YMBA အသင္း႐ုံးခ်ဳပ္ ျပန္လည္တည္ေဆာက္ေရး တပ္မေတာ္နဲ႔မသက္ဆိုင္

ရန္ကုန္၊ႏိုဝင္ဘာ ၂၂-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ဗုဒၶကလ်ာဏယုဝအသင္းခ်ဳပ္ရံုး(YMBA) ျပန္လည္တည္ေဆာက္ေရးမွာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ တည္ ေဆာက္သြားမွာျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္နဲ႔မသက္ဆိုင္ဘူးလုိ႔ အသင္းတြဲဖက္ဥကၠဌ ဦးစိန္သန္း ကေျပာပါတယ္။

YMBA အသင္းရံုးႀကီး ျပန္လည္တည္ေဆာက္ေရးမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ထံတင္ျပထားၿပီး တပ္ခ်ဳပ္က ျပန္လည္တည္ေဆာက္ေပးမယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာတဲ့အတြက္ ခုလို ျငင္းဆိုလိုက္တာျဖစ္တယ္လုိ႔ သိရပါတယ္။

“YMBAအသင္းကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကမ္းလွမ္းတာမရွိပါဘူး။ အသင္းအမႈေဆာင္မ်ား ရဲ႕အလႉခံနဲ႔ေဆာက္မွာ။ကြၽန္ေတာ္တို႔တပ္မေတာ္နဲ႔မပတ္သက္ပါဘူး။ ကြၽန္ေတာ္တို႔အလႉခံနဲ႔ေဆာက္လုပ္မွာ ျဖစ္ပါတယ္။” လို႔ YMBAအသင္းတြဲဖက္ဥကၠဌ ဦးစိန္သန္းကေျပာပါတယ္။

ရန္ကုန္တိုင္း၊ ပုဇြန္ေတာင္ၿမိဳ႕နယ္က YMBA အသင္းခ်ဳပ္႐ုံးအေနနဲ႔ ႏွစ္ေပါင္း၈၀ ေက်ာ္ သက္တမ္း ၾကာျမင့္ေနၿပီျဖစ္ကာ အေဆာက္အဦးမွာ ခါးလယ္ကေန က်ိဳးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

YMBAအသင္းရံုးကို ပိုင္ဆိုင္မႈ အေထာက္အထားအတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွာ ေလွ်ာက္ထားၿပီး ယခုႏိုဝင္ဘာလကုန္ မွာ ဂရံရရွိေတာ့မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ႏိုဝင္ဘာလ ၂၁ရက္က YMBA အသင္းကဦးေဆာင္က်င္းပတဲ့ ၉၉ႏွစ္ေျမာက္အမ်ိဳးသားေအာင္ပြဲေန႔၊ ၂၁ႀကိမ္ေျမာက္ ျမန္မာစာထူးခြၽန္ဆုေပးပြဲ၊ ၃၃ႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ပြဲကို ေ႐ႊတိဂုံဘုရားပတ္လမ္းက တပ္မေတာ္ဓမၼာ႐ုံမွာ က်င္းပျပဳလုပ္ခြင့္ကိုလညး္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။

ယခုႏွစ္ေအာက္တိုဘာလအတြင္းကလည္း ပုဇြန္ေတာင္ၿမိဳ႕နယ္က YMBA အသင္း႐ုံးကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိွဳင္ လာေရာက္ေလ့လာခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #YMBA #တပ္မေတာ္

Unicode

YMBA အသင်းရုံးချုပ် ပြန်လည်တည်ဆောက်ရေး တပ်မတော်နဲ့မသက်ဆိုင်

ရန်ကုန်၊နိုဝင်ဘာ ၂၂-၂၀၁၉
ချမ်းငြိမ်း(VOM)

ဗုဒ္ဓကလျာဏယုဝအသင်းချုပ်ရုံး(YMBA) ပြန်လည်တည်ဆောက်ရေးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည် ဆောက်သွားမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီချုပ်နဲ့မသက်ဆိုင်ဘူးလို့ အသင်းတွဲဖက်ဥက္ကဌ ဦးစိန်သန်း ကပြောပါတယ်။

YMBA အသင်းရုံးကြီး ပြန်လည်တည်ဆောက်ရေးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံတင်ပြထားပြီး တပ်ချုပ်က ပြန်လည်တည်ဆောက်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ခုလို ငြင်းဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“YMBAအသင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ်းလှမ်းတာမရှိပါဘူး။ အသင်းအမှုဆောင်များ ရဲ့အလှူခံနဲ့ဆောက်မှာ။ကျွန်တော်တို့တပ်မတော်နဲ့မပတ်သက်ပါဘူး။ ကျွန်တော်တို့အလှူခံနဲ့ဆောက်လုပ်မှာ ဖြစ်ပါတယ်။” လို့ YMBAအသင်းတွဲဖက်ဥက္ကဌ ဦးစိန်သန်းကပြောပါတယ်။

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က YMBA အသင်းချုပ်ရုံးအနေနဲ့ နှစ်ပေါင်း၈၀ ကျော် သက်တမ်း ကြာမြင့်နေပြီဖြစ်ကာ အဆောက်အဦးမှာ ခါးလယ်ကနေ ကျိုးနေပြီဖြစ်တယ်လို့ သိရပါတယ်။

YMBAအသင်းရုံးကို ပိုင်ဆိုင်မှု အထောက်အထားအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ လျှောက်ထားပြီး ယခုနိုဝင်ဘာလကုန် မှာ ဂရံရရှိတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၂၁ရက်က YMBA အသင်းကဦးဆောင်ကျင်းပတဲ့ ၉၉နှစ်မြောက်အမျိုးသားအောင်ပွဲနေ့၊ ၂၁ကြိမ်မြောက် မြန်မာစာထူးချွန်ဆုပေးပွဲ၊ ၃၃ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ရွှေတိဂုံဘုရားပတ်လမ်းက တပ်မတော်ဓမ္မာရုံမှာ ကျင်းပပြုလုပ်ခွင့်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အောက်တိုဘာလအတွင်းကလည်း ပုဇွန်တောင်မြို့နယ်က YMBA အသင်းရုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်လေ့လာခဲ့သေးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #YMBA #တပ်မတော်

Related posts

Leave a Comment

VOM News

FREE
VIEW