ေဒါက္တာေအးေမာင္ကိုဥပေဒအရ အေရးယူတာနဲ႔ ဦးေဝွ႔တင္းကို AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္တာ ထပ္တူျပဳေျပာလို႔မရ

ရန္ကုန္ ၊ ႏိုဝင္ဘာ ၂၁-၂၀၁၉
သူရိန္(VOM)

ေဒါက္တာေအးေမာင္ကို ဥပေဒအရ အေရးယူတာနဲ႔ ဦးေဝွ႔တင္းကို AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္တာကို ထပ္တူျပဳ ေျပာလို႔မရဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္( NLD)ပါတီက ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန္႔က ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခမွ ဧရာဝတီသတင္းဌာနကို ေျဖၾကားရာမွာ “ကြၽန္ေတာ္ဦးေဝွ႔တင္းကိုထိန္းသိမ္းထားတာ ၂ပတ္ေတာင္မရွိ‌ေသးဘူး။ ေဒါက္တာေအးေမာင္ကို ေထာင္အႏွစ္၂၀ ေတာင္ခ်ထားတာ။ အဲတာကို ခင္ဗ်ားတို႔လဲ ခ်င့္ခ်ိန္ၾကည့္ေပးပါ။ ေဒါက္တာေအးေမာင္ကို ဒီလိုျပစ္ဒဏ္ခ်မွတ္တာက ရခိုင္ျပည္သူတစ္ရပ္လုံးရဲ႕ ရင္ထဲမွာဘယ္လိုခံစားရမလဲလို႔” ေျဖၾကားထားတဲ့အေပၚ ေဒါက္တာမ်ိဳးညြန္႔ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က NLD အမတ္မွမဟုတ္ပါဘူး။ တျခားဘယ္ပါတီရဲ႕အမတ္ ျပည္ခိုင္ၿဖိဳးအမတ္ကို ထိန္းသိမ္းရင္လည္း ဒီလိုပဲ အလားတူ တုန္႔ျပန္သြားမယ္လို႔ ေျပာခ်င္ပါတယ္။ အျပန္အလွန္ေျပာဆိုရမဲ့ကိစၥမဟုတ္ပါဘူး။ လူသားခ်င္းစာနာမႈအရ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးက်င့္ဝတ္အရ လုပ္သင့္လုပ္ထိုက္တာကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြက လုပ္ဖို႔ပဲျဖစ္ပါတယ္။ ေဒါက္တာေအးေမာင္က ဒီတရားဝင္ ဥပေဒခုံ႐ုံးမွာ စနစ္တက်စစ္ေဆးခြင့္ရပါတယ္။ ခုခံေခ်ပခြင့္ရပါတယ္။ လက္ရွိတည္ဆဲဥပေဒေတြအရ အျပစ္ရွိေၾကာင္းထင္ရွားတဲ့အတြက္ ဥပေဒနဲ႔အညီအေရးယူထားတာပါ။ ဦးေဝွ႔တင္းကိုက်ေတာ့ လက္နက္အင္အားသုံးၿပီးေတာ့ ဖမ္းဆီးေခၚေဆာင္သြားတာျဖစ္ပါတယ္။ ဒါကိုထပ္တူျပဳၿပီး ေျပာလို႔ မရပါဘူး”လို႔ NLDပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန္႔က ေျပာပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ခ်င္းတိုင္းရင္းသားအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကို ျပင္းထန္စြာကန္႔ကြက္ရႈတ္ခ်ေၾကာင္း အေရးႀကီးအဆိုတစ္ရပ္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက တင္သြင္းခဲ့ၿပီးျဖစ္ပါတယ္။

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔ကို ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁၅ ရက္ ရေသ့ေတာင္ၿမိဳ႕နယ္မွာျပဳလုပ္ခဲ့တဲ့ ရခိုင္ဘုရင့္ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာက်ဆုံးတဲ့ ၂၃၃ ႏွစ္ေျမာက္ အထိမ္းအမွတ္ စာေပေဟာေျပာပြဲမွာေျပာဆိုခဲ့တဲ့ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီးတရားစြဲဆိုခံရကာ ၂၀၁၉ မတ္လမွာ ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၂ နဲ႔ေထာင္ဒဏ္အႏွစ္(၂၀)၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ) ေထာင္ဒဏ္ (၂) ႏွစ္ျပစ္မႈႏွစ္ရပ္လုံးကို တေပါင္းတည္းက်ခံေစၿပီး အႏွစ္ (၂၀) ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ခ်င္းျပည္နယ္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ႏိုဝင္ဘာ ၃ ရက္က AAအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားရာ ယေန႔အထိ ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ဦးေဝွ႔တင္း #ေဒါက္တာေအးေမာင္

Unicode

ဒေါက်တာအေးမောင်ကိုဥပဒေအရ အရေးယူတာနဲ့ ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်တာ ထပ်တူပြုပြောလို့မရ

ရန်ကုန် ၊ နိုဝင်ဘာ ၂၁-၂၀၁၉
သူရိန်(VOM)

ဒေါက်တာအေးမောင်ကို ဥပဒေအရ အရေးယူတာနဲ့ ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်တာကို ထပ်တူပြု ပြောလို့မရဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ဧရာဝတီသတင်းဌာနကို ဖြေကြားရာမှာ “ကျွန်တော်ဦးဝှေ့တင်းကိုထိန်းသိမ်းထားတာ ၂ပတ်တောင်မရှိ‌သေးဘူး။ ဒေါက်တာအေးမောင်ကို ထောင်အနှစ်၂၀ တောင်ချထားတာ။ အဲတာကို ခင်ဗျားတို့လဲ ချင့်ချိန်ကြည့်ပေးပါ။ ဒေါက်တာအေးမောင်ကို ဒီလိုပြစ်ဒဏ်ချမှတ်တာက ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲမှာဘယ်လိုခံစားရမလဲလို့” ဖြေကြားထားတဲ့အပေါ် ဒေါက်တာမျိုးညွန့်ကပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က NLD အမတ်မှမဟုတ်ပါဘူး။ တခြားဘယ်ပါတီရဲ့အမတ် ပြည်ခိုင်ဖြိုးအမတ်ကို ထိန်းသိမ်းရင်လည်း ဒီလိုပဲ အလားတူ တုန့်ပြန်သွားမယ်လို့ ပြောချင်ပါတယ်။ အပြန်အလှန်ပြောဆိုရမဲ့ကိစ္စမဟုတ်ပါဘူး။ လူသားချင်းစာနာမှုအရ ကျွန်တော်တို့ နိုင်ငံရေးကျင့်ဝတ်အရ လုပ်သင့်လုပ်ထိုက်တာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒေါက်တာအေးမောင်က ဒီတရားဝင် ဥပဒေခုံရုံးမှာ စနစ်တကျစစ်ဆေးခွင့်ရပါတယ်။ ခုခံချေပခွင့်ရပါတယ်။ လက်ရှိတည်ဆဲဥပဒေတွေအရ အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် ဥပဒေနဲ့အညီအရေးယူထားတာပါ။ ဦးဝှေ့တင်းကိုကျတော့ လက်နက်အင်အားသုံးပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါကိုထပ်တူပြုပြီး ပြောလို့ မရပါဘူး”လို့ NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ချင်းတိုင်းရင်းသားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ရသေ့တောင်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးတဲ့ ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲမှာပြောဆိုခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတရားစွဲဆိုခံရကာ ၂၀၁၉ မတ်လမှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ထောင်ဒဏ်အနှစ်(၂၀)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ထောင်ဒဏ် (၂) နှစ်ပြစ်မှုနှစ်ရပ်လုံးကို တပေါင်းတည်းကျခံစေပြီး အနှစ် (၂၀) ချမှတ်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို နိုဝင်ဘာ ၃ ရက်က AAအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ဦးဝှေ့တင်း #ဒေါက်တာအေးမောင်

Related posts

Leave a Comment

VOM News

FREE
VIEW