ့မနက်ပိုင်းက လက်နက်ကိုင်ပြီး ခြံကိုဝင်ရောက်ကျူးကျော်နေတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
“ ကျွန်မတို့ခြံကို ဒီနေ့မနက်ပိုင်းက လူ၁၂ဦးဝန်းကျင်လောက်က ကျွန်မတို့ခြံခတ်ထားတဲ့အထဲကို သံဆူးကျော်ဖြဲပြီးတော့မှ ကျော်ဝင်ပါတယ်။ ဒုတ်တွေ ဓါးတွေပါတယ်၊ သေနတ်ကိုင်တဲ့လူက နှစ်ယောက်လောက်ပါတယ်၊ အစောင့်တစ်ယောက်ကျန်ခဲ့ပါတယ်၊ ကျွန်မတို့ခြံစောင့်ကို ဆွဲကြိုးဖြတ်တယ်၊ ထိုးကြိတ်ပြီးတော့ ခြံရဲ့ခတ်ထားတဲ့ သော့တွေကိုလည်းဖျက်ပစ်ပါတယ်၊ ခြံထဲမှာ တပ်ထားတဲ့ သုဓမ္မသိဂီ ၤဒေါ်အုန်းဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ပစ်ပါတယ်၊ ခြံထဲတပ်ထားတဲ့ CCTVတွေကိုလည်း ဖြုတ်ပစ်ပါတယ်၊ ကျွန်မတို့ခြံစောင့်ကိုလည်း ရိုက်နှက်ပြီးတော့ နှင်ထုတ်လိုက်တယ်၊ သေနတ်ကိုင်ထားတဲ့ နှစ်ယောက်ကလည်း ပြီးတော့ ထွက်သွားပါတယ်၊ ခြံထဲမှာလည်း သူတို့ရှိပါသေးတယ်၊ အထဲကနေ တံခါးကို သော့ပိတ်ထားပါတယ်”လို့ ခြံပိုင်ရှင်ရဲ့ သမီးဖြစ်သူက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပက်သက်ပြီး သက်ဆိုင်ရာနယ်မြေအမှတ်(၁၁)ရဲစခန်းကို ခြံပိုင်ရှင်တွေက သွားရောက်အမှုဖွင့်ရာ စခန်းမရှိလို့ အမှုဖွင့်မရတဲ့အတွက် ရဲစခန်းမှာ အချိန်ကြာကြာစောင့်ပြီး ပြန်ခဲ့ရတယ်လို့လည်း သိရပါတယ်။
“ ခု ဖြစ်စဉ်နေရာကို ရောက်လာတယ် အမှုသွားဖွင့်ပါလို့ပြောတယ်၊ ခုသူတို့က မဖွင့်သေးဘူး၊ ကျွန်တော်တို့က နှစ်ဦးနှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ လာခဲ့တာပဲရှိတယ်၊ သူတို့ပြောသလို ခြံထဲရောက်နေသူတွေကို သွားပြီးဆွဲထုတ်လို့ မရဘူး၊ တရားဥပဒေအတိုင်းပဲဆောင်ရွက်ပါလို့လည်း ကျွန်တော်က သူတို့ကိုပြောလိုက်တယ်”လို့ အမှတ်(၁၁)ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ အခင်းဖြစ်ပွားတဲ့နေရာမှာ ခြံပိုင်ရှင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိနေပြီး ခြံံကိုကျုးကျော်ဝင်ရောက်သူတွေကလည်း ခြံထဲကနေ သတင်းလာယူတဲ့ သတင်းသမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဗီဒီယိုရိုက် မှတ်တမ်းရယူနေတာ ဖြစ်ပါတယ်။
အခင်းဖြစ်ခြံက လက်ရှိ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ယခုလိုဖြစ်ပွားတာကို ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ ဆက်ပြီး မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
#voiceofmyanmar #မန္တလေး #လက်နက်ကိုင် #ကျူးကျော်
Related posts
Leave a Comment
VOM News
FREE
VIEW